cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဝဥစိုက်ပျိူး ဝင်ငွေတိုး”

. စိုက်ပျိုးနည်းစနစ်များ
မိုးအမီ ဝဥ စိုက်ပျိုးကြပါစို့

  • ➤မူရင်းဒေသ

    ဝဥ၏ မူရင်းဒေသမှာ အရှေ့တောင်အာရှဒေသဖြစ်ပြီး အပူပိုင်းအာရှဒေသနှင့် အာဖရိကဒေသများတွင် သဘာဝအလျောက် ပေါက်ရောက်ကြပါတယ်။ မြန်မာနိုင်ငံတွင် တောင်ပေါ်ဒေသများနှင့် ရန်ကုန်-ပြည် တစ်ကြော၊ ရန်ကုန်- မန္တလေးကြား၊ ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးနှင့် တနင်္သာရီဒေသများတွင် သဘာဝအလျောက်ပေါက်ရောက်လျက်ရှိကြပါတယ်။ ကမ္ဘာမှာ ဝဥမျိုးပေါင်း ၁၃၀ ကျော်ရှိပြီး ၁၂ မျိုး ခန့်ကိုသာ လူတို့အတွက် အသုံးပြုလျက်ရှိပါတယ်။

    ➤မျိုးယူခြင်း

    ၃၀ ကျပ်သားရှိ ဥများကို တိုက်ရိုက်ချ၍ စိုက်ပျိုးခြင်း။

    ၁ ပိဿာခန့်ရှိ ဥများကို ၄ စိတ်အညီ ခွဲခြမ်း၍ စိုက်ပျိုးခြင်း။

    ပန်းခိုင်မှ ရရှိသော မျိုးစေ့များကို သဲအစိုဘောင်ဖြင့် စိုက်ပျိုးခြင်း။

    မြေကြီးထဲမှ ပင်မ ဥမကြီးမှ အဖုများကို ဖဲ့၍ စိုက်ပျိုးခြင်း။

    အရွက်မှအသီးများကို ပျိုးထောင်၍ စိုက်ပျိုးခြင်း။

    ➤စိုက်ပျိုးရန် မြေပြုပြင်ခြင်း

    ခြုံနွယ်၊ ပေါင်းမြက်များရှင်းလင်းပြီး ထယ်တစ်လွှာ ထွန် ၂ လွှာ ထွန်ရပါမယ်။ ထို့နောက် စိုက်တန်း၊ စိုက်ကျင်းများ ပြင်ရပါမယ်။

    စိုက်ပျိုးခြင်း

    တန်းကြား ၄ ပေ၊ ပင်ကြား ၂ ပေ ထား၍ စိုက်ပါ။ တစ်ဧကလျှင် ၅၄၄၅ ပင် ဝင်အောင်စိုက်သင့်ပါတယ်။

    ➤မြေချခြင်း

    မိုးဦးရာသီမေလမှာ စတင်စိုက်ပျိုးသင့်ပါတယ်။ ၆ လက္မပတ်လည် စိုက်ကျင်းပြင်ပြီး အပေါ်ယံမြေ ၂- ၃ လက္မ ခန့် မြေဖုံးရုံ စိုက်ပျိုးနိုင်ပါတယ်။ မြေကြီးထဲ လွန်စာ နစ်မြုပ်အောင်မစိုက်ရပါဘူး။

    ➤အပင်ပြုစုခြင်း

    အညွှန့်ထွက်ပြီး မြေပေါ်အပင်ပိုင်းကြီးထွားလာလျှင် ပေါင်းသင်မြေဆွ ဘောင်လုံးပေးရပါမယ်။ ရေမဝပ်ရန် အထူးဂရုစိုက်ဖို့လိုပါမယ်။ အရိပ်မရှိပါက ဖြစ်နိုင်ရင် အရိပ် ၆၀ % ရအောင်ဆောင်ရွက်ပေးသင့်ပါတယ်။

    ➤ရိတ်သိမ်းခြင်း

    ဆောင်းဦးရာသီ၊ နိုဝင်ဘာ- ဒီဇင်ဘာလ တွင် မြေပေါ်ပင်ပိုင်းညှိုးခြောက်သွားချိန်၌ တူးဖေါ်ရိတ်သိမ်းရပါမယ်။ ရိတ်သိမ်းချိန်တွင် ဥများထိခိုက်ဒါဏ်ရာမရစေရန် ဂရုစိုက်ရပါမယ်။ တစ်ဧက စိုက်ပါက ဝဥအစို ၁၀ တန်မှ ၁၅ တန် အထိရနိုင်ပါတယ်။ တူးဖော်ပြီး ၃ ရက်ထက်ပို၍ အခြောက်ခံမထားသင့်ပါ။ အရိပ်ရသော လေသလပ်ရာနေရာတွင် သိုလှောင်ထားရပါမယ်။ အခြောက်ခံပါက ဝဥအခြောက် တန် ၂ တန်မှ ၃ တန် ရနိုင်ပါတယ်။

    ကိုးကာချက်။။ စိုက်ပျိုးရေးဦးစီးဌာန။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://bit.ly/htwettoev2


  • article
likes8comments0
views708views4600