cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမွေးကန်တခု၏ ကန်ရေအပူချိန်

. ငါးမွေးမြူရေးလမ်းညွှန်ချက်များ
ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ။
  • ငါးမွေးမြူရေးလုပ်ငန်းတွင် ငါးကန်တခု၏အပူချိန်သည် ၂၅ ဒီဂရီ စင်တီဒရိတ်မှ ၃၂ ဒီဂရီ စင်တီဂ ရိတ်အတွင်းရှိရမည်ဖြစ်ပါသည်။ ငါးကန်ရေ၏အပူချိန်တိုင်းတာရာတွင် ရေအပူချိန်တိုင်းသာမိုမီတာဖြင့် တိုင်းတာနိုင်ပါသည်။ ငါးကန်ရေ၏မျက်နှာပြင်တွင် ရေအပူချိန်တိုင်း သာမိုမီတာကို (၅)မီးနစ်ခန့်စိမ်ထားပြီး မှ ရေအပူချိန်တိုင်း သာမိုမီတာ၏ ပြသောအမှတ်ကို ရယူပါ ၊ သာမိုမီတာကို ကန်ရေအတွင်းမှ ထုတ်ပြီး မှ သာမိုမီ တာပြသောအမှတ်အသားကိုမယူရပါ။ ကန်ရေအတွင်းမှထုတ်ပြီးမှ ရရှိသော သာမိုမီတာအမှတ်သည် ပြင်ပ အပူချိန်နှင့် လေတို့ကြောင့်ပြောင်းလဲတတ်ပါသည်။

    ငါးကန်တခု၏အပူချိန်သည် နေရောင်ခြည်မှကျရောက်ခြင်းမှ ရရှိသောကြောင့် ငါးမွေကန်၏ ရေမျက်နှာပြင်သည် အပူချိန်စတင်ရရှိပြီး မှ ကန်ရေလယ်ပိုင်းနှင့် အောက်ပိုင်းများသို့ အပူစီးကူးရောက်ရှိ သွားကြပါသည်။ထို့ကြောင့် ကန်တကန်တွင် အပေါ်ပိုင်း ၊အလယ်ပိုင်နှင့် အောက်ပိုင်းတိုသည် အပူချိန်မတူ ညီကြကြောင်း'သတိပြုစေလိုပါသည်။ကန်ရေအပူချိန်တိုင်းသူတိုင်းသည် ကန်ရေ၏မျက်နှာပြင်ရေကိုသာ တိုင်းကြသဖြင့် အပေါ်လွှာရေပြင်၏အပူချိန်ကိုမှတ်ယူကြပါသည်။ ထို့ကြောင့် ကန်ရေ၏အပူချိန်ကို သိရှိပါက အလယ်ပိုင်းနှင်ံ အောက်ပိုင်းသည် မိမိတိုင်းတာရရှိသောရေအပူချိန်ထက် အနည်းငယ် နည်းမည်ဖြစ်ကြောင်း’ သိထားစေလိုပါသည်။

    ကန်ရေ၏အပူချိန်သည် နေရောင်ခြည်မှ အပူရှိန်ရရှိသဖြင့် မနက်ပိုင်းတွင် ကန်ရေ၏အပူချိန်သည်နည်းနိုင်ပါသည်။ နေ့လည် (၂)နာရီအချိန်တွင် ကန်ရေ၏အပူချိန်သည် အမြင့်ဆုံးတွေ့နိုင်ပါသည်။ ငါးမွေးမြူရေးပညာတွင် ငါးများအစာစားနှုံးသည် အပူချိန်ပေါ်တွင်မူတည်ပြီးစားသောက်ကြကြောင်းတွေ့ရှိရ ပါသည်။ မနက်ပိုင်းတွင် ကန်ရေ၏အပူချိန်သည် သတ်မှတ်ချက်အတွင်းရှိသော်လည်း ကန်ရေ၏အပူချိန် သည် သိသိသာသာမရရှိသေးသဖြင့် ငါးများအစာစားနှုံး နည်းပါးပါသည်။ ညနေပိုင်တွင် ကန်တခုလုံးကိုအပူချိန် သိသိသာသာ ရရှိထားသဖြင့် ငါးများအစားစားနှုံးကောင်းမွန်ကြောင်းတွေ့ရှိရပါသည်။ဗီယက်နမ်ငါးပညာရှင် များအကြံပြုချက်အရ အစာကျွေးရာတွင် မနက်ပိုင်းတွင် ၄၀ ရာခိုင်နှုံး နှင့်ညနေပိုင်းတွင် ၆၀ရာခိုင်နှုံးကျွေးပါ ရန်အကြံပြုချက်သည် ကန်ရေ၏အရေးကြီးပုံကို ဖော်ပြခဲ့ပါသည်။အပူချိန်ကောင်းလျှင်အစာစားနှုံး ကောင်းသည်ဟုအဆိုပြုထားပါ သည်။ သို့သော် ကန်ရေအပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်ထက် မကျော်လွန်စေရန် သတိထားရပါမည်။ နေပူချိန် တွင် ရုတ်တရက် မိုးရွာလိုက်ပါက ကန်အတွင်းရေအပူချိန်သည် အပေါ်ယံ ရေလွှာသည် ချက်ချင်း အပူချိန်ကျ ပြီး ငါးများအပူချိန်ရှော့ဖြစ်တတ်ပါသည်။

    ငါးမွေးကန်တခု၏ ကန်ရေအပူချိန်သည် ၃၂ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ပါကလည်း ငါးများ သည်ပုံမှန်အနေအထား မရှိနိုင်ဘဲ မောပန်းခြင်း အစာမစားနိုင်ခြင်းများ ရှိလာနိုင်ကြောင်းတွေ့ရှိရပါသည်။ အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်အောက်ရှိနေပါကလည်း ငါးများလှုပ်ရှားသွားလာမှု့နှင့် အစာမစားနိုင်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ငါးမွေးတောင်သူများသည် ငါးများအစာကောင်းစွာစားနိုင်းစေရန်အတွက် ရေ၏ အပူချိန်ကိုတိုင်းတာပြီး အစာကျွေးပါက အကျိုးရှိစေကြောင်း တင်ပြအပ်ပါသည်။

    ဦးဆန်းအောင်(ထွက်တိုး)

    ----

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://l.htwettoe.com/v2

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes21comments3
views515views3060