cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်ပနိုင်ငံသို့ မြန်မာဆန်တင်ပို့မှုမြင့်တက်လာနိုင်ဟု ဆို

. ဈေးကွက်
အရည်အသွေးကောင်းတဲ့ တန်း မြင့်ဆန်တွေကိုပဲ တင်ပို့ဖို့ပြင်ဆင် ထားပါတယ်´´
  • အိန္ဒိယနိုင်ငံမှာ ဆန်ဈေးမြင့် တက်မှုကို ထိန်းချုပ်နိုင်ရန် ပြည်ပ တင်ပို့မှုပိတ်ပင်လိုက်ပြီးနောက် ကမ္ဘာ့ဆန်တင်ပို့မှုဈေးကွက်အတွင်း ဈေးကွက်ဝေစုပိုမိုရရှိလာနိုင်ကြောင်း ဆန်ပို့ကုန်သမားများက သုံးသပ် ထားသည်။

    `` ကျွန်တော်တို့အခွင့်ကောင်း ရယူဖို့ မျှော်လင့်ထားပါတယ်။ အရည်အသွေးကောင်းတဲ့ တန်း မြင့်ဆန်တွေကိုပဲ တင်ပို့ဖို့ပြင်ဆင် ထားပါတယ်´´ ဆန်စပါးအသင်း ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်အောင်က ပြော သည်။

    ကမ္ဘာ့ဈေးကွက်ထဲတွင် ထိုင်း နှင့်ဗီယက်နမ်ဆန်ဈေးတွေ မြင့်တက် နေတာကြောင့် ဝယ်လက်တွေအနေ ဖြင့် ဈေးသက်သာသည့် အခြားဆန် တင်ပို့ရောင်းချနေသူတွေထံက ဝယ်ယူဖို့ရှိလာကြောင်း သိရသည်။

    မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၅သန်း ရောင်းချနိုင်ရန် ရည်မှန်းထားပြီး ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံရရှိမျှော်လင့်ထားကြောင်း သိရသည်။

    ပြည်ပနိုင်ငံများသို့ မြန်မာဆန် တင်ပို့မှုမှာ လေးလပတ်ကာလ အတွင်း ၅၆ ရာခိုင်နှုန်း ကျဆင်း သွားခဲ့သော်လည်း အိန္ဒိယနှင့် ပြည်ပနိုင်ငံများသို့ မြန်မာဆန်တင် ပို့မှုက ပြန်လည်မြင့်တက်လာနိုင် ကြောင်း ဆန်ကုန်သည်များက သုံး သပ်ထားသည်။

    လက်ရှိမှာ တန်းမြင့်ဆန်တွေ ကို ဦးစားပေးရောင်းချရန် စီစဉ် ထားသော်လည်း ဧပြီလမှ ဇွန်လ အထိ တန်ချိန် ၃၂၀၀၀၀ ခန့်သာ တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေ ရိကန်ဒေါ်လာ ၁၃၈ သန်းသာ ရရှိထားကြောင်း သိရသည်။

    ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ဆန်^ဆန်ကွဲတင်ပို့မှုမှ အမေရိကန် ဒေါ်လာ သန်း ၈၀၀ ကျော်ရရှိ ထားခဲ့ပြီး တရုတ်၊ ဖိလစ်ပိုင်နှင့် ဘယ်လ်ဂျီယံနိုင်ငံတွေက အများ ဆုံးဝယ်ယူခဲ့ကြောင်း သိရသည်။

    ရွှေမန်း

    ဤဆောင်းပါးကို မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။


  • article
likes9comments0
views133views4060