cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး လက်ကျန်နည်းလာခြင်းကြောင့် အမြင့်ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေ

. ဈေးကွက်
ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး အမြင့် ဈေးတွေနဲ့အရောင်းအဝယ် တည် ငြိမ်နေပါတယ်၊
  • ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး လက်ကျန်နည်းလာခြင်းကြောင့် အမြင့်ဈေးဖြင့်သာ အရောင်းအဝယ် ဖြစ်နေကြောင်း ကုန်သည်များထံက သိရသည်။ ပြည်တွင်းပဲ၊ နှမ်း ဈေး ကွက်တစ်ခုလုံး လက်ကျန်နည်း လာခြင်းကြောင့် အမြင့်ဈေးများ ဖြင့်သာ အရောင်းအဝယ်ကောင်း နေပြီး အသစ်ဝင်နှမ်းမျိုးစုံမှာ တရုတ်ဝယ်လက်၏ ဝယ်လိုအား နှင့် နှမ်းထွက်ရှိမှုနည်းပါးခြင်း ကြောင့် စံချိန်တင်ဈေးမြင့်တက်နေ ခြင်း ဖြစ်သည်။

    ဩဂုတ်လကုန်ပိုင်းတွင် ပြည်တွင်းသုံးကုလားပဲအုပ်စု ဈေး မြင့်တက်နေရာမှ အနည်းငယ် ကျဆင်းသွားကြောင်း၊ အသစ်ဝင် နှမ်းဖြူများမှာ ဆက်လက်ဈေး မြင့်တက်နေရာ ဂျပန်နှမ်းဖြူတစ် အိတ်လျှင် ငွေကျပ် ၄၅၀ç၀၀၀ အထိ စံချိန်တင်ဈေးကောင်း လာကြောင်း စားအုန်းဆီဈေး မြင့်တက်နေခြင်းကြောင့် ပြည်တွင်း မြေပဲဆန်ဈေးမှာလည်း လိုက်ပါ ဈေးမြင့်တက်နေကြောင်း၊ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး အမြင့်ဈေး ဖြင့် အရောင်းအဝယ်ပုံမှန်သာ ရှိနေကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။    

    `` ပြည်တွင်းသုံးကုလားပဲဈေး များဈေးပြန်အေးသွားပါတယ်၊ အသစ်ဝင်နှမ်းဖြူတွေကတော့ ဈေးဆက်ကောင်းနေပါတယ်၊ ရိုး ရိုးနှမ်းဖြူတွေလည်း တစ်အိတ် လျှင် ငွေကျပ် လေးသိန်းကျော် ပေါက်ဈေးရှိပါတယ်၊ ပို့ကုန်ပဲ တီစိမ်းကတော့ ဈေးအေးနေဆဲပါ၊ တစ်အိတ်လျှင် ငွေကျပ် ၁၇၀၀၀၀ လောက် ပေါက်ဈေးရှိပါတယ်၊ မတ်ပဲလည်း ဈေးဆက်လက်မြင့် တက်နေပါတယ်၊ ပဲစင်းငုံကတော့ လက်ကျန်လည်း နည်းလာတော့ ဈေးကွက်ပျောက်နေပါတယ်။ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး အမြင့် ဈေးတွေနဲ့အရောင်းအဝယ် တည် ငြိမ်နေပါတယ်၊ မြေပဲအနီလုံးဆန် ကတော့ လက်ကျန်နည်းလာလို့ တစ်ပိဿာလျှင် ငွေကျပ်တစ်သောင်း ကျော်အထိ ပေါက်ဈေးရှိလာပါ တယ်။´´ ဟု ၎င်းက ပြောသည်။

    ဩဂုတ် ၂၃ ရက်တွင် သုံး တင်းဝင် မတ်ပဲ ပိဿာ ၆၀ တစ် အိတ်လျှင် ငွေကျပ် ၂၃၅၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၃၃၅၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပဲတီ စိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၁၆၈၀၀၀ ပေါက်ဈေးဖြစ်လာ သည်။

     ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးမြင့်တက်နေရာမှ အနည်းငယ်ပြန်လည်ကျဆင်း သွားရာ ဩဂုတ် ၂၃ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၆၈၀၀၀၊ V7 တစ် အိတ်လျှင် ငွေကျပ် ၂၇၇၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၈၀၀၀ ပေါက်ဈေး ဖြစ်လာသည်။

    ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၁၅၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၃၇၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ် ငွေ ကျပ် ၂၄၀၀၀၀၊ မြေပဲအနီလုံး ဆန်(ဝိုင်း)တစ်ပိဿာ ငွေကျပ် ၁၀၄၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

    နှမ်းမျိုးစုံဈေးကွက်မှာ ယခင် သီတင်းပတ်ထက် အနည်းငယ် ဈေးပြန်တက်လာရာ နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၅၀၀၀၀၊ နှမ်းညို တစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ နှမ်းနက်စမုံတစ်အိတ်လျှင် ငွေကျပ် ၄၀၅၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

    ရွှေမန်း

    မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes8comments0
views66views3860