cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စုပ်စားပိုးတွေ၊ သီးထိုးယင်တွေနဲ့ တခြားဖျက်ပိုးတွေ သင့်ရဲ့အပင်တွေ၊ ဥယျာဉ်တွေမှာ လာရောက်တိုက်ခိုက်နေပြီဆိုရင်

. ပိုးမွှား
စုပ်စားပိုးတွေ၊ သီးထိုးယင်တွေနဲ့ တခြားဖျက်ပိုးတွေ သင့်ရဲ့အပင်တွေ၊ ဥယျာဉ်တွေမှာ လာရောက်တိုက်ခိုက်နေပြီဆိုရင်
  • article


  • ပတ်ဝန်းကျင်နဲ့ သက်ရှိတို့ကို ထိခိုက်မှုနည်းတဲ့ နည်းကို အသုံးပြုချင်တယ်ဆိုရင် ဖျန်းဆေးတွေ၊ တိုက်ခိုက်ဆေးတွေ အသုံးမပြုခင် ထောင်ချောက်ဆင်ဖမ်းတာဟာ နည်းလမ်းကောင်း ဖြစ်ပါတယ်။


    အပင်တွေအတွက် ပိုးထောင်ချောက်


    အပင်ဖျက်ပိုးတော်တော်များများကို အဝါရောင်နဲ့ ဆွဲဆောင်နိုင်ပြီး လှေးပိုးတွေကိုတော့ အပြာရောင်နဲ့ ဆွဲဆောင်နိုင်ပါတယ်။ စုပ်စားပိုးတွေအတွက်ဆိုရင် အရောင်တောက်တောက်နဲ့ကို ဆွဲဆောင်နိုင်ပါတယ်။ အဝါရောင်ကတ်တွေရဲ့ မျက်နှာပြင်မှာ စေးကပ်တဲ့အရာတို့နဲ့ သုတ်လိမ်းပြီး စိုက်ခင်းထဲ၊ ဥယျာဉ်ထဲ ချိတ်ဆွဲထားတာဟာ ပျ၊ မှက်၊ ယင်၊ ယင်ဖြူတို့ကို ဆွဲဆောင်ပြီး ထောင်ချောက်ဆင်နိုင်ပါတယ်။ မိမိစိုက်ပျိုးပင်တွေကို တိုက်ခိုက်ခြင်းမှလည်း ထိန်းချုပ်နိုင်ပါတယ်။ 


    ကတ်ပြားရဲ့မျက်နှာပြင် နှစ်ဖက်လုံးကို အစေးသုတ်လိမ်းတာက ပိုထိရောက်ပါတယ်။ Tanglefoot Tangle-Trap Sticky Coating (သို့) နှစ်ဖက်စေးကပ်တိပ် (double-stick clear tape)တို့ အသုံးပြုတာတို့ လုပ်နိုင်ပါတယ်။ အပင်တစ်ပင်နဲ့တစ်ပင် အလှမ်း‌ဝေးပါက အပင်အနီးတို့မှာ တိုင်ထောင်ပြီးသော်လည်းကောင်း၊ အပင်မှာသော်လည်းကောင်း ချိတ်ဆွဲပေးထားသင့်ပါတယ်။ 

    ပျံသန်းအင်းဆက်အတွက် အသင့်သုံး fly ribbons တို့ကို သုံးနိုင်သလို ပလတ်စတစ်အကြည်အိတ်ကို ကတ်ကြေးနဲ့ ဖြတ်ပြီး ပျားရည်လို စေးကပ်တာ သုတ်လိမ်းပြီးလည်း ဆွဲဆောင်နိုင်ပါတယ်။ ဒါ့အပြင် နှစ်ဖက်စေးကပ်တိပ်တို့ကို ပျားရည်သုတ်လိမ်းပြီးလည်း အသုံးပြုနိုင်ပါတယ်။

    ဂျုံမှုန့်၊ ပြောင်းမှုန့်၊ အာလူးမှုန့်၊ ကော်မှုန့်၊ အပင်အစေး၊ ကျွဲကော် (gelatin)၊ ကြက်ဥအကာရည်၊ နွားနို့၊ နှမ်းကြတ်စေ့ စတဲ့ သဘာဝပစ္စည်းတွေကို အသုံးပြုပြီး သဘာဝကော် ပြုလုပ်နိုင်ပါတယ်။ 

    ဂျုံမှုန့်ကို ရေအေးနဲ့ နှံ့စပ်အောင်၊ သမအောင် ရောမွှေပြီး အရည်ကျဲကျဲ ဖျော်ပါ။ နောက် ကျောက်ချဉ်မှုန့်ရှိပါက လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ ရောထည့်ပြီး အပူပေးရပါမယ်။ အသုံးမပြုမှီ ပြန်လည်အအေးခံရပါမယ်။ ရေအေးနဲ့ အရည်ကျဲအောင် လုပ်ရပါမယ်။ ၁၀မိနစ်ကြာ သိပ်ထားလိုက်တာနဲ့ စေးကပ်ကပ်အရည်ရရှိလာမယ်။ ရိုင်းဂျုံမှုန့်ဟာ ပိုပြီးစေးကပ်အားကောင်းသော်လည်း မီးခိုးရောင်ဖြစ်ပါတယ်။ ပြောင်းဖူးအမှုန့်ကိုလည်း ရေနဲ့ရောပြီး အပူပေးကာ ရရှိလာတဲ့ စေးကပ်တဲ့အနစ်တို့ကို အသုံးပြုနိုင်ပါတယ်။ ရလာတဲ့အနှစ်တို့ကို ကတ်ပြားမျက်နှာပြင်မှာ ညီညီညာညာသုတ်လိမ်းပြီးလည်း ထောင်ချောက်ဆင်နိုင်ပါတယ်။


    သတိပြုရမှာက အနှစ်တွေကို အပူနဲ့ ကျိုတဲ့အခါ စေးကပ်မှုနည်းစေပြီး ကွာလွယ်စေပါတယ်။ ရေသန့်ထက် ထုံးရေကိုအသုံးပြုပြီး ကျိုတာ၊ ကျောက်ချဉ်ထည့်သုံးတာဟာ ကြာရှည်စေးကပ်မှု အားကောင်းစေပါတယ်။ ထင်းရှူးဆီကို ကြိုထားတဲ့ အနှစ်ပူချိန်မှာ ဆဝက်ရောပြီး သမအောင်မွှေ အသုံးပြုပါက အစိုဓာတ်စိမ့်ဝင်မှု ဟန့်တားပြီး စေးကပ်အားလည်း ကောင်းပါတယ်။


    သို့ပေမယ့်


    အဝါရောင်ထောင်ချောက်ဟာ အင်းဆက်တော်တော်များများကို ဆွဲဆောင်တာနဲ့အညီ အကျိုးပြုအင်းဆက်တွေကိုလည်း ဆွဲဆောင်တာကြောင့် လိုအပ်မှသာ အသုံးပြုဖို့ အကြံပြုချင်ပါတယ်။ ဒါကြောင့် ထောင်ချောက်ကို စစ်ဆေးပြီး ကပ်လာတဲ့ဖျက်ပိုးအ‌ရေအတွက်၊ အကျိုးပြု‌ကောင် 

    အရေအတွက်ကို စစ်ဆေးပြီး ဆက်လက်အသုံးပြုသင့်ပါတယ်။


    အပင်နားမှာ ပျံသန်းတဲ့ သီးထိုးယင်တို့ကိုရော ဘယ်လိုထောင်ချောက် ဆင်မလဲ?


    သီးထိုးယင်၊ နကျယ် တို့ကို အချဉ်ပေါက်နေတဲ့အသီး၊ အမှည့်လွန် ငှက်ပျောသီး၊ အသီးရည်၊ အသားစိမ်း၊ စည်သွတ်ကြောင်စာ၊ ဘီယာ၊ ဆိုဒါ၊ ပန်းသီးရှာလကာရည် စတဲ့ မျှားစာတို့နဲ့ ဆွဲဆောင်နိုင်ပါတယ်။ အရည်တို့ကို အသုံးပြုမယ်ဆိုပါက ဆပ်ပြာရည် တစ်စက်၊ နှစ်စက်ထည့်ပေးခြင်းဖြင့် အရည်ကြဲပြီး ကျလာတဲ့ ဖျက်ပိုးတွေကို နစ်မြုပ်စေပါတယ်။


    ထောင်ချောက်ပြုလုပ်ရန်


    ရေသန့်ဗူးရဲ့ သုံးပုံတစ်ပုံစာနီးပါး ထိပ်နားကို ဖြတ်လိုက်ပါ။ နောက် အပေါ်ပိုင်း ဘူးအဖုံးဘက်အခြမ်းကို အောက်ဘက်အနေအထားနဲ့ အောက်ဘက်ဖြတ်ထားတဲ့ အပိုင်းထဲသို့တပ်ဆင်ပါ။ ဘူးအပိုင်းတစ်ခုနဲ့တစ်ခု ကျွတ်ထွက်မသွားအောင် အစွန်းနားကို တိပ်နဲ့ ကပ်ပါ။ ဒီလိုပြုလုပ်တာဟာ အကောင်တွေ ဝင်လာပြီး အလွယ်တကူ ပြန်မထွက်နိုင်အောင် ဖြစ်ပါတယ်။ ဆွဲဆောင်ပစ္စည်းတစ်ခုခု ဘူးထဲ ထည့်လိုက်ပြီး စိုက်ခင်းထဲက (သို့) အပင်ဝန်းကျင်က ဖျက်ပိုးတွေကို ထောင်ချောက်ဆင်နိုင်ပြီ ဖြစ်ပါတယ်။ အသင့်သုံးအဝါရောင်ဘူး မရှိဘူးဆိုရင်လည်း သံဘူး၊ ပလတ်စတစ်ဘူးတို့ကို အဝါရောင်ဆေးသုတ်လိမ်းပြီး အခြောက်ခံကာ အသုံးပြုနိုင်ပါတယ်။ 


    အိမ်တွင်း အနှောက်အယှက်အကောင်များအတွက် ထောင်ချောက်


    ပိုးဟပ်၊ silverfish စတဲ့ တွားတွားကောင်တို့ကိုတော့ ကော်၊ တိပ်တို့ သုံးထားတဲ့ ကတ်ပြားရဲ့အလယ်မှာ ဆွဲဆောင်စ္စည်းထားပြီး ထောင်ချောက်ဆင်နိုင်ပါတယ်။ မြေပဲထောပတ်သီးသန့် (သို့) မြေပဲထောပတ်နဲ့ လတ်ချားတို့ကို ဆတူရောပြီး ပုလင်းခွံထဲ ထည့်ကာ ထောင်ချောက်ကတ်ထူရဲ့အလယ်မှာ ထားပြီး ထောင်ချောက်ဆင်နိုင်ပါတယ်။ သို့ပေမယ့် ကလေးသူငယ်၊ အိမ်မွေးတိရစ္ဆာန်တို့နဲ့ အလှမ်းဝေးအောင် ဂရုပြုသင့်ပါတယ်။


  • article
likes14comments0
views152views5590