cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပါတ်စာမိုးလေဝသခန့်မှန်းချက်နှင့် စိုက်ပျိုးရေးအကြံပြုချက်

. ရာသီဥတု သတင်းများ
ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ်၊ ပန်း‌တနော်မြို့နယ်တို့တွင် သြဂုတ်လ ၂၁၊ ၂၂ ရက်တို့မှာဆိုရင် ဆက်လက်မိုးကောင်းနိုင်ပြီး ရွာနှုန်း ၉၀ ကျော်ရှိပါတယ်။ ကျိုက်လတ်မြို့နယ်၊ ဝါးခယ်မမြို့နယ်တို့မှာ သြဂုတ်လ ၂၁ ရက်နေ့အထိ မိုးရွာရန် ရွာနှုန်း ၉၅ ရာခိုင်နှုန်း ဝန်းကျင်ရှိပါတယ်။ သြဂုတ်လ ၂၃၊၂၄ ရက်တို့မှာ ရွာနှုန်းလျော့ကျလာပြီး မိုးရွာရန်ရာခိုင်နှုန်း ၇၀ဝန်းကျင်သာရှိတဲ့ မြို့တွေကတောာ့ မအူပင်မြို့နယ် ၊ မြောင်းမြမြို့နယ်၊ဟင်္သာတမြို့နယ်၊ ကျုံပျော်မြို့နယ် တို့ဖြစ်ပါတယ်။
  • article
  • ၁။ ဟင်္သာတမြို့နယ်  

    ၂၁ ရက်နေ့မှာ မိုးရွာနှုန်းအနည်းငယ်လျော့ကျပြီး ၂၂ ရက်နေ့မှာတော့ ၉၆ ရာခိုင်နှုန်းအထိ ပြန်မြင့်တက်လာနိုင်ပါတယ်။ ၂၃၊ ၂၄ ရက်တို့မှာတော့ မိုးရွာနှုန်း ၇၀ ရာခိုင်နှုန်းသာ ရှိပါတယ်။

    ၂။ ညောင်တုန်းမြို့နယ်

    ၂၁၊ ၂၂ ရက်တို့မှာဆိုရင်လည်း ဆက်လက်မိုးကောင်းနိုင်ပြီး ရွာနှုန်း ၉၀ ကျော် ရှိပါတယ်။ ၂၃၊၂၄ ရက်တို့မှာတော့ ရွာနှုန်းလျော့ကျလာပြီး ၇၀ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိပါတယ်။ 

    ၃။ မအူပင်မြို့နယ်  

    ၂၁၊ ၂၂ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ၂၃၊ ၂၄ ရက်တို့မှာတော့ မိုးရွာနှုန်း လျော့နည်းလာပြီး ၆၅ ရာခိုင်နှုန်းဝန်းကျင်သာ ရှိပါတယ်။

    ၄။ မြောင်းမြမြို့နယ် 

    ၂၁ ၂၂ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ၂၃၊ ၂၄ ရက်တို့မှာတော့ ရွာနှုန်း လျော့နည်းလာပြီး ၆၅ ရာခိုင်နှုန်းဝန်းကျင်သာ ရှိပါတယ်။

    ၅။ ဓနုဖြူမြို့နယ်

     ၂၁၊ ၂၂ ရက်တို့မှာဆိုရင်လည်း ဆက်လက်မိုးကောင်းနိုင်ပြီး ရွာနှုန်း ၉၀ ကျော် ရှိပါတယ်။ ၂၃၊၂၄ ရက်တို့မှာတော့ ရွာနှုန်းလျော့ကျလာပြီး ၇၀ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိပါတယ်။

    ၆။ ပန်း‌တနော်မြို့နယ်

    ၂၁၊ ၂၂ ရက်တို့မှာဆိုရင်လည်း ဆက်လက်မိုးကောင်းနိုင်ပြီး ရွာနှုန်း ၉၀ ကျော် ရှိပါတယ်။ ၂၃၊၂၄ ရက်တို့မှာတော့ ရွာနှုန်းလျော့ကျလာပြီး ၇၀ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိပါတယ်။

    ၇။ ကျိုက်လတ်မြို့နယ်

    ၂၁ ရက်နေ့အထိ မိုးရွာရန် ရွာနှုန်း ၉၅ ရာခိုင်နှုန်း ဝန်းကျင်ရှိပါတယ်။ နောက် ၃ ရက်တို့မှာ ရွာနှုန်း တဖြည်းဖြည်းလျော့ကျလာနိုင်ပါတယ်။

    ၈။ ဝါးခယ်မမြို့နယ်

    ၂၁ ရက်နေ့အထိ မိုးရွာရန် ရွာနှုန်း ၉၅ ရာခိုင်နှုန်း ဝန်းကျင်ရှိပါတယ်။ နောက် ၃ ရက်တို့မှာ ရွာနှုန်း တဖြည်းဖြည်းလျော့ကျလာနိုင်ပါတယ်။

    ၉။ ကျုံပျော်မြို့နယ်

    ၂၁ရက်မှ ၂၂ ရက်နေ့အထိ ရွာနှုန်းမြင့်တက်လာပြီး ၉၀ ရာခိုင်နှုန်းကျော် ရှိနိုင်ပါတယ်။ ၂၃၊ ၂၄ ရက်တို့မှာတော့ ရွာနှုန်း ၇၀ ဝန်းကျင်သာ ရှိပါတယ်။

    ၁၀။ ဇလွန်မြို့နယ်

    ၂၁ရက်မှ ၂၂ ရက်နေ့အထိ ရွာနှုန်း ၉၀ ဝန်းကျင်ရှိနိုင်ပါတယ်။ ၂၃၊ ၂၄ ရက်တို့မှာတော့ ရွာနှုန်း ၆၅ ဝန်းကျင်သာ ရှိပါတယ်။

    ထွက်တိုးမှစိုက်ပျိုးရေးအကြံပြုချက်များ    

    ဩဂုတ်၂၁မှ ဩဂုတ် ၂၄ ရက်နေ့ထိ ၉၀ ရာခိုင်နှုန်းဝန်းကျင် မိုးရွာသွန်းနိုင်သဖြင့် စပါးစိုက်ခင်းအတွင်း ရေများနေခြင်းများ ဖြစ်ပွားနေနိုင်ပါသည်။ စပါးပင်တွေ မှို့ကပ်ကာလ ဖြစ်သည့်အတွက်ကြောင့် စပါးခင်းအတွင်း ပုလဲမြေဩဇာတစ်မျိုးတည်း ကျွေးခြင်းထက် အဟာရစုံပါဝင်သည့် ဓါတ်မြေဩဇာများနှင့်ပုလဲမြေဩဇာကို ရောကျွေးပါ။ စပါးပင်များ မျိုးပွားပိုင်းဆိုင်ရာကြီးထွားသည့် အဆင့်တွင် ရွက်လိပ်ရွက်ကပ်ပိုး၊ ရွက်လိပ်အိမ်ပိုး၊ကျိုင်းကောင်များ နှင့် ဆစ်ပိုးများ ကျရောက်မှု ဖြစ်ပွားနိုင်ပါသည်။ သံဆိပ်သင့်ခြင်းကြောင့် စပါးနီတိုကျရောက်မှု ရှိမရှိ စစ်ဆေးရန် စပါး အမြစ်များကို နှုတ်ယူ နမ်းကြည့်ပြီး သံချေးနံ့နှင့် အမြစ်များမဲနေခြင်းရှိမရှိ စစ်ဆေးပါ။ ဘတ်တီးရီးယားရွက်ခြောက်နှင့် ရွက်ညိုပြောက်ရောဂါ တို့ကို ကြိုတင်ကာကွယ်ပါ။ စပါးဘတ်တီးရီးယားပင်စည်ပုပ်၊ရွက်ဖုံးပုပ်ရောဂါ၊ မှို့သီးရောဂါများကိုလည်း ဂရုပြုပါ။ စပါးနှံစုပ်ပိုး သတိထားပါ။ စပါးဂုတ်ကျိုးရောဂါသည်လည်း ပင်ပွားကာလမှစပြီး ကျရောက်တတ်သဖြင့် မှိုသတ်ဆေးများ အသုံးပြုနှိမ်နင်းခြင်း ပြုလုပ်သင့်ပါသည်။ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် အားဆေး တို့ဟာ အသုံးပြုပြီး အနည်းဆုံး ၄နာရီအထိ အပင်ပေါ်ရှိနေမှ အစွမ်းပြတာကြောင့် ယခုလို မိုးရာသီကာလမှာ အသုံးမပြုမှီ ရာသီဥတု အနေအထားကို မပြတ်စောင့်ကြည့်ပြီးမှသာ ချင့်ချိန်သုံးစွဲပါ။ ကော်ရည်ကပ်ဆေးကို ထည့်သုံးပေးပါ။ ထွက်တိုးတွင် နာရီအလိုက် မိုးလေဝသ ခန့်မှန်းချက်များကို ရယူနိုင်ပြီး အကြံပြုချက် ရယူလိုပါက ၀၉ ၉၇၇၉၁၀၀၀၀ ကို ဆက်သွယ် ဆွေးနွေးနိုင်ပါသည်။  

    Source:CIAT 

     

     





likes11comments0
views196views4929