cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

၂၁.၈.၂၀၂၃ မှ ၂၅.၈.၂၀၂၃ရက်နေ့ထိ ဈေးကွက်သုံးသပ်ချက်

. ဈေးကွက်
-ဆန်ကြမ်း၊ဆန်ချောစျေး အားလုံးဆက်တိုက်မြင့်တက်နေ
-စပါးအဝယ်လိုက်နေပြီး အမြင့်စျေးတန်းမှာပဲဆက်ရှိနေ
-မတ်ပဲ၊ပဲစဉ်းငုံနီစျေးအတက်ကြမ်းခဲ့ရာမှ ပြန်လည်ကျဆင်း
-ပဲတီစိမ်း ခုတပတ်မှာစျေးတက်ခြင်း မရှိ အကျစျေးနဲ့ငြိမ်နေ
-အာလူးစျေးက စျေးကွက်မှာ စျေးပြန်ကျသွားပေမယ့် လက်လီစျေးကွက် မှာတော့ စျေးကျတာမရှိ
-ထန်းလျက်ဈေးတွေလည်း ဆက်တိုက်ဈေးမြင့်တက်
  • ဆန်

    ဆန်စျေးကတော့ ဆက်တိုက်မြင့်တက်နေပြီး ခုတပတ်မှာလည်း ဆန်ကြမ်း၊ဆန်ချောအားလုံး တစ်အိတ်ကို ၅၀၀၀ ကနေ ၁၂၀၀၀ အထိ ထပ်မံမြင့်တက်လာပါတယ်။

    ရန်ကုန်ဝါး တန်းကုန်စည် ဒိုင် ဈေးကွက်မှာ ဖျာပုံပေါ်ဆန်းမွေး နှင့် ဒေးဒရဲပေါ်ဆန်းမွှေး က ၁၁၀၀၀၀ က နေ ၁၂၀၀၀၀ အထိ စျေးပေါက်လာပြီး မြောင်းမြ/ပုသိမ် ပေါ်ဆန်းမွှေး က ၁၁၅၀၀၀ က နေ ၁၂၂၀၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံက တစ်အိတ် ကို ၁၀၅၀၀၀ က နေ ၁၁၀၀၀၀ စျေး ပေါက်လာကာ ရွှေဘိုပေါ်ဆန်းကတော့ ၁၄၅၀၀၀ ကျပ်၊ဧည့်မထ ၂၅ မှတ်တန်က ၆၅၀၀၀ ကနေ ၆၈၀၀၀ ကျပ်၊ ကျားပျံရှယ်က ၁၁၇၀၀၀ ကနေ ၁၂၃၀၀၀ ကျပ်စျေးပေါက်လာပါတယ်။

    စလင်းထွက် ဧရာပဒေ သာဆန်ကတော့ ၁၅၈၀၀၀ ကျပ်မှာ စျေးငြိမ်နေ ပါတယ်။

    စပါး

    စပါးကလည်း လက်ရှိမှာ နွေစပါးအသစ်တွေ ရိတ်သိမ်းမှု ပြီးဆုံးတော့မှာဖြစ်လို့ စပါးအဝယ်လိုက်နေပြီး စျေးကလည်းအမြင့်စျေးတန်းမှာပဲဆက်ရှိနေပါတယ်။

    နွေစပါးအသစ် စျေးအနေနဲ့ စပါးအမျိုးအစား၊ အစိုဓာတ် အနည်းအများပေါ်လိုက်ပြီး စပါး ပေါင် ၅၀ တင်း ၁၀၀ ကို ၁၇ သိန်း ကနေ စျေးတန်း စရှိပြီး မိုးစပါး အဟောင်းကတော့ စပါးတင်း၁၀၀ ကို သိန်း ၂၀ ကနေစပြီး ရွှေဘိုပေါ်ဆန်းက သိန်း၄၀ ဝန်းကျင် ရှိတယ်လို့သိရပါတယ်။

    မတ်ပဲ

    အရင်တပတ်က စျေးအတက်ကြမ်းခဲ့တဲ့ မတ်ပဲကတော့ စျေးပြန်ကျဆင်းသွားတယ်လို့သိရ ပါတယ်။ မတ်ပဲက လက်ကျန်နည်းတာ၊ မတ်ပဲအသစ်မပေါ်သေးတာလို့ စျေးကွက်ထဲအဝင်နည်းပေမယ့် ပြည်ပ အဝယ်လိုက်နေတာကြောင့် စျေးတက်လာတာဖြစ်တယ်လို့ ကုန်သည်တွေဆီကသိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၂၄၃၅၅၀၀ စျေးပေါက် ပြီး အရင်ပတ်နဲ့ ယှဥ်ရင် ၅၀၀၀၀ ကျပ်ဝန်းကျင်စျေးပြန်ကျသွားပါတယ်။

    မန္တလေးဈေးကွက်မှာ လည်း မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၂၃၂၀၀၀ ကျပ်ကနေ ၂၄၀၀၀၀ ကျပ် စျေးတန်းရှိလို့ အရင်ပတ်ကထက် ၃၀၀၀ ကျပ်ကျသွားတယ်လို့သိရ ပါတယ်။

    နယ်တွေမှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၇၉၈၀၀ ကျပ်အထိ မြင့်တက်လာလို့ အရင်ပတ်နဲ့ ယှဥ်ရင်၃၅၀၀လောက်မြင့်တက်လာပါတယ်။

    ပဲစဥ်းငုံနီ

    အတက်ကြမ်းခဲ့တဲ့ ပဲစင်းငုံနီကလည်း ခုတပတ်မှာ စျေးပြန်ကျသွားတယ်လို့ ကုန်စည်ဒိုင် တွေဆီက သိရပါတယ်။ ပဲစဥ်းငုံနီကို ပြည်ပက အဝယ်လိုက်နေပေမယ့် ငွေစျေးနူန်းမတည်ငြိမ်မှုဂယက်ကြောင့်ပဲ စျေးကလည်း အတက်အကျ မငြိမ်ဘဲဖြစ်နေတယ်လို့ ဆိုပါတယ်။

    ရန်ကုန်ဈေးကွက်မှာ အရင်တပတ်က ပဲစဥ်းငုံနီ တစ်တန်ကို ၃၆၅၀၀၀၀ ကျပ်အထိရှိခဲ့ပြီး ခုတပတ်မှာတော့ တစ်တန်ကို ၃၅ သိန်းဖြစ်သွားလို့ တစ်တန်ကို ၁ သိန်း ၆၅၀၀၀ ကျပ်အထိ စျေးပြန် ကျသွားပါတယ်။

    မန္တလေးစျေးကွက်မှာလည်း ပဲစဥ်းငုံနီ စျေးက တစ်အိတ်ကို ၃၃၅၀၀၀ ကျပ် ဖြစ်လာ လို့ အရင် တပတ်က ထက် ၅၀၀၀ ကျပ် ကျဆင်းသွားတာတွေ့ရပါတယ်။

    ပဲတီစိမ်း

    ပဲတီစိမ်းကလည်း ခုတပတ်မှာလည်း စျေးတက်လာခြင်း မရှိပဲ အကျစျေး တန်းနဲ့ငြိမ်နေ တယ်လို့ သိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၅၀၀ ကျပ်၊ ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၂၅၀ ကျပ် ၊ပဲတီစိမ်း(ဝါးခယ်မ)က တစ်ပိဿာကို ၂၆၆၅ ကနေ ၃၁၇၀ ကျပ် အရင် စျေးတန်းမှာပဲငြိမ်နေပါတယ်။

    မန္တလေးဈေးကွက်မှာလည်းပဲတီစိမ်း(အညာ)တစ်အိတ်ကိုအနိမ့်ဆုံး ၁၄၅၀၀၀ ကနေ ၁၆၈၀၀၀ ကျပ်ဖြစ်လို့ အရင်တပတ်ကထက် ၂၀၀၀ လောက် စျေးပြန်ကျသွား တယ် လို့သိရပါတယ်။

    ပဲတီစိမ်းက လက်ကျန်နည်းသလို တရုတ်ကလည်း အရည်အသွေးပေါ်လိုက်ပြီး ဝယ်ယူ နေလို့ စျေး တန်းက ငြိမ်နေတာဖြစ််ကြောင်း၊ လက်ရှိမှာ မန္တလေးအနီးတဝိုက်ဒေသတွေကနေ မန္တလေး ကုန်စည်ဒိုင်စျေးကွက်ကို ပဲတီစိမ်းတွေဝင်ရောက်မှုရှိနေတယ်လို့ သိရပါတယ်။

    အာလူး

    အာလူးကလည်း စျေးကွက်မှာ စျေးပြန်ကျသွားပေမယ့် လက်လီစျေးကွက် မှာတော့ စျေးကျတာ မရှိသေးပါဘူး။

    ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ အရင်တပတ်က အာလူး ၁ ပိဿာကို ၂၃၀၀ ကျပ်ရှိခဲ့ပြီး ခုတပတ်မှာတော့ ၂၁၀၀ ကျပ်ကနေ ၂၁၅၀ ကျပ်အထိ ပြန်ကျလာတာဖြစ်တယ်လို့သိရပါတယ်။

    လက်လီစျေးကွက် မှာတော့ တစ်ပိဿာကို ၄၀၀၀ ကျပ်အထိ ရောင်းချနေကြဆဲဖြစ်ပါတယ်။

    ဘုရင့်နောင် စျေးကွက်ကို တပတ်အတွက်း အာလူးကား အစီးရေ ၅၉ စီးဝင်ရောက်မှုရှိပြီး အာလူးကုန်ချိန် ၃၅၄၀၀၀ ရှိခဲ့တယ် လို့သိရပါတယ်။

    ထန်းလျက်

    ထန်းလျက်ဈေးတွေလည်း ဆက်တိုက်ဈေးမြင့်တက်လာပါတယ်။‌‌ေဈးကွက်အတွင်း ကုန်ကြမ်းရှားပါး သည့်အပြင် ဝါတွင်းကာလ ဝယ်ယူမှုများပြားသည့် အတွက်ဈေးမြင့်တက်နေတာ ဖြစ်တယ်လို့ ထန်းလျက် ရောင်းချသူများထံမှ သိရသည်။

    ရန်ကုန်ဈေးကွက်မှာ ထန်းလျက် (တောင်သူ၊မလိုင်၊ညောင်ဦး၊ရေစကြို)တို့က တစ်ပိဿာကို ၃၇၀၀ မှ ၄၅၅၀ ကြားပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းတစ်ပိဿာကို ၅၀ မှ ၄၀၀ကြားဈေးမြင့်တက်လာသည်။

    Exclusive Content For Htwet Toe - ထြက္တိုး


    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes9comments0
views94views2129