cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နေကြာစေ့နှင့် ကျန်းမာရေး အကျိုးကျေးဇူးများ

. သတင်းစုံ
နေကြာစေ့ကို နေကြာပင်၏ လှပဝင်းဝါသော ပန်းပွင့်မှ မွေးဖွားလာခြင်း ဖြစ်သည်။ နေကြာစေ့လှော်ကို လမ်းဘေးဈေးဆိုင်များ၊ စတိုး

ဆိုင်များမှ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။ နေကြာစေ့လှော်ကို ရှေ့သွားဖြင့် ထောက်ခနဲ့ ကိုက်လိုက်ယုံဖြင့် နေကြာစေ့အခွံက

ထက်ခြမ်းကွဲသွားပြီး အတွင်းမှ အရသာထူးကဲသော နေကြာစေ့အဆံကို ရရှိပါသည်။

  • နေကြာစေ့ကို နေကြာပင်၏ လှပဝင်းဝါသော ပန်းပွင့်မှ မွေးဖွားလာခြင်း ဖြစ်သည်။ နေကြာစေ့လှော်ကို လမ်းဘေးဈေးဆိုင်များ၊ စတိုး

    ဆိုင်များမှ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။ နေကြာစေ့လှော်ကို ရှေ့သွားဖြင့် ထောက်ခနဲ့ ကိုက်လိုက်ယုံဖြင့် နေကြာစေ့အခွံက

    ထက်ခြမ်းကွဲသွားပြီး အတွင်းမှ အရသာထူးကဲသော နေကြာစေ့အဆံကို ရရှိပါသည်။

    နေကြာစေ့လှော်ကို သတင်းစာဖတ်ရင်း ရုပ်ရှင်

    ကြည့်ရင်း သူငယ်ချင်းများနှင့် စကားပြောရင်း စားလေ့ရှိကြသည်။ နေကြာစေ့၏အရသာကို မနှစ်သက်သူ အလွန်ပင်ရှားပေလိမ့်မည်။

    နေကြာစေ့က အရသာကောင်းယုံ သာမက ကျန်းမာရေးအတွက် လွန်စွာ အထောက်အကူပြုသော အစားအစာဖြစ်ကြောင်း တွေ့ရှိရ

    ပါသည်။ နေကြာစေ့၏ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို မျှဝေလိုက်ရပါသည်။

    နေကြာစေ့ကို စားခြင်းဖြင့် နှလုံးသွေးကြော

    ဆိုင်ရာ ရောဂါများကို ကာကွယ်ပေးပါသည်။ ခန္ဓာကိုယ်အဆီ လျှော့ချပေးသည်။ နေကြာစေ့တွင်ပါဝင်သော ဗိုက်တာမင်အီး၊ selenium၊

    copper ဓာတ်တွေက ကင်ဆာအန္တရာယ်မှ လျှော့ချပေးပါသည်။

    အူမကြီးကင်ဆာ၊ ဆီးကြိတ်ကင်ဆာ၊ ရင်သားကင်ဆာတို့မှ ကာကွယ်

    ပေးသည်။ အရိုးနှင့် အာရုံကြောများကိုလည်း အကျိုးပြုပါသည်။ နေကြာစေ့တွင်ပါဝင်သော ဓာတ်တချို့က သွေးဖိအားကို လျှော့ချပေးပြီး

    စိတ်တင်းကြပ်မှုကို လျော့နည်းစေပါသည်။ စိတ်လှုပ်ရှားခြင်း၊ စိတ်ဓာတ်ကျခြင်းတို့မှလည်း သက်သာစေသည်ဟု ပြောပါသည်။

    နေကြာစေ့

    မှာ ပိုတက်စီယမ်<ကယ်ဝပြီး အမှိုင်နိုအက်ဆစ်ပါရှိသည့်အတွက်ကြောင့် ဖြစ်သည်။ နေကြာစေ့မှာ ဖောလစ်အက်ဆစ်၏ အရင်းအမြစ်ဖြစ်

    သော ဖောလိတ်ပါဝင်သဖြင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် အကျိုးပြုပါသည်။

    ဖောလိတ်က DNA အသစ်ထုတ်လုပ်ရာမှာ အရေးပါပြီး ဆဲလ်အသစ် ပြုလုပ်ရာတွင် လိုအပ်သည်။ မွေးကင်းစကလေးများ၏ သင့်တော်

    သော အလေးချိန်ကို ရရှိစေပါသည်။ ဗီတာမင်စီနှင့် Celenium က သွေးဖိအားမြင့်တက်မှုကို ထိန်းချုပ်ပေးပြီး သွေးတိုးမှုလျော့ကျစေ

    သည်။ နေကြာစေ့မှာပါဝင်သော chaline က ဦးနှောက်စွမ်းဆောင်မှု မြင့်မားစေပြီး မှတ်ဉာဏ်ကောင်းစေသည်။

    အဆစ်ရောင်ခြင်းကို

    နေကြာစေ့အဆီမှ ကာကွယ်ပေးသည်။နေကြာစေ့တွင်ပါဝင်သော ဗိုက်တာမင်ဘီက အစာချေအဖွဲ့အစည်းကို ကျန်းမာစေပါသည်။ ဗိုက်တာ

    မင်အေ ပါဝင်သဖြင့် မျက်စိကျန်းမာရေးကို အထောက်အကူပြုပါသည်။ ဇင့်ဓာတ်ပါဝင်၍ ဒဏ်ရာအနာများကို ကျက်စေသည်။

    နေကြာစေ့နှင့် အလှအပဆိုင်ရာ

    နေကြာစေ့မှာ ပါဝင်သည့် ဗိုက်တာမင်အီးကြောင့် အရေပြားကျန်းမာရေးကို အထောက်အကူဖြစ်စေသည်။ အရွယ်တင်နုပျိုခြင်းကို အားပေး

    သည်။ နေလောင်ခြင်း၊အမာရွတ်ဖြစ်ခြင်း၊ အရေပြားတွန့်ရှုံ့ခြင်းကို ကာကွယ်ပေးသည်။ နေကြာဆီက အသားအရည်ကို ချောမွေ့စေပါ

    သည်။ ဝက်ခြံနှင့် အခြားအရေပြားပြဿနာများ လျော့ပါးစေသည်။

    နေကြာစေ့တွင်ပါဝင်သော ဖက်တီးအက်ဆစ်က ဘက်တီးရီးယားများ

    ကို ကာကွယ်ပေးသည်။ နေကြာဆီတွင် ပါဝင်သော Linaleic acid က အသားအရေစိုပြည်စေပြီး အရေပြားကို တောက်ပစေသည်။ ဗိုက်တာ

    မင်အီးကလည်း အရေပြားကို လှပစေပါသည်။ နေကြာစေ့မှာ ပါဝင်သည့် ပရိုတိန်း၊ ဆဲလီနီယမ်၊ ဗိုက်တာမင်အီး၊ ဗိုက်တာမင်ဘီတို့က ဆံပင်

    ကို ကျန်းမာစေသည်။ ဇင့်ဓာတ်နှင့် ဗိုက်တာမင်အီးက ဆံပင်ရှည်ရန် လှုံ့ဆော်ပေးသည်။

    ဗိုက်တာမင်ဘီစစ်က ဆံပင်ကျွတ်ခြင်းကို တားဆီး

    ပေးသည်။ အိုမီဂါ ၆ ပါဝင်သဖြင့် ဆံပင် အစိုဓာတ်ကို ထိန်းသိမ်းပေးသကဲ့သို့ ဃသစစနမ ပါဝင်မှုကြောင့် ဆံပင်ဖြူခြင်းကို တားဆီးပေးသည်။

    နေကြာစေ့ကို သွားရေစာ အဖြစ်လည်းကောင်း၊ ဆီကြိတ်၍လည်းကောင်းစားသုံးနိုင်ပါသည်။ နေကြာစေ့တွင် အံ့မခန်းသည့် ကျန်းမာရေးအ

    ကျိုးကျေးဇူးများ ပါဝင်ကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ သို့သော် “တန်ဆေး၊ လွန်ဘေး” ဟူသော ဆိုစကားအတိုင်း အလွန်အကျွံစားသုံးပါက

    အကျိုးမှ အပြစ်သို့ ဦးတည်နိုင်ပေသည်။

    အဝလွန်ခြင်းကို ဦးတည်သည့် ခန္ဓာကိုယ် အလေးချိန်တိုးခြင်း၊ သွေးဖိအားတိုးခြင်းနှင့် အခြားမလို

    လားအပ်သော ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်နိုင်ပါသည်။ နေကြာစေ့လှော်ကို နေ့စဉ် နို့ဆီဘူးတစ်ဝက်ထက်ပိုမစားသင့်ကြောင်း ဖတ်ရှု

    ရပါသည်။ နေကြာစေ့ကို ကျန်းမာရေး အကျိုးပြုမှုအရ လည်းကောင်း၊ အသားအရေနှင့် ဆံပင်လှပစေခြင်းကြောင့် လည်းကောင်း နေ့စဉ်

    သင့်တော်သော ပမာဏအတိုင်း စားသုံးသင့်ပါကြောင်း အကြံပြုရေးသားလိုက်ပါသည်။

    - ငွေသော်တာ(ကျောက်ပန်းတောင်း)

    မြန်မာတောင်သူကြီးများ ဂျာနယ်


  • article
likes7comments0
views95views5465