cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အာလူးအရည်အသွေး

. ရိတ်သိမ်းချိန်လွန် နည်းပညာ
မတူညီသော ဈေးကွက်များ (စားအာလူး၊ ကုန်ချောထုတ်ကုန်)အလိုက် အာလူး၏ အရည်အသွေးသတ်မှတ်မှုသည် များစွာအရေးကြီးသည်။ အာလူးအရည်အသွေးကို ဆုံးဖြတ်သည့်အချက်များ

  • မတူညီသော ဈေးကွက်များ (စားအာလူး၊ ကုန်ချောထုတ်ကုန်)အလိုက် အာလူး၏ အရည်အသွေးသတ်မှတ်မှုသည် များစွာအရေးကြီးသည်။ အာလူးအရည်အသွေးကို ဆုံးဖြတ်သည့်အချက်များ

    1. အရွယ်အစား - ပုံသဏ္ဍာန် - အဆင့်သတ်မှတ်ခြင်း

    2. ထိခိုက်ဒဏ်ရာများ - အနာအဆာများ - ရောဂါများ

    3. ဒြပ်ခြောက်ပစ္စည်း (Dry matter)

    4. အာလူးကြော်၏ အရောင် - အရသာ- အနေအထားပုံစံ

     5. အာလူးမဟုတ်သည့် အခြားသောအရာများ (အမှိုက်သရိုက်များ၊ ပေါင်းမြက်များ ပါဝင်မှု မရှိစေခြင်း။)

     အာလူးအရည်အသွေး တိုင်းတာချက်များ

    အာလူးမျိုးအလိုက် မတူညီသော ပုံသဏ္ဍာန်၊ အရွယ်အစား ကွဲပြားမှု တို့သည်ထုတ်ကုန် အသွင် အပြင်ကိုထင်ဟပ်မှု ရှိသည်။ မျက်စိအချိုင့်နက်သောအာလူးမျိုးများသည် မျက်စိအချိုင့်တိမ်သော အာလူးမျိုးများထက်

    ဖြတ်ထုတ်ရမည့်အပိုင်းများသည့် အတွက်ကြောင့် အာလူး ပိုသုံးရမည်။

    အာလူး၏ အပြင်ပိုင်း (သို့မဟုတ်) အတွင်းပိုင်း ဒဏ်ရာအနာအဆာ တစ်ခုချင်းစီသည် အပြီးသတ်ထုတ်ကုန်ရရှိသည်အထိ သက်ရောက်မှုရှိသည်။ ထိုအတွင်းပိုင်း ဒဏ်ရာအနာအဆာများသည် ရိတ်သိမ်းချိန်နှင့် သယ်ယူ ပို့ဆောင်ချိန် ကာလအတွင်း ကြမ်းတမ်းစွာကိုင်တွယ်မှုများကြောင့်ဖြစ်ပေါ်တတ်သည်။2mmအောက်ရှိ အစက်အပြောက်များကို အပြစ်အနာအဆာဟု သတ်မှတ်၍ မရပါ။

    မိမိအသုံးပြုလိုသော အာလူးထုတ်ကုန်ပေါ်မူတည်၍ ဒြပ်ခြောက်ပစ္စည်း (dry matter)ပါဝင်မှု ရာခိုင်နှုန်းမှာ အောက်ပါအတိုင်းဖြစ်သည်။

    -စားအာလူး - 16-19%

    -အာလူးချောင်းကြော် - 20-22%

    -အာလူးအချပ်ကြော် - 22-24%

    -သကြားပါဝင်မှုများလေလေ အညိုရောင် သန်းလေဖြစ်သည်။

    အာလူးအရည်အသွေးစစ်ဆေးအကဲဖြတ်မှု ဥပမာ

    အာလူးနမူနာယူခြင်း

    - အာလူးအလုံးရေ ၁၀၀ ကို အာလူးပုံ၏ နေရာစုံမှ( အနိမ့်၊ အမြင့်၊ အလယ်) ကျပန်းကောက်ယူပါ။

    - အာလူးအပြင်ဘက်ကို စစ်ဆေးပါ - အာလူးပုံသဏ္ဍာန်၊ အရွယ်အစား၊ အလျားစသဖြင့် တွေ့မြင်ရသည့်အရာရာတိုင်းကို သုံးသပ်ပါ။

    အောက်ပါအချက်များနှင့် ကိုက်ညီနေသော အာလူးများကို ဖယ်ရှားပါ။

    - အာလူး အလျား၃ပုံမှာ ၁ပုံထက်ပိုရှည်သော အက်ကွဲကြောင်းများ၊ အချိုးအစားပုံမကျသော အာလူးများ

    -အာလူးမျက်နှာပြင်ဧရိယာထက် ၁၀ရာခိုင်နှုန်းပိုနေသော ထိရှဒဏ်ရာများ၊ အရေပြား ပွန်းပဲ့ဒဏ်ရာများ၊ နေပူလောင်ခြင်း၊ အစိမ်းရောင်သန်းခြင်း၊ ဆီးနှင်းရိုက် ဒဏ်ရာများနှင့် အာလူးအပုပ်များ

    -1cm အထက်ရှိသော အညှောင့်ပေါက်ခြင်း (ကုန်ချောထုတ်လုပ်မှု ဖြစ်စဉ်တွင် တွေ့ရသော ပြဿနာဖြစ်သည်။)

    -ထိခိုက်ပျက်စီးမှုကို အကဲဖြတ်ရန် အာလူးမျက်နှာပြင် ဧရိယာ စုစုပေါင်း၏၁၀%ကို မြင်သာစေရန် သတ်မှတ်ခွဲခြားရမည် ဖြစ်သည်။ အသုံးဝင်သည့် နည်းလမ်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

    -အရွယ်အစားအသေးဆုံးနှင့်အကြီးဆုံး အာလူး တစ်လုံးစီကို ယူပါ။

    -Marker pen တစ်ချောင်းယူပါ။

    -ထို့နောက် အာလူးမျက်နှာပြင်ပေါ်တွင် ဆန့်ကျင်ဘက်လမ်းကြောင်း ၃ ကြောင်းကို ပုံတွင်ပြထားသည့်အတိုင်း ရေးဆွဲပါ။

    - မျဉ်းကြောင်းများ ရေးဆွဲပြီးလျှင် အနားညီတြိဂံ ၈ခု အဖြစ် ပိုင်းခြားသွားလိမ့်မည်။

    - တြိဂံအပိုင်းတစ်ခုအတွင်း ကြီးမားသောစက်ဝိုင်းပုံရေးဆွဲပြီး ယင်းကို ၁၀%အဖြစ် ယူဆပါ။

     အာလူးအရည်အသွေးညွှန်းကိန်းများ

    -အာလူး၏အတွင်းပိုင်း ချို့ယွင်းချက်များကို သိရှိနိုင်ရန် နမူနာ အဖြစ် သတ်မှတ် ထားသော အာလူးများအားလုံးကို ပိုင်းဖြတ် စစ်ဆေးရန် လိုအပ်သည်။

    -မျက်နှာပြင်ကြီးကြီးပိုင်းဖြတ်နိုင်ရန် အောက်ပါနည်းလမ်းများအတိုင်းပိုင်းဖြတ်ပါ။

    -5mm ထက်နက်သော ချို့ယွင်းမှုများ၊ စက်ပစ္စည်းဖြင့် ထိခိုက်မိခြင်းကြောင့် အာလူးအသားပေါ်တွင် အနက်ရောင်/ အပြာရောင်ဖြစ်ပေါ်မှု၊ အာလူး အပုပ်များ၊ အင်းဆက်စားသုံးဖျက်ဆီးထားသည့် အာလူးများကို အပြစ် အနာ အဆာအဖြစ် သတ်မှတ်ပါ။

    -1cm ပတ်လည်အကွက်ထက်ကြီးသော အတွင်းပိုင်းအခေါင်းပေါက် (သို့မဟုတ်) အမဲရောင် အခေါင်းပေါက် (hollow or black heart )၊ အစက် အပြောက် အစွန်းအထင်းများ၊ အတွင်းပိုင်း အညှောင့်ထွက်ခြင်းများကို ရောဂါ ကျရောက် ထားသော အာလူးများဟု သတ်မှတ်နိုင်ပါသည်။

    ပင်စည်ရိုးတံဖျက်ဆီးခြင်း (Haulm killing)

    ပင်စည်ရိုးတံဖျက်ဆီးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းအားဖြင့် စက်ဖြင့် အာလူး တူးဖော်ချိန်တွင် လွယ်ကူခြင်း၊ အာလူးခွံများ မာကျော၍ ရိတ်သိမ်းချိန်တွင် ထိခိုက်ပျက်စီးမှုနည်းပါးခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ ပင်စည်ရိုးတံဖျက်ဆီးခြင်း (Haulm killing) ကို ပုံမှန်အားဖြင့်မရိတ်သိမ်းမီ ၁၀- ၁၅ရက် အလိုတွင် ပြုလုပ်ရမည်။

    ပင်စည်ရိုးတံဖျက်ဆီးခြင်း နည်းလမ်း (၃)ခု

    -ပင်စည် ရိုးတံများအားဖြတ်တောက်ခြင်း (ရိတ်သိမ်းချိန် မတိုင်ခင် ပြုလုပ်ပါက အပင်သစ် များထပ်မံထွက်ရှိလိမ့်မည်။)

    -ဓာတုဆေးဖြင့် အသုံးပြုခြင်း။

     -လက်အားဖြင့် ပင်စည်အကိုင်းအခတ်များကို ဆွဲနှုတ်ခြင်း။

    အထွက်နှုန်းကောင်းမွန်မှု ရှိပြီး၊ အရည်အသွေး ကောင်းမွန်သော အာလူးများ ရရှိစေရန်အတွက် စိုက်ပျိုးစဉ်တွင်

    -အပင်ဦးရေ

    -စိုက်ဘောင်အနေအထား

    -အစိုဓာတ်ညီမျှမှု

    -မြေသြဇာအချိုးကျစွာထည့်ခြင်း စသည်တို့ကို စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်သည်။

    Fresh Studio Myanmar/EAT VEG မှ ကူးယူဖော်ပြပါသည်။

     


  • article
  • article
  • article
  • article
likes9comments0
views155views2556