cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရော်ဘာစိုက်ပျိုးခြင်းနည်းစနစ်များ

. စိုက်ပျိုးနည်းစနစ်များ
ရော်ဘာစိုက်ပျိုးရာတွင် ပျိုးပင်အမျိုးအစား အမျိုးမျိုးကို အသုံးပြုကာ စိုက်ပျိုးနည်း အမျိုးမျိုးဖြင့် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးနည်း ကွဲပြားသည်နှင့်အမျှ စိုက်ခင်းအပင် ရှင်သန်ဖြစ်ထွန်းမှု၊ အခြေအနေ အမျိုးမျိုးကို တွေ့ရပါသည်။ မိမိဒေသ၏ ရာသီဥတု၊ မြေ၊ အခြေအနေနှင့် ဆီလျော်သင့်တော်သော စိုက်ပျိုးနည်းစနစ်ကို အသုံးပြုကာ စနစ်တကျ စိုက်ပျိုးသည့် ခြံများအနေဖြင့် တစ်နှစ်တစ်ကြိမ်တည်း စိုက်ရုံနှင့် စိုက်ခင်းအပင်များ ရာနှုန်းပြည့် ရှင်သန်ဖြစ်ထွန်းပါသည်။
  • ရော်ဘာစိုက်ပျိုးရာတွင် ပျိုးပင်အမျိုးအစား အမျိုးမျိုးကို အသုံးပြုကာ စိုက်ပျိုးနည်း အမျိုးမျိုးဖြင့် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးနည်း ကွဲပြားသည်နှင့်အမျှ စိုက်ခင်းအပင် ရှင်သန်ဖြစ်ထွန်းမှု၊ အခြေအနေ အမျိုးမျိုးကို တွေ့ရပါသည်။ မိမိဒေသ၏ ရာသီဥတု၊ မြေ၊ အခြေအနေနှင့် ဆီလျော်သင့်တော်သော စိုက်ပျိုးနည်းစနစ်ကို အသုံးပြုကာ စနစ်တကျ စိုက်ပျိုးသည့် ခြံများအနေဖြင့် တစ်နှစ်တစ်ကြိမ်တည်း စိုက်ရုံနှင့် စိုက်ခင်းအပင်များ ရာနှုန်းပြည့် ရှင်သန်ဖြစ်ထွန်းပါသည်။ 

    စိုက်ပျိုးပင်များသည် မိုးရာသီ မိုးများလွန်းသော ဒေသများတွင် သေဆုံးမှုများသည်ကို တွေ့ရှိရပါသည်။ သေဆုံးသည့် အပင်များကို နှစ်ချင်း ပြန်လည်ဖာထေး စိုက်ပျိုးရန် လိုအပ်ပါသည်။ နှစ်ချင်း ဖာထေးခြင်း မပြုပါက စိုက်ခင်းတွင် ရော်ဘာပင်များ၏ အပင်ရှင်သန်ကြီးထွားမှု ညီညာခြင်း မရှိကြပါ။ အပင်များ တစ်ရှိန်ထိုး ကြီးထွားမှုမရှိသဖြင့် အစေးခြစ်သည့် အခါတွင်လည်း အစေးထွက်နှုန်းမှာ ထွက်သင့်သလောက် မထွက်သည်ကို တွေ့ရှိရပါသည်။ 

    မြန်မာနိုင်ငံ ရာသီဥတုမှာ မိုးရာသီကာလ တိုတောင်းကာ မိုးများသော်လည်း ပူပြင်းခြောက်သွေ့သော နွေရာသီကာလမှာ (၆)လခန့်အထိ ကြာရှည်ပါသည်။ မိုးရာသီကာလ မိုးများသည့်အတွက် Phytophthora ရွက်ပုတ်နှင့် ထိပ်ညွန့်ပုတ်ရောဂါ (Shoot die-back) ဆိုးဝါးစွာ ကျရောက်ခြင်းကြောင့် စိုက်ပျိုးစ အပင်များ ထိပ်ညွန့်ပုတ်ကာ ပြန်လည် သေဆုံးတတ်ပါသည်။ နွေရာသီ ရောက်သည့် အခါတွင်လည်း စိုက်ပျိုးချိန် နောက်ကျသည့် အပင်များနှင့် အမြစ်အားမကောင်းသေးသည့် အပင်များလည်း ပြန်လည် သေဆုံးတတ်ပါသည်။ 

    စိုက်ပျိုးနည်းစနစ်အမျိုးမျိုး 

    မျိုးသန့်အဖူးကူးပင်များဖြင့်စိုက်ပျိုးနည်းများ 

    (က) အဖူးကူးအောင်ပြီးစ ပျိုးပင်ပုတ် (Budded Stump) စိုက်ပျိုးနည်း 

    (ခ) ပလပ်စတစ်အိတ်စိုက်အဖူးကူး ပျိုးပင်စိုက်ပျိုးနည်း (Poly Bag budding) 

    စိုက်ပျိုးနည်းများအနက် ရွက်ဖုံအနည်းဆုံး ၂-၃ ပုံရင့်ပြီးသော ပလပ်စတစ်အိတ်အဖူးကူးပျိုးပင်စိုက်ပျိုးနည်း (Poly bag budding) မှာရှင်သန်မှုကောင်းပြီးကျယ်ကျယ်ပြန့်ပြန့်အသုံးပြုသော အသင့်တော်ဆုံး စိုက်ပျိုးနည်းစနစ်ဖြစ်သည်။  

    (က) အဖူးကူးအောင်ပြီးစပျိုးငုတ်ပင် (Budded Stump) စိုက်ပျိုးနည်း 

    မျိုးငုတ်ပင် စိုက်ပျိုးရန်အတွက် မြေဖို့ထားသော စိုက်ကျင်းတွင် တုတ်ချွန်ဖြင့် အပေါက်ဖောက် အရာပေးကာ အဖူးကူးမျိုးငုတ်ပင်အား စိုက်ပျိုးရသည်။ မြေကြပ်စေရန် အပင်ပတ်လည် ၄-၅ နေရာခွဲပြီး (၂လက်မ x ၁/၂ လက်မ) တုတ်ချွန်ဖြင့် မြေကြီးတွင်စောင်းပြီး ထိုးသွင်း၍ အပင်ဘက်သို့ ဆွဲကြပ်ရသည်။ စိုက်ပျိုးသော အပင်၏ ရေသောက်မြစ် မြေမချောင်စေရန် ဂရုစိုက်မြေဖို့ပေးရသည်။ 

    (၁) ပလပ်စတစ်တစ်အိတ်စိုက်အဖူးကူးပျိုးပင်စိုက်ပျိုးနည်း (Poly bag budding)  

    ရွက်ဖုံအနည်းဆုံး ၂-၃ ဖုံရင့်ပြီးသောပလပ်စတစ်အိတ်စိုက်မျိုးသန့် အဖူးကူးပျိုးပင်များ (Poly bag budding) အားစိုက်ကျင်းတွင် တိုက်ရိုက်ချစိုက်ပျိုးခြင်းဖြစ်ပါသည်။ အပင်စိုက်ရန်အတွက် ပလပ်စတစ်အိတ်ပျိုးပင်ကို အောက်ခြေတွင် အိတ်အားဓါးဖြင့်လှီးဖွင့်ကာ အိတ်၏ဘေးအား အောက်ခြေမှအပေါ်သို့ အိတ်၏သုံးပုံတစ်ပုံ အတိခွဲပြီးနောက် စိုက်ပျိုးရန် အနေတော်မြေအား ပြန်ဖော်ထားသော စိုက်ကျင်းထဲတွင် ချရသည်။ 

    ပျိုးပင်အိတ် ပတ်လည်အား မြေများတစ်ဖြည်းဖြည်းဖို့ရင်း ပလပ်စတစ်အိတ်ဘေးအား အပေါ်အထိ အဆင့်ဆင့် ဆက်ခွဲပြီးနောက် ပလပ်စတစ်အိတ်အား ဆွဲချွတ်လိုက်ရသည်။ ပျိုးပင်ပတ်လည်ဖို့မြေအား တစ်ဖြည်းဖြည်းဖိုင့် နင်းသိပ်ပေးရသည်။ ပျိုးပင်မြေလုံးအား မနင်းမိစေရန် သတိထားရပါမည်။ 

    ဤစိုက်ပျိုးနည်းတွင် ပျိုးပင်မှာ ပလပ်စတစ်အိတ်တွင် အမြစ်ခွဲ ရှင်သန်နေပြီး၊ စိုက်ကျင်းတွင် ချစိုက်သည့်အခါ အမြစ်မနာ၊ မြေလုံးမပျက်သည့်အတွက် အပင်ဆက်လက် ရှင်သန်ပြီး အောင်မြင်ဖြစ်ထွန်းမှု ကောင်းပါသည်။ သို့ဖြစ်သည့်အတွက် ရော်ဘာစိုက်ပျိုးသည့် တိုင်းပြည်များ အနေဖြင့်လည်း ဤနည်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါသည်။ မြန်မာနိုင်ငံအနေနှင့်လည်း ပလပ်စတစ်အိတ်စိုက် အဖူးကူး ပျိုးပင်ဖြင့် စိုက်ပျိုးနည်းကို ပုံမှန်ရော်ဘာ စိုက်ပျိုးနည်းအဖြစ် စိုက်ပျိုးရန် ထောက်ခံထားပါသည်။ 

    ရေးသားသူ- ဒေါ်သဲမာ (ရော်ဘာနည်းပညာလေ့လာသူ)  

    Dip(Agri) သထုံ(၁၉၉၇) 

    ၀၉ ၉၇၈ ၅၈၉ ၈၁၈ 

    ရော်ဘာနှင့်ပတ်သတ်သောဆောင်းပါးများ၊ ပိုးမွှားကာကွယ်နှိမ်နင်းနည်းလမ်းများ၊ အဖူးကူးရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက  

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ- http://download.htwettoe.com/ 

    အထွက်တိုးရော်ဘာစိုက်ပျိုးကြသူများအဖွဲ့သို့ဝင်ရန်- https://www.facebook.com/groups/2432746880363676/ တွင်လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 

     


  • article
  • article
  • article
  • article
likes8comments0
views300views4135