cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးအမိုင်နိုအက်ဆစ် အသုံးဝင်ပုံ

. အိမ်တွင်းဥယျာဉ်
အမိုင်နိုအက်ဆစ်မှာ နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝပါတယ်။ ငါးအမိုင်နိုအက်ဆစ်သည် ပင်ပိုင်းကြီးထွားမှုကို အားပေးကူညီတဲ့အတွက် ရွက်ဖျန်းအားဆေးအနေနဲ့ရော မြေဆီလွှာအတွင်းရှိ အဏုဇီဝပိုးလေးတွေရဲ့ လုပ်ဆောင် မှုကို ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် စိုက်ပျိုးမြေမှာပါ ပက်ဖျန်းအသုံးပြုနိုင်တဲ့ သဘာဝမြေဩဇာ အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။
  • article

  • ၁။ ငါးအမိုင်နိုအက်ဆစ်မှာ နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝပါတယ်။ ငါးအမိုင်နိုအက်ဆစ်သည် ပင်ပိုင်းကြီးထွားမှုကို အားပေးကူညီတဲ့အတွက် ရွက်ဖျန်းအားဆေးအနေနဲ့ရော မြေဆီလွှာအတွင်းရှိ အဏုဇီဝပိုးလေးတွေရဲ့ လုပ်ဆောင် မှုကို ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် စိုက်ပျိုးမြေမှာပါ ပက်ဖျန်းအသုံးပြုနိုင်တဲ့ သဘာဝမြေဩဇာ အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ 

    ၂။ အရွက်ယူတဲ့ အသီးအရွက်ပင်တွေအတွက်ဆိုရင် အမွှေးရနံ့နဲ့ အရသာအရည်အသွေးကောင်းမွန်စေဖို့၊ အထွက်နှုန်း ကောင်းစေဖို့အတွက် ငါးအမိုင်နိုအက်ဆစ်ကို မကြာခဏ ပက်ဖျန်းပေးသင့်ပါတယ်။ 

    ၃။ မြေဆွေးပုံ ပြုလုပ်ရာမှာလည်း ငါးအမိုင်နိုအက်ဆစ်ကို ရေနှင့်ရောပြီး ပြင်းအားပျော့အောင် လုပ်ပေးပြီးတဲ့ နောက်မှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ရေပမာဏ ၁၀၀၀ စီစီမှာ ငါးအမိုင်နိုအက်ဆစ် ၁ စီစီ လောက်ထည့်ပေး ရမှာဖြစ်ပါတယ်။ အဲ့လိုထည့်သွင်း အသုံးပြုပေးခြင်းဖြင့် အဏုဇီဝပိုးလေးတွေရဲ့ လုပ်ဆောင်ချက်ကို ပိုမိုမြန်ဆန် စေပါတယ်။ 

    ၄။ မွှားနဲ့ ယင်ဖြူကျရောက်ရင်လည်း ငါးအမိုင်နိုအက်ဆစ် ဖျန်းပေးခြင်းဖြင့် လျေားနည်းသက်သာနိုင်တယ်လို့ ဆိုထားပါသေးတယ်။ 

    ၅။ ငါးအမိုင်နိုအက်ဆစ်ကို စစ်ထုတ်ယူပြီးလို့ ကျန်နေတဲ့အရိုးတွေကို ဆန်လုံးညိုကနေလုပ်ထားတဲ့ လျှာလကာရည်ထဲမှာ စိမ်ပေးနိုင်ပါတယ်။ အဲ့လိုစိမ်ရာမှာ အရိုးပမာဏထက် ၁၀ ဆ များတဲ့ ပမာဏကို ထည့်ပေး ရမှာ ဖြစ်ပါတယ်။ အဲ့လိုလျှာလကာရည်ထဲမှာ စိမ်ပေးခြင်းအားဖြင့် အရိုးတွေက ဆွေးမြေ့သွားပြီးနောက် အရည် အသွေးကောင်းမွန်ပြီး ရေမှာပျော်ဝင်နိုင်တဲ့ ကယ်လ်စီယမ် ဖော့စဖိတ် (Calcium Phosphate) ကိုရရှိနိုင် ပါတယ်။ 

    ငါးအမိုင်နိုအက်ဆစ် အသုံးပြုပုံ 

    ၁၆ လီတာဆန့်တဲ့ ဆေးဖျန်းပုံးမှာ ငါးအမိုင်နိုအက်ဆစ် စားပွဲတင်ဇွန်း ၂၀ ဇွန်း ခန့်ရောစပ် အသုံးပြုနိုင်ပါတယ်။ သို့ပေမဲ့ မိမိစိုက်ပျိုးတဲ့ သီးနှံအမျိုးအစားပေါ်မှာ လိုက်ပြီး နှုန်းထားပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ 

    *သတိပြုရန်မှာ* 

    ငါးအမိုင်နိုအက်ဆစ်သည် ပင်ပိုင်းကြီးထွားမှုကို အားပေးတာဖြစ်တဲ့အတွက် အသီးအပွင့်ပိုင်းအားယူနေတဲ့အချိန် မှာ အသုံးပြုခြင်းကိုတော့ ရှောင်ရှားစေချင်ပါတယ်။ 

    Source: https://www.facebook.com/EastWestVeggieADS/posts/preparation-of-fish-amino-acid-faawhat-is-fish-amino-acid-faa-the-fish-amino-aci/3461663863860673/ 


likes15comments0
views159views2973