cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမျိုးစပ်ဆေးဖျော်နည်း

. အိမ်တွင်းဥယျာဉ်
စုပ်စားပိုး အမျိုးအစားများနှင့် သီးလုံးဖောက်ပိုးများအတွက် အသုံး ပြုနိုင်ပါသည်။
  • လိုအပ်သော ပစ္စည်းများ

    နွားသေး - ၁၀ လီတာ

    နွားချေးအစို - ၆၀ ကျပ်သား

    တမာရွက် - ၆၀ ကျပ်သား

    လသာရွက် - ၆၀ ကျပ်သား

    သြဇာရွက် - ၆၀ ကျပ်သား

    ကြက်ဆူရွက် - ၆၀ ကျပ်သား

    ပဒိုင်းရွက် - ၆၀ ကျပ်သား

    ပြုလုပ်ပုံ

    ပါဝင်သော အရွက် (၅)မျိုးလုံးအား နုတ်နုတ်စင်းပါ။ နွားသေးနှင့် နွားချေးတို့အား အရင်ထည့်၍ မီးဖိုပေါ်တင်ပါ။ပြီးနောက် စင်းထားသော အရွက် (၅) မျိုးအား ရော ထည့်ပြီး ကျိုရပါမည်။ ကျိုချက်ချိန်၌ အဖုံးကို ပိတ်ထားရပါမည်။ ကျိုချက်ချိန် နာရီဝက်ခန့် ကျိုရပါမည်။ ကျိုချက်ပြီးနောက် မီးဖိုပေါ်မှ ချကာ အအေးခံ ထား ရပါမည်။ ၎င်းနောက် ၂ ရက်ခန့် ထားပြီး အနည်ကျအောင် တိမ်ထားရပါမည်။

    ပြီးလျှင် စစ်ကျရေကို သန့်စင်သော ဘူး၊ ပုလင်းများဖြင့် သိုလှောင် သိမ်းထား နိုင်ပါ သည်။ ၎င်းစစ်ကျရေများကို ၄ - ၆ လ အထိ သိုလှောင် သိမ်းထား နိုင် ပါသည်။

    နှုန်းထား- တစ်ဧကလျှင် ၅-၆ လီတာ ကို ရေ ၂၀၀ လီတာနှင့် ရောပြီး ပက်ဖျန်း နိုင်ပါသည်။ သတိပြုရန်မှာ တစ်ပင်လုံး နှံ့စပ်စွာ စိုစွတ်နိုင်စေရန် ဇိမ်တည်၍ ဖျန်း ပေးရပါမည်။

    မှတ်ချက် ။ ။ စုပ်စားပိုး အမျိုးအစားများနှင့် သီးလုံးဖောက်ပိုးများအတွက် အသုံး ပြုနိုင်ပါသည်။

    အိန္ဒိယနိုင်ငံသား စိုက်ပျိုးရေး ပညာရှင်များမှ ပို့ချသော သင်တန်းမှ ထုတ်နှုတ်ပြန်ဆိုပြီး လက်တွေ့လုပ်ဆောင်ဖူးသော နည်းပညာဖြစ်ပါသည်။


  • article
  • article
likes12comments0
views99views4441