cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်ပဆန်တင်ပို့မှု လိုင်စင်သစ်ထုတ်ပေးမှုကို ယာယီဆိုင်းငံ့ရန် တင်ပြထား

. သတင်းစုံ
ဆန်တင်ပို့မယ့် ကုမ္ပဏီတွေကို ပြည်ပဆန်တင်ပို့မှု လိုင်စင်အသစ် ထုတ်ပေးတာကို အခုဩဂုတ်လကုန်က စတင်ပြီး ၄၅ ရက်ကြာ ယာယီဆိုင်းငံ့သွားဖို့ တင်ပြထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
  • ပြည်တွင်းဆန်ဈေးမြင့်တက်နေမှုကို ထိန်းချုပ်ဖို့အတွက် ပြည်ပကို ဆန်တင်ပို့မှု လိုင်စင်အသစ် ထုတ်ပေးတာကို ၄၅ ရက်ကြာ ယာယီဆိုင်းငံ့သွားဖို့ တင်ပြထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းက ပြောပါတယ်။ လက်ရှိမှာတော့ ဆန်တင်ပို့မယ့် ကုမ္ပဏီတွေကို ပြည်ပဆန်တင်ပို့မှု လိုင်စင်အသစ် ထုတ်ပေးတာကို အခုဩဂုတ်လကုန်က စတင်ပြီး ၄၅ ရက်ကြာ ယာယီဆိုင်းငံ့သွားဖို့ တင်ပြထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ပြည်ပဆန်တင်ပို့မှု လိုင်စင်အသစ်ကို ယာယီဆိုင်းငံ့လိုက်မယ်ဆိုရင် ပြည်တွင်းဆန်ဈေးအပေါ် အနည်းငယ် သက်ရောက်မှု ရှိနိုင်မယ်လို့လည်း ဦးနေလင်းက ပြောပါတယ်။ ပြည်တွင်းဆန်ဈေး ကျဆင်းရေးအတွက် အရန်ဆန်ရောင်းချပေးနေတာကိုလည်း နိုင်ငံတစ်ဝန်းမှာ လုပ်ဆောင် နေပြီး ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုလည်း အရန်ဆန်အိတ်ရေ နှစ်သိန်းကျော် ပေးပို့ထားတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ဆန်ဈေးနှုန်းတည်ငြိမ်စေဖို့အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ ဆန်ကုန်သည်အသင်းအဖွဲ့တွေ ပူပေါင်းပြီး ရန်ကုန်မှာ ဩဂုတ် ၇ ရက်က စတင်ကာ လက်လီဈေးထက် သက်သာတဲ့ဈေးနဲ့ ဆန်အိတ်တွေ ထုတ်ရောင်းပေးနေတာကလည်း အခုထိဆိုရင် ဆန်အိတ်ရေ နှစ်သောင်းလောက်ထိ ရောင်းချပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

    One News Myanmar မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes10comments0
views102views3424