cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အပတ်စဥ် မိုးလေဝသခန့်မှန်းချက်နှင့် စိုက်ပျိုးရေးအကြံပြုချက် (ဧရာဝတီတိုင်းဒေသကြီး)

. ရာသီဥတု သတင်းများ
ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ်၊ ပန်း‌တနော်မြို့နယ်တို့တွင် ယ‌နေ့မှ သြဂုတ်လ ၂၉ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ မြောင်းမြမြို့နယ်မှာ ယနေ့မှ ၂၉ ရက်နေ့အထိ ရာနှုန်းပြည့် နီးပါး ရွာသွန်းနိုင်ပါတယ်။ ကျိုက်လတ်မြို့နယ်မှာလည်း ယနေ့မှ ၂၉ ရက်နေ့အထိ ၉၅ ရာခိုင်နှုန်းဝန်းကျင် မိုးဆက်လက် အားကောင်းနိုင်ပါတယ်။
  • ၁။ ဟင်္သာတမြို့နယ်   

    ၂၈ ရက်နေ့တွင် မိုးရွာရန် ရွာနှုန်း ၉၅ ရာခိုင်နှုန်း ဝန်းကျင်ရှိပြီး မိုးအားကောင်းနိုင်ပါတယ်။ ၂၉၊ ၃၀ ရက်များမှာတော့ ၆၀ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိပါတယ်။ ၃၁ ရက်နေ့မှာတော့ ၈၀ ရာခိုင်နှုန်းအထိ မိုးပြန်လည် ရွာသွန်းနိုင်ပါသည်။   

    ၂။ ညောင်တုန်းမြို့နယ်  

     ၂၈မှ၂၉ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ၃၀ ရက်နေ့မှာ မိုးရွာနှုန်း လျော့နည်းနိုင်ပြီး ၃၁ ရက်နေ့မှာတော့ ၈၀ ရာခိုင်နှုန်း မိုးရွာနိုင်ပါတယ်။

    ၃။ မအူပင်မြို့နယ်   

    ၂၈၊ ၂၉ ရက်များမှာတော့ ရွာနှုန်း ပြန်လည်အားကောင်းလာပြီး ၉၀ ရာခိုင်နှုန်းကျော် ရှိပါမယ်။ တစ်ဖန် ၃၀၊ ၃၁ ရက်များမှာတော့ ၇၀ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိပါမယ်။

    ၄။ မြောင်းမြမြို့နယ်  

    ၂၈မှ၂၉ ရက်နေ့အထိ ရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်ပါတယ်။ ၃၀၊ ၃၁ ရက်တို့မှာတော့ ၈၀ ရာခိုင်နှုန်းခန့်သာ ရွာသွန်းနိုင်ပါတယ်။  

    ၅။ ဓနုဖြူမြို့နယ် 

     ၂၈မှ၂၉ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ၃၀ ရက်နေ့မှာ မိုးရွာနှုန်း လျော့နည်းနိုင်ပြီး ၃၁ ရက်နေ့မှာတော့ ၈၀ ရာခိုင်နှုန်း မိုးရွာနိုင်ပါတယ်။

    ၆။ ပန်း‌တနော်မြို့နယ် 

    ၂၈ရက်မှ ၂၉ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ၃၀ ရက်နေ့မှာ မိုးရွာနှုန်း လျော့နည်းနိုင်ပြီး ၃၁ ရက်နေ့မှာတော့ ၈၀ ရာခိုင်နှုန်း မိုးရွာနိုင်ပါတယ်။ 

    ၇။ ကျိုက်လတ်မြို့နယ်  

     ၂၈ မှ ၂၉ ရက်နေ့အထိ မိုးရွာရန် ၉၅ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်။ ၃၀၊ ၃၁ ရက်တို့မှာတော့ ၇၀ ရာခိုင်နှုန်းခန့်သာ ရွာသွန်းနိုင်ပါတယ်။

    ၈။ ဝါးခယ်မမြို့နယ် 

     ၂၈မှာတော့ မိုးရွာရန်ရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်း ဝန်းကျင်ရှိပြီး မိုးအားကောင်းနိုင်ပါတယ်။ ၂၉ ရက်‌နေ့မှာတော့ ၆၀ ရာနှုန်းအထိ လျော့ကျနိုင်ပါတယ်။ လကုန် ၃၀၊ ၃၁ ရက်တို့မှာ မိုးရွာရန် ရာနှုန်းပြည့် နီးပါးအထိ ပိုမိုအားကောင်းလာနိုင်ပါတယ်။

    ၉။ ကျုံပျော်မြို့နယ် 

    ၂၈၊ ၂၉ ရက်တို့မှာ မိုးအားကောင်းလာပြီး ၉၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ၃၀၊ ၃၁ ရက်တို့မှာတော့ ရွာနှုန်း လျော့ကျလာပြီး ၇၀ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိပါတယ်။

    ၁၀။ ဇလွန်မြို့နယ် 

    သြဂုတ်လ ၂၈ ရက်နေ့အထိ မိုးရွာရန် ရွာနှုန်း ၉၀ ရာခိုင်နှုန်း ဝန်းကျင်ရှိပြီး မိုးအားကောင်းနိုင်ပါတယ်။ ၂၉၊ ၃၀ ရက်များမှာ ၆၀ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိပါတယ်။ ၃၁ ရက်နေ့မှာတော့ ၈၀ ရာခိုင်နှုန်းအထိ မိုး ပြန်လည် ရွာသွန်းနိုင်ပါတယ်။   

    ထွက်တိုးမှစိုက်ပျိုးရေးအကြံပြုချက်များ      

    ယခုကာလတွင် စပါးပင် မှို့ကပ်ကာလ ဖြစ်သည့်အတွက်ကြောင့် စပါးစိုက်ခင်းအတွင်း ပုလဲမြေဩဇာ တစ်မျိုးတည်း ကျွေးခြင်းထက် အာဟာရစုံ ပါဝင်သည့် ကွန်ပေါင်း ဓါတ်မြေဩဇာများ (သို့မဟုတ်) ပိုတက်ဆီယမ် မြေဩဇာကို ထည့်သွင်းပေးပါ။ စပါးပင်ပိုင်းနှင့် စပါးနှံ သန္ဓေတည်သည့် အဆင့်တွင် ဖြုတ်ညိုပိုး၊ ကျရောက်မှု ဖြစ်ပွားနိုင်ပါသည်။ စပါးပင်ခြေနှင့်ရေစပ်တွင် ဖြုတ်ညိုပိုးကျရောက်နေမှု ရှိမရှိ စစ်ဆေးပေးနိုင်ပါသည်။ အပင်ရောဂါ အနေဖြင့် ဘတ်တီးရီးယား ရွက်ခြောက်နှင့် ရွက်ညိုပြောက်ရောဂါ တို့ကိုလည်း ကြိုတင်ကာကွယ်ပါ။ စပါးဘတ်တီးရီးယား ပင်စည်ပုပ်ရောဂါ၊ စပါးဂုတ်ကျိုးရောဂါ၊ စပါးရွက်ဖုံးပုပ်ရောဂါနှင့် မှိုနှံသီးရောဂါများကိုလည်း အထူးဂရုပြုပါ။ ယခုအချိန်တွင် စပါးနှံစုပ်ပိုးကို အထူးသတိထား စောင့်ကြည့်ရန် လိုအပ်ပါမည်။ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် အားဆေး တို့ဟာ အသုံးပြုပြီး အနည်းဆုံး ၄နာရီအထိ အပင်ပေါ်ရှိနေမှ အစွမ်းပြတာကြောင့် ယခုလို မိုးရာသီကာလမှာ အသုံးမပြုမှီ ရာသီဥတု အနေအထားကို မပြတ်စောင့်ကြည့်ပြီးမှသာ ချင့်ချိန်သုံးစွဲပါ။ ကော်ရည်ကပ်ဆေးကို ထည့်သုံးပေးပါ။ ထွက်တိုးတွင် နာရီအလိုက် မိုးလေဝသ ခန့်မှန်းချက်များကို ရယူနိုင်ပြီး အကြံပြုချက် ရယူလိုပါက ၀၉ ၉၇၇၉၁၀၀၀၀ ကို ဆက်သွယ် ဆွေးနွေးနိုင်ပါသည်။   

    Source:CIAT  




  • article
likes12comments0
views141views4512