cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကွမ်းစိုက်တောင်သူတို့ သတိထားရမယ့် မိုးရာသီတွင်အဖြစ်များသောကွမ်းရောဂါများ(အပိုင်း -၁)

. ရောဂါ
ကွမ်းစိုက်တောင်သူတို့ သတိထားရမယ့် မိုးရာသီတွင်အဖြစ်များသောကွမ်းရောဂါများ(အပိုင်း -၁)
  • ယခုလို မိုးတွင်းကာလမှာ ဆိုရင် ကွမ်းစိုက်တောင်သူတို့ ဗျာများရလေ့ရှိတတ်ပါတယ်၊ ဘာကြောင့်လည်းဆိုတော့ မိုးရာသီမှာ ဆိုးဆိုးရွားရွားဖြစ်ပေါ်တတ်တဲ့ ကွမ်းရောဂါတွေကြောင့်ပဲဖြစ်ပါတယ်

    ကွမ်းရောဂါတွေဟာ ဘာတွေကြောင့်အဖြစ်များသလဲဆိုရင် ဘက်တီးရီးယား ၊မှိုနဲ့ အင်းဆက်ပိုး‌မွှားတွေကြောင့် အဖြစ်များပါတယ် ။ ထွက်တိုးရဲ့ အမေးအဖြေ ကဏ္ဍမှာလည်း ကွမ်းရောဂါနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေ အမေးများလာတာမို့

    ဒီတစ် ပတ်မှာတော့ မှိုနဲ့ ဘက်တီးရီးယားကြောင့် မိုးရာသီမှာ အဖြစ်များတဲ့ ကွမ်းရောဂါတွေကို စုစည်းတင်ပြလိုက်ရပါတယ်။

    ဒီတော့ မိုးရာသီမှာ ဘယ်လိုရောဂါတွေက ကွမ်းပင်ကို ဆိုးဆိုးရွားရွားဒုက္ခပေးနေသလဲဆိုတာ အဆုံးထိဖတ်လိုက်ကြရအောင်

    ပထမဆုံးက တစ်ခုက တော့

    (၁)ပင်ခြေပုပ်ရောဂါ (ခေါ်) ဒေါင်းမြီးကွက်ရောဂါ(Phytophthora Leaf Spot)

    ဒီရောဂါဟာဆိုရင် မိုးရာသီမှာဆိုးဆိုးရွားရွားဖြစ်ပေါ်တတ်ပြီး နွေရာသီမှာဖြစ်လေ့ဖြစ်ထမရှိပါ။ရောဂါပိုးဟာ ရောဂါရပင်ကြွင်းပင်ကျန်‌ တွေမှာရော၊ မြေထဲမှာ‌ရော ခိုအောင်းပြီးကွမ်းပင်သစ်တွေကို ရောဂါဖြစ်စေပါတယ်၊ တချို့သောပေါင်းပင်တွေက ဒီရောဂါကိုဖြစ်စေတဲ့ လက်ခံလွှဲပင်တွေဖြစ်ကြပါတယ်

    ဒီရောဂါကျနေပြီဆိုတာကိုဘယ်လိုသိနိုင်မလဲ...???

    ဒေါင်းမြီးကွက်ရောဂါလို့ လူသိများတဲ့ ဒီရောဂါဟာ ပင်ခြေပိုင်း၊ ပင်ပေါ်ပိုင်းတွင် ဖြစ်လေ့ရှိပြီး ပင်ပေါ်ပိုင်းအရွက်များတွင် ရောဂါလက္ခဏာကို မြင်သာတဲ့အတွက်ကြောင့် ဒေါင်းမြီးကွက်ရောဂါလို့ အမည်တပ်ကြပါတယ်။ ယင်းအနာကွက်တွေဟာရွက်သားမှာဖြစ်ပေါ်တာထက် ပင်မရွက်ကြောတလျောက်မှာ ဖြစ်ပေါ်ပြီး လျင်မြန်စွာတိုးချဲ့ပြန့်ပွားသွားတတ်ပါတယ်။ အရွက်အပေါ်တွင် အညိုရင့်ရောင်တစ်ရစ်၊အညို ဖျော့ရောင်တစ်ရစ် ထပ်နေတဲ့ ဗဟိုတူစက်ဝိုင်းပုံအနာကွက်အဖြစ်တွေ့မည်ဖြစ်ပြီး အနာကွက်မှာ ကြီးမှားကျန်ပြန့ပြီး ငှင်း နေရာတစ်ဝိုက်မှာ ရိသွားတဲ့အတွက်ကြောင့် ဈေးကွက်မဝင်နိုင်တော့ပါ။ ဒေါင်းမြီးကွက်လို သဏ္ဍာန်တူပြီးအရွက်အထက်ပိုင်းကိုပျံ့နှံ့လာသလို ရွက်ရိုးတံ ပင်စိတို့ကိုပါဆွေးပုပ်သွားစေတဲ့အတွက်ကြောင့် ဒေါင်းမြီးကွက်ရောဂါလို့ လူသိများရခြင်းဖြစ်ပါတယ်။ အပင်ရဲ့အပေါ်ပိုင်းအရွက်များတွက်ရောဂါစကျပါက တစ်ပင်လုံး ရောဂါပြန့်နှံ့သွားနိုင်ပါတယ်။

    ပင်ခြေပိုင်းကိုလည်း ရောဂါပိုးတိုက်ခိုက်နိုင်ပါတယ်။ အထူးသဖြင့် မြေနဲ့ တပြေးညီရှိတဲ့ ပင်စည်နဲ့ မြေပြင်အောက်နားပင်စည်တွေမှာ ရောဂါကျရောက်တိုက်ခိုက်လေ့ရှိပါတယ်။ ပထမဆုံး ရောဂါကျရောက်တဲ့နေရာမှာ ရေစိုနာကွက်လို အညိုရောင်အကွက်တွေ စတင်ဖြစ်ပေါ်လာပါမယ်၊ လငှင်းအကွက်ဟာ ပစ်စည်တစ်ပတ်လည်လည်း ဖြစ်ပေါတတ်ပါတယ်။ မကြာခင်မှာ အမည်းရောင်ကိုပြောင်းသွားပြီး အပင်အပေါ်ပိုင်းကလည်း ညိုးနွမ်း ငိုက်ကျလာကာ အရွက်များတွန့်ရှုံ့၍အပင်သေဆုံးသွားနိုင်ပါတယ်။ပင်ခြေပိုင်း ဆွေးပုပ်ပြီးအမြစ်များသည် ပျက်စီးကုန်သဖြင့် အလွယ်တကူနုတ်ယူနိုင်ပါတယ်။အပင်သေဆုံချိန်မှာ ညိုးမည်းကွက်တွေဟာ ပင်စည်အပေါ်ပိုင်း(၃-၄)ဆစ်ထိ ကူးစက်ပျံ့နှံ့နေတာကို တွေရမှာဖြစ်ပါတယ်။

    ဤရောဂါဖြစ်စေ‌တဲ့ မှိုဟာ (၂၀-၃၀) ဒီဂရီစင်တီဂရိတ်မှာ အကောင်းဆုံးကြီးထွားပြီး (၄၈)ဒီဂရီစင်တီဂရိတ်မှာ သေဆုံးကြပါတယ်။

    ဒေါင်းးမြီးကွက်ရောဂါကျရောက်ပြီဆိုရင် ဘယ်နှိမ်းနှင်းနိုင်မလဲ...???

    - မိုးရာသီမှာ နိုက်ထရိုဂျင် ဓာတ်မြေဩဇာများများကျွေးတာကိုရှောင်ပါရပါမယ်။

    -ပိုတက်ရှ်မြေဩ‌ဇာကို မကြာခဏ ကျွေးးပေးရပါမယ်။

    -ရောင်းတမ်းဝင်အရွက်များ ခူးနေစဉ်မှာ ရောဂါရအရွက်တွေကိုပါလခူးဆွတ်တာမျိုးကိုလည်းရှောင်ရှားရပါမယ်။

    -ရောဂါရအရွက်တွေကို သီးသန့်ခူးပြီး ခြံနဲ့ဝေးရာမှာ မြေနက်နက် (၃)ပေတူးပြီး ချက်ချင်းမြုပ်ပစ်ရပါမယ်။

    -ရေမဝပ်စေရန်ရေနုတ်စနစ် သေချာစွာပြုပြင်ထားပြီး ရေဝပ်တဲ့အခါမှာ ချက်ချင်းဖောက်ထုတ်ပစ်ရပါမယ်။

    - အလင်းရောင်ရအောင် အမိုးအကာတွေကိုလှပ်ထားပေးရပါမယ်။

    - ဘောဒိုဆေးရည် (၂:၂:၅၀)ကို ကွမ်းပင်များစိုက်ပျိုးပြီးအပင်လှန်သည်အချိန် (၁၅)ရက်အကြာတွင် တကြိမ်၊ မိုးရာသီ မဝင်မှီတကြိမ်၊ ဇွန်လမှစ၍ စက်တင်ဘာလထိ တစ်လ တစ်ကြိမ်နှုန်း ဖျန်ဖြန်ပေးရပါမယ်။

    မိုးရာသီမှာ နောက်ထက်အဖြစ်များတဲ့ ရောဂါတခုကတော့

    (၂) ဘက်တီးရီးယာ ရွက်ပြောက်ရောဂါ‌ (ခေါ်) ဆီစွန်းရောဂါ (ခေါ်)ရိုးမဲဆစ်ပြုတ်ရောဂါ( Bacterial Leaf Spot)

    ဒီရောဂါကတော့ မှိုကြောင့်မဟုတ်ဘဲ ဘက်တီးရီးယားကြောင်ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။မိုးရာသီမှာ ရောဂါကူးစက်ပျံ့နှံ့မှု လျင်မြန်ပြီး ပြင်းထန်လေ့ရှိတဲ့အတွက် ကွမ်းစိုက်တောင်သူတို့ အထူးသတိထားရမယ့်ရောဂါလည်းဖြစ်ပါတယ်။

    ဒီရောဂါကျရောက်ရင် ဘယ်လိုလက္ခဏာတွေတွေ့ရမလဲ......?

    အရွက်ပေါ်တွင် အဝါရောင် ဆီစွန်းပြောက်၊ အကွက်အဖြစ် စတင်တွေ့ရတတ်ပါတယ်။ အနာကွက်ကျယ်ပြန့်လာပြီး ပုံသဏ္ဍာန်မမှန်တဲ့အနာကွက်ကြီးဖြစ်လာကာ အညိုရင့်ရောင်ပြောင်းသွားပြီး နောက်ဆုံးမှာ ခြောက်သွားပါတယ်။ အညိုရောင် အနာကွက်ဘေးမှာ အဝါရောင်အရစ်နဲ့ ဝိုင်ရံထားတာဖြစ်တဲ့အတွက် ဒီအချက်က ဒေါင်းမြီးကွက်ရောဂါနဲ့ မတူတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ရိုးမဲရောဂါဟာ ကြာလာပါက အနာကွက်အလယ်သားဟာ ကြွေကျပြီး အပေါက်ကြီး ဖြစ်သွားပါလိမ့်မယ်။

    ဘက်တီးရီးယားများပင်စည်ကို ကူးစက်ပြီးနောက် အဆစ်ကြားပိုင်း အရိုးပေါ်နဲ့ အဆစ်နေရာတွေဟာ အညိုရင့်ရောင် (သို့) အနက်ရောင်အနာကွက်တွေအဖြစ်‌ တွေ့ရတဲ့အတွက် ရိုးမဲရောဂါ လို့လည်းခေါ်ကြပါတယ်။

    ပင်စည်တွင်ကျရောက်ပါက အဆစ်တွေဟာ ဆွေးပြီးအလွယ်တကူ ပြုတ်ထွက်တဲ့အတွက်ကြောင့်မို့ ဆစ်ပြုတ်ရောဂါဟုလည်း ထပ်မံခေါ်ကြပါတယ်။

    ဆီစွန်း၊ရိုးမဲ၊ ဆစ်ပြုတ်ရောဂါတွေကို ရောဂါတစ်ခုဆီလိုထင်တတ်ကြပါတယ်၊ တကယ်တော့ ဘက်တီးရီးယားတမျိုးတည်းကြောင့်ဖြစ်ပေါ်တဲ့ ရောဂါဖြစ်ပြီး ဖြစ်ပေါ်တဲ့နေရာပေါ်မှာမူတည်ပြီ အမည်ကွဲသွားရခြင်းဖြစ်ပါတယ်။ ရောဂါဟာ အပင်ခြေကို ရောက်ပြီဆိုရင်တော့ ရုတ်တရက်တစ်ပင်လုံး ညိုးသေသွားနိုင်ပါတယ်။ နိုက်ထရိုဂျင်များတဲ့ ဓာတ်မြေဩဇာသုံးထားပါက ပိုမိုဆိုးရွားနိုင်ပါတယ်။

    ရောဂါကျရောက်ပြီဆိုရင် ဘယ်လိုနှိမ်းနှင်းနိုင်မလဲ...???

    - မိုးရာသီမှာ နိုက်ထရိုဂျင် ဓာတ်မြေဩဇာများများကျွေးတာကိုရှောင်ပါရပါမယ်။

    -ပိုတက်ရှ်မြေဩ‌ဇာကို မကြာခဏကျေးပေးရပါမယ်။

    -ရောင်းတမ်းဝင်အရွက်များ ခူးနေစဉ်မှာ ရောဂါရအရွက်တွေကိုပါလခူးဆွတ်တာမျိုးကိုလည်းရှောင်ရှားရပါမယ်။

    -ရောဂါရအရွက်တွေကို သီးသန့်ခူးပြီး ခြံနဲ့ဝေးရာမှာ မြေနက်နက် (၃)ပေတူးပြီး ချက်ချင်းမြုပ်ပစ်ရပါမယ်။

    -ရေမဝပ်စေရန်ရေနုတ်စနစ် သေချာစွာပြုပြင်ထားပြီး ရေဝပ်တဲ့အခါမှာ ချက်ချင်းဖောက်ထုတ်ပစ်ရပါမယ်။

    - အလင်းရောင်ရအောင် အမိုးအကာတွေကိုလှပ်ထားပေးရပါမယ်။

    - ဘော်ဒိုဆေး (၂:၂:၅၀) ကို အပင်တွင်ဖျန်းပေးရပါမယ်။

    - (သို့မဟုတ်) ဆေးအဆိပ် ထရိုင် ဘေ့ဇစ် ကော့ပါးဆာလ်ဖိတ် ပါတဲ့ ဘက်တီးရီးယား ဆေးကိုအဆုံးပြုနိုင်ပါတယ်။

    တတိယ‌ ရောဂါတစ်ခုအနေနဲ့ကတော့..…...

    (၃)အမြစ်ဆွေးရောဂါ( Root Rot)

    ဒီရောဂါဟာဆိုရင် မိုးအကုန် ဆောင်းအကူး အောက်တိုဘာနဲ့ နိုဝက်ဘာလတွေမှာ အဖြစ်များတတ်ပါတယ်။ ပြင်းထန်စွာကျရောက်ပါက ကွမ်းပင် (၅၀)ရာခိုင်နှုန်းထိ ပျက်စီးဆုံးရှုံးနိုင်ပါတယ်။ ဒီရောဂါဟာ ကွမ်းပင်ရဲ့ အမြစ်တွေကို အဓိက ထားပြီး ကျရောက်ဖျက်စီးတတ်ပါတယ်။

    ရောဂါလက္ခဏာက ဘာတွေလည်း..???

    ကွမ်းပင်အခြေနဲ့ မြေအောက်အမြစ်အစိတ်အပိုင်းတွေကို တိုက်ခိုက်တဲ့အတွက် ပင်ခြေရှိပင်စီ၌ ရောဂါများရစ်ပတ်၍ ဖြစ်ပေါ်ပြီး တစ်သျှူးသားများဟာ အရောင်မည်းသွားပါတယ် အမြစ်တွေဟာ နီကျင်ကျင်အရောင်ကိုကူးပြောင်းသွားပြီး ပျက်စီးသွားပါတယ်။ ပင်ခြေနဲ့အမြစ်တွေကို အဓိကထား တိုက်ခိုက်တဲ့အတွက်ကြောင့် ကွမ်းရွက်တွေဟာ အရောင်ဖျော့ပြီး ငိုက်ကျလာပါတယ်။

    ဘယ်လိုကာကွယ်နှိမ်နင်းရမလဲ.......????

    Phytophthora ရောဂါကာကွယ်နည်းအတိုင်း ကာကွယ်နှိမ်နှင်းနိုင်သော်လည်း ဤရောဂါဖြစ်စေတဲ့မှိုကို ဘောဒိုဆေးရည် တမျိုးတည်းနဲ့ မနှိမ်နှင်းနိုင်ပါ။ ဆေးအဆိပ် မန်ကိုဇက် ၈၀% (သို့မဟုတ်) မန်ကိုဇက် ၄၆% + မက်တာလဇီ ၈% ပါတဲ့ မှ်ိုသတ်ဆေးများကိုအသုံးပြုနှိမ်နှင်းနိုင်ပါတယ်။

    ဒါကတော့ မိုးရာသီမှာ အဖြစ်များပြီး ကွမ်းစိုက်တောင်သူတို့ သတိထားရမယ့် ကွမ်းရောဂါ သုံးမျိုးကို လေ့လာတင်ပြပေးသွားတာဖြစ်ပါတယ်။

    နောက်ထပ်ကွမ်းရောဂါများ ရှိသေးနိုင်သလို၊ အင်းဆက်တွေကြောင်ဖြစ်တဲ့ဖြစ်တဲ့ ပိုးရောဂါတွေလည်း ရှိသေးပါတယ်။ ဒီအကြောင်းကိုတော့ အပိုင်း (၂) အနေနဲ့ ဆက်လက်ရေးသား ပေးသွားမှာဖြစ်ပါတယ်။

    ရောဂါပိုးမွှားများကင်းစင်ပြီး အထွက်နှုန်းတိုးစေရန်ဆန္ဒပြုရင်း

    တောင်သူဦးကြီးများကိုအစဉ်လေးစားလျက်

    စုသီရိထွေး (စိုက်ပျိုးရေးတက္ကသိုလ်)

    -----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
  • article
  • article
  • article
likes17comments1
views309views4829