သကြား အမြင့်စျေးတွင်ရှိနေပြီး လာမည့်ကြံကြိတ်ရာသီ ကြံစျေး တစ်သိန်းကျော်ဖြင့် ဝယ်မည်
စျေးကွက်တွင် လက်ကျန် နည်းလာပြီး ဖြစ်သည့် အတွက် သကြားစျေးအမြင့်စျေးတွင်ရှိနေပြီး လာမည့်ကြံကြိတ်ရာသီကြံစျေး တစ်သိန်းပေးဝယ်မည် ဖြစ်ကြောင်း သကြား ကုန်သည်များထံမှ သိရသည်။
ယင်းအပြင် လတ်တလော ဒေါ်လာစျေး မှာ မြင့်တက်နေ၍ စျေးမှ အတက်စျေး တွင်ရှိနေခြင်းကြောင်းမြန်မာနိုင်ငံ သကြား နှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များ အသင်း မှ သိရသည်။
ပြီးခဲ့ လက ရန်ကုန်စျေး သကြားတပိဿလျှင် ၃၂၀၀မှ ၃၃၀၀ဝန်းကျင် အထိ သာရှိခဲ့ ပြီး လက်ရှိ ၃၆၀၀မှ ၃၆၅၀အထိ ပေါက်စျေးထိ ရှိနေပြီး တစ်ပိဿာကို ၃၅၀ ကျပ်ဈေး မြင့်တက်လာသည်။
ဒေသ အလိုက် အချိန်နှင့်အမျှ လည်း ဈေးနှုန်းပြောင်းလဲနိုင်ပြီးပြည်တွင်းသကြားဈေး မှာ ပြီးခဲ့သည့် နှစ် များ ဖြင့်ယှဉ်ပါက စျေးနှုန်း တော်တော်များများ တက်လာကြောင်းလည်းသုံးသပ်ကြသည်။
“ပြည်တွင်းမှာလဲ သကြား ရောင်းစရာ သိပ်မကျန်တော့ဘူး၊လက်ကျန်နည်းတာလဲ ပါမယ်။ ငွေစျေးတွေ လဲ တက်တော့သကြားစျေးလဲ လိုက်တက်တာပေါ့။” ဟုမြန်မာနိုင်ငံ သကြား နှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များ အသင်း မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ထို့ပြင် လက်ရှိ လက်ကျန်မှာ သကြားတန်ချိန် တစ်သိန်းခန့် သာရှိတော့ ကြောင်း ခန့်မှန်းကြသည်။
လာမည့် ၂၀၂၃-၂၀၁၄ ကြံကြိတ်ရာသီ အတွက်ပြည်တွင်းသကြားစက်ရုံများ အနေဖြင့် အဖူးအမြစ်ကင်းစင်ကာ သန့်ရှင်းလတ်ဆက် ပြီး စက်ရုံရောက်စျေးကြံတစ်တန် ကို တစ်သိန်းကျော် ပေးကာ ဝယ်ယူ ပေးမည် ဖြစ်ကြောင်း သိရသည်။
" လာမဲ့ ကြံကြိတ်ရာသီ မှာ ငွေရည်ပုလဲ သကြားစက်ရုံ တစ်သိန်းတစ်သောင်း ပေးဝယ်မယ်ကြောငြာထားတယ်။ နဝဒေ သကြားစက်ရုံ ကတော့ တစ်တန်ကို တစ်သိန်းပေးဝယ်မယ်လို့ ကြော်ငြာထားတယ်။ ပြီးခဲ့ တဲ့ရာသီက လဲ သကြားစျေးကောင်း လို့ ၉သောင်းသတ်မှတ်ထားတာကနေ တစ်သိန်းကျော်ထိ တိုးပေးခဲ့တယ်။ သကြားစျေးက အခုနှစ်မှာ နိုင်ငံတကားစျေး မှာလည်း မြင့်တက်နေတော့ ကံကောင်းသွားတာ။ ပြည်တွင်းစာသုံးမူလည်းရှိတော့ အဆင်ပြေတာပေါ့” ဟု သကြားစိုက်တောင်သူ ကို မင်းစိုးကပြောသည်။
သကြားစက်ရုံမှ တစ်သိန်း ကျော် သတ်မှတ်ထားပေမယ့် တောင်သူအများစုကေတာ့ တစ်သိန်း၃ သောင်းမှသာ လောက်ငှ မည်ဖြစ်ကြောင်း ပြောကြားမှုများ ရှိခဲ့သည်။
လက်ရှိ export အနေဖြင့် ဗီယက်နမ် နိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိနေပြီး အဆိုပါ နိုင်ငံသို့ သကြား မကြိတ်ခင် ကြိုတင် စာချုပ်ဖြင့် နှစ်စဉ် တင်ပို့ ရောင်းချ နေခြင်း ဖြစ်ကြောင်း သိရသည်။
ကိုဗစ်ကြောင့် ပြီးခဲ့ သည့် နှစ်များက သကြားစျေးကွက်မှာ အရှုံးပေါ်ခဲ့ ပြီး ကြံစိုက်ဧကများ ကို လျော့ချ စိုက်ပျိုးခဲ့ ခြင်း များလည်း ရှိခဲ့ကာ ယခုနှစ် တွင် စျေးကောင်းရနေသည့် အတွက် သကြားတိုးချဲ့စိုက်ပျိုးလျက်ရှိ ကြောင်း ကြံစိုက် တောင်သူများထံမှ သိရသည်။
တစ်နှစ်လျှင် ပျမ်းမျှ သကြားတန်ချိန် လေးသိန်း ခန့် ထွက်ရှိကြောင်း ကြောင်း ကြံစိုက် တောင်သူများထံမှ
သိရသည်။
မြန်မာနိုင်ငံ၏ ကြံကြိတ်ခွဲရာသီသည် နှစ်စဉ် ဒီဇင်ဘာလတွင် စတင်ကာ ဧပြီလဆန်းပိုင်းတွင် ကုန် ဆုံး လေ့ရှိပြီး ကြံကိုအဓိကအားဖြင့် စစ်ကိုင်းတိုင်း၊ ပဲခူး တိုင်း (အရှေ့ခြမ်းနှင့် အနောက်ခြမ်း)၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် စိုက်ပျိုးနေခြင်းဖြစ် ကြောင်း သိရသည်။
ဖိုးချဲ(AMIA)
Exclusive Content For Htwet Toe - ထြက္တိုး
----
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


