cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အောင်မြင်တဲ့ လယ်သမားတစ်ယောက်ဖြစ်ဖို့ရာ (ဥယျာဉ်မှူးတစ်ယောက်ဖြစ်ဖို့ရာ)

. သတင်းစုံ
အပင်စိုက်တာဘဲ ဖြစ်ဖြစ်၊ တိရစ္ဆာန်မွေးမြူတာဘဲ ဖြစ်ဖြစ် စိုက်ပျိုးရေး လုပ်ကိုင်ပြီဆိုတာနဲ့ ရလဒ်တစ်ခု ရဖို့အတွက် အချိန်အတိုင်းအတာ တစ်ခုထိ ကြာပါတယ်။ ဒါ့အပြင် ကိုယ်က သေသေချာချာပြုစုပေးခဲ့တာကြောင့် ရလဒ်ကောင်းတွေဘဲ ရရှိလိမ့်မယ်ဆိုတဲ့ အာမခံချက်တွေ ရှိမနေပါဘူး။ ပိုးမွှားရောဂါပျံ့ပွားမှု၊ ရာသီဥတု ဖောက်ပြန်မှု၊ စျေးကွက်ထဲမှာ သီးနှံတွေအလျှံပယ် ပေါများနေမှု စတဲ့ မခန့်မှန်းနိုင်တဲ့ အခြေအနေတွေကြောင့် ပြန်ရလာမယ့် အထွက်နှုန်းကိုလည်း ကြိုပြီး မျှော်မှန်းထားလို့ မရနိုင်ပါဘူး။ အောင်မြင်တဲ့ လမ်းကြောင်းပေါ် ရပ်မယ့် စိုက်ပျိုးသူတစ်ယောက်အနေနဲ့ ဒီလိုအချက်တွေကြောင့် အလွယ်တကူ စိတ်တွေဖယ်မသွားသင့်ပါဘူး။ ဒီအစား နောက်တစ်ကြိမ် စိုက်ပျိုးဖို့ စီစဉ်ဆွဲတဲ့အခါ မှန်ကန်ဖို့၊ အောင်မြင်ဖို့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ၊ အတွေ့အကြုံတွေကနေ သင်ယူပြီး ကောင်းကောင်း ပြင်ဆင်ထားဖို့ လိုပါမယ်။
  • ၁။ စိတ်ရှည်ရပါမယ် 

    အပင်စိုက်တာဘဲ ဖြစ်ဖြစ်၊ တိရစ္ဆာန်မွေးမြူတာဘဲ ဖြစ်ဖြစ် စိုက်ပျိုးရေး လုပ်ကိုင်ပြီဆိုတာနဲ့ ရလဒ်တစ်ခု ရဖို့အတွက် အချိန်အတိုင်းအတာ တစ်ခုထိ ကြာပါတယ်။ ဒါ့အပြင် ကိုယ်က သေသေချာချာပြုစုပေးခဲ့တာကြောင့် ရလဒ်ကောင်းတွေဘဲ ရရှိလိမ့်မယ်ဆိုတဲ့ အာမခံချက်တွေ ရှိမနေပါဘူး။ ပိုးမွှားရောဂါပျံ့ပွားမှု၊ ရာသီဥတု ဖောက်ပြန်မှု၊ စျေးကွက်ထဲမှာ သီးနှံတွေအလျှံပယ် ပေါများနေမှု စတဲ့ မခန့်မှန်းနိုင်တဲ့ အခြေအနေတွေကြောင့် ပြန်ရလာမယ့် အထွက်နှုန်းကိုလည်း ကြိုပြီး မျှော်မှန်းထားလို့ မရနိုင်ပါဘူး။ အောင်မြင်တဲ့ လမ်းကြောင်းပေါ် ရပ်မယ့် စိုက်ပျိုးသူတစ်ယောက်အနေနဲ့ ဒီလိုအချက်တွေကြောင့် အလွယ်တကူ စိတ်တွေဖယ်မသွားသင့်ပါဘူး။ ဒီအစား နောက်တစ်ကြိမ် စိုက်ပျိုးဖို့ စီစဉ်ဆွဲတဲ့အခါ မှန်ကန်ဖို့၊ အောင်မြင်ဖို့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ၊ အတွေ့အကြုံတွေကနေ သင်ယူပြီး ကောင်းကောင်း ပြင်ဆင်ထားဖို့ လိုပါမယ်။   

    ၂။ ကျောင်းသားစိတ်ဓာတ်မွေးမြူရပါမယ် ( စူးစမ်းသင်ယူလိုစိတ်ရှိရပါမယ်)  

    နည်းပညာအသစ်၊ ပတ်ဝန်းကျင်အသစ်၊ နည်းလမ်းအသစ်တွေကို လက်ခံကျင့်သုံးချင်စိတ်ရှိရမယ်။ လုပ်ချင်စိတ်ဆန္ဒရှိရမယ်။ ခေတ်စနစ်၊ နည်းစနစ်တွေ တိုးတက်လာတာနဲ့အမျှ ကိုယ်တို့ စိုက်ပျိုးသူတွေလည်း လက်ခံကျင့်သုံးဖို့ လိုပါမယ်။ စူးစမ်းလ့လာလိုစိတ်ဟာ ကျောင်းသားတို့ရဲ့စိတ်ဓာတ်ပိုင်းနဲ့ အတူရှိနေတာဖြစ်ပါတယ်။ တောင်သူတစ်ယောက်အနေနဲ့ဆိုရင် အောင်မြင်မှုလမ်းစကို ရှာတွေ့ဖို စူးစမ်းလိုစိတ် အများကြီး ရှိဖိုလိုအပ်ပါတယ်။ ဥပမာ- ရာသီဥတုဖောက်ပြန်ဒဏ်ခံနေရတဲ့ လယ်တွေမှာဆိုရင် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိတဲ့မျိုးတွေ မျိုးစပ်ပြီး ထုတ်လုပ်အသုံးပြုဖို့လိုပါမယ်။ 

    ၃။ နည်းပညာနဲ့ကျွမ်းကျင်မှုရှိရမယ် 

    နည်းပညာသိရင် ကျွမ်းကျင်မှုလည်း များလာမှာ ဖြစ်ပါတယ်။ အကြောင်းအရာအသစ်တွေ သင်ယူတဲ့အခါ စိုက်ခင်းရဲ့ အခြေအနေအားလုံးကို သိဖို့လိုပါတယ်။ သီးနှံတွေအားလုံးအကြောင်း သိဖို့လိုပါမယ်။ ဘယ်သီးနှံတွေက ကိုယ့်စိုက်ခင်းနဲ့ သင့်တော်သလဲ၊ သူတို့ဘယ်လို ကြီးထွားဖွံဖြိုးလဲဆိုတာ သိဖို့လိုပါမယ်။  

    ၄။ ပြဿာတွေကို ဖြေရှင်းတတ်ရမယ် 

    စိုက်ပျိုးရေးလုပ်ကိုင်သူတစ်ယောက်အနေနဲ့ ကြုံ‌လာရတဲ့ အခက်အခဲတွေကို ဖြေရှင်းတတ်ရမယ်။ စိုက်ရာသီကာလ တစ်လျှောက်မှာကို စိန်ခေါ်မှုအခက်အခဲတွေ အမျိုးမျိုး ပေါ်ပေါက်လာနိုင်တာကြောင့် ခွဲခြမ်းစိတ်ဖြာပြီး အရေးကြီးမှုအလိုက် ဖြေရှင်းတတ်ဖို့ လိုပါတယ်။ အောင်မြင်တဲ့ လယ်သမားတစ်ယောက်ဟာ လယ်ယာလုပ်ငန်းမှာ ကြုံတွေ့လာရတဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းရမယ်၊ ဘယ်လိုစီမံခန့်ခွဲရမယ် ဆိုတာ ကောင်းကောင်းသိပါတယ်။ ကျရောက်နေတဲ့ ရောဂါတွေကို ဘယ်ဆေးအဆိပ်သုံးပြီး တိုက်ထုတ်မလဲ၊ သီးနှံပင်တွေ လိုအပ်ချိန်မှာ အာဟာရ ကျွေးနိုင်ဖို့၊ အချိန်မှီ သီးနှံတွေ ရိတ်သိမ်းနိုင်ဖို့ ဘယ်လို စီမံခန့်ခွဲမလဲ၊ စျေးနှုန်းအတက်အကျဖြစ်တာကို ရှောင်ရှားနိုင်အောင် စိုက်ရာသီ ဘယ်လိုပြုပြင်မလဲ စတဲ့ အချက်တွေကို ဆုံးဖြတ်ချပြီး ဖြေရှင်းတတ်ရပါမယ်။ ဥပမာ- မိမိစိုက်ပင်တွေမှာ ရောဂါကျနေတာကို ပိုးသတ်ဆေးဖျန်းတာက ထိန်းချုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ရောဂါကျတာကြောင့် ရောဂါ ကာကွယ်၊ ကုသဆေး သုံးပေးမှ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။  

    ၅။ စနစ်ဇယား ရှိရမယ် 

    စိုက်ပျိုးရေး လုပ်ငန်းပိုင်ရှင်တစ်ယောက်အနေနဲ့ အချက်အလက်တွေကို စနစ်ဇယားနဲ့ ထားရှိမှ လယ်ယာလုပ်ငန်း လည်ပတ်ပုံကို ကောင်းကောင်း သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ လယ်ယာလုပ်ငန်း အောင်မြင်ဖို့၊ ရေရှည်လည်ပတ်နိုင်ဖို့အတွက် နေ့စဉ် လုပ်ငန်းတွေကို ပုံမှန်လုပ်ဆောင်ရမယ်။ အသုံးပြုပစ္စည်းကိရိယာတွေကို စနစ်တကျ ထားသိုရမယ်။ စိုက်ပျိုးရာသီအလိုက် စိုက်ပျိုးသီးနှံတွေ၊ လိုအပ်တဲ့ လယ်ယာပစ္စည်းတွေ၊ လုပ်သမားလိုအပ်‌ချက်တွေ စတာတို့ကို ကောင်းကောင်းစီစဉ်တတ်ရမယ်။ 

    ၆။ အတွက်အချက်တော်ရမယ် 

    မိမိစိုက်ခင်းရဲ့ အချက်အလတ်တွေ၊ ကိန်းဂဏန်းဒေတာတွေ ထားရှိထားပြီဆိုရင် အဲ့ဒီအချက်အလတ်တွေကနေ ဆုံးဖြတ်တွေ ပြုလုပ်တဲ့အခါ ကောင်းကောင်း သုံးသပ်တတ်ရပါမယ်။ ကိန်းဂဏန်းတွေဆိုတာ လယ်ယာစိုက်ပျိုးရေးမှာ အလွန် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ငွေကြေးစီမံခန့်ခွဲတတ်မှ ငွေအဝင်အထွက်၊ ဘတ်ဂျတ်၊ အကျိုး၊အမြတ် စတာတို့ကို ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ကိုင်သူတစ်ယောက်အနေနဲ့ ကိန်းဂဏန်းတွက်ချက်တာ အားနည်းတာနဲ့ အခြေခံလုပ်ဆောင်ရမယ့်အချက်တွေ အထိ အားနည်းသွားပါမယ်။ အပင်သက်တမ်းအလိုက် မြေသြဇာကျွေးချိန်၊ ရေသွင်းကာလ၊ ပြုစုပေးရမယ့်အချိန် စတာတို့ကို အချိန်ဇယားဆွဲတာကအစ အားနည်းလာပါမယ်။ 

    ၇။ အရောင်းသမားကောင်းဖြစ်ရမယ် 

    မိမိစတင်ချင်တဲ့နေရာမှာ လုပ်ငန်းစချင်တယ်ဆိုရင် ရောင်းတတ်ဖို့ လိုပါမယ်။ မိမိရဲ့လယ်ယာလုပ်ငန်း ရေရှည်လည်ပတ်နိုင်ဖို့ လူမှုဆက်ဆံရေးကောင်းရမယ်၊ ဈေးကွက်ဖော်ဆောင်တတ်ရမယ်၊ အချိတ်အဆက်ကောင်းရမယ်၊ ဝန်ဆောင်မှု ကောင်းကောင်းပေးတတ်ရပါမယ်။။ ကြွေးမြှီကင်းရှင်းဖို့အတွက်ဆိုရင် အမြတ်ရှာတတ်ရပါမယ်။  

    တောင်သူဦးကြီး၊ တောင်သူမယ်များအားလုံး သီးနှံအထွက်တိုး၊ ဝင်ငွေတိုးပြီး စီးပွားရေးအဆင်ပြေနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက်....  

    ရေးသားသူ  

    နွယ်အေး  

    ကိုးကားချက်  

    https://www.facebook.com/Megleefarms/posts/pfbid0ZiqyoYDrnddur8hCrk9g1dRZLHqcoK6jHYjA1do3mM4ZaYwYKisgPULKnTV5gPx5l 


  • article
likes14comments1
views163views5077