ဂျူးမြစ်စိုက်နည်း
ဂျူးမြစ်သည် ဆေးဖက်ဝင် ဟင်းရွက်ပင်ဖြစ်သည်။ သွေးဖိအား ပုံမှန်ဖြစ်စေခြင်း၊ အယ်လ်ဇိုင်းမားနှင့် အိုမင်းရင့်ရော် ခြင်း တို့ကို ကာကွယ်ပေးခြင်း၊ ဗက်တီးရီးယားဗိုင်းရပ်စ်နှင့် မှိုရောဂါများ၊ အရိုးပါးရောဂါ၊ အဆုတ်နှင့် အူလမ်းေကြာင်း ကင်ဆာရောဂါများကိုပါ ကာကွယ်နိုင်သည်ဟု ဆိုကြသည်။
-----------
ဂျူးမြစ် (Chinese Chives – Allium hookeri, Lilliaceae)
ဂျူးမြစ်အပင်သည် အပူချိန်အမြင့်ဆုံး ၈၆ ံF မှ ၉၅ ံ F နှင့် အနိမ့်ဆုံး ၅၀ ံF မှ ၆၄ ံF အတွင်း စိုက်ပျိုးဖြစ်ထွန်းသည်။ လို အပ်သော မိုးရေချိန်မှာ ၄၀ မှ ၅၀ လက်မခန့်ဖြစ်သည်။ ဂျူးမြစ်ပင်ကို ေမြအမျိုးအစားမရွေး စိုက်နိုင်သော်လည်း ေမြအ ချဉ်ဓာတ် ၄.၅ မှ ၅.၅ PH အတွင်းရှိ ေမြနီေမြစေးတွင် ပိုမို ဖြစ်ထွန်းသည်။ ဂျူးမြစ်ပင်ကို မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ် ဒေသကြီးအတွင်း တောင်ကြီး၊ ဟိုပုံး၊ ပင်လောင်း၊ ပင်တယ မြို့များတွင် စိုက်ပျိုးကြသည်။ ဂျူးပင်မှ အမြစ်ကို အဓိက စားရပြီး၊ အဖူးခေါ် အပွင့်ရိုးတံကိုပါပြုတ်၍ သုတ်ပြီး စားရသည်။ ဂျူးမြစ်ကိုမူအတို့အမြှုပ်အဖြစ်လည်းကောင်း၊ မုန့်နှစ် နှင့် ေကြာ်၍ လည်းကောင်း၊ ချည်ရည်ဟင်းတွင် ချက်၍ လည်းကောင်း စားရသည်။
ဂျူးမြစ်သည် ဆေးဖက်ဝင် ဟင်းရွက်ပင်ဖြစ်သည်။ သွေးဖိအား ပုံမှန်ဖြစ်စေခြင်း၊ အယ်လ်ဇိုင်းမားနှင့် အိုမင်းရင့်ရော် ခြင်း တို့ကို ကာကွယ်ပေးခြင်း၊ ဗက်တီးရီးယားဗိုင်းရပ်စ်နှင့် မှိုရောဂါများ၊ အရိုးပါးရောဂါ၊ အဆုတ်နှင့် အူလမ်းေကြာင်း ကင်ဆာရောဂါများကိုပါ ကာကွယ်နိုင်သည်ဟု ဆိုကြသည်။
စိုက်ပျိုးခြင်း
ဂျူးမြစ်ပင်ကို အမြစ်ခေါင်း (အဆုံ)မှ ခွဲခြားစိုက်ပျိုးရသည်။ ထိုအမြစ်ဆုံကို စိုက်ပျိုးခါနီးမှ အပင်ဟောင်းကိုနှုတ်၍ အမြစ် ဆုံကို ခွဲစိတ်ပြီး စိုက်ယူရသည်။ ယခင်ကမူ ထိုသို့မျိုးရရှိရန်အတွက် ေမြတွင် ကျင်းကျယ်ကျယ်တူးပြီး ဂျူးပင်များကို အုံ လိုက်ထည့်ပြီး လေလုံအောင်ဖုံးပိတ်ထားပြီး၊ စိုက်ချိန်ကျမှ ဖော်၍ သုံးကြသည်။ ဂျူးပင်ကို ေမြာင်းနက်နက် (၆” – ၈”) ခန့်တူးပြီး စိုက်ရသည်။ တစ်ပင်နှင့် တစ်ပင် ၈” – ၁၀” ခြားပြီး တစ်ေမြာင်းနှင့် တစ်ေမြာင်း ၁’ ခွာရသည်။
ဂျူးပင်သည် နှင်းခါးရိုက် (Frost- bite) သောဒဏ်ကို ခံနိုင်သည်။ ထို့ေကြာင့် အေးသောဒေသများတွင် စိုက်ပျိုးနိုင် သည်။ ဂျူးပင်ကို သီးခြားစိုက်ပျိုးနိုင်သကဲ့သို့ နှစ်ရှည်ပင်များကြားတွင် သီးညှပ်အဖြစ်လည်း စိုက်ပျိုးနိုင်သည်။
အပင်ပေါက်စေချိန်တွင် လက်ပေါင်းလိုက်ခြင်း၊ ၅း၁၀း၁၀ ဓာတ်ေမြသြဇာကို တစ်ဧကလျှင် ပေါင် ၅၀ – ၈၀ အထိ ကျွေး ပေးခြင်း၊ ေမြဆွပေးခြင်း၊ ပင်ေခြကို ေမြဖို့ပေးခြင်း စသော လုသပ်ငန်းများကို ဆောင်ရွက်ရသည်။ သဘာဝေမြသြဇာ ကို ၁” – ၂” ထုအထိ မစိုက်ပျိုးမီ ထည့်ပေးရသည်။ ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်ညက်ရအောင် ပြုပြင်ရသည်။ ေမြနီစေးတွင် မိုးရေချိန်လက်မ ၄၀ – ၅၀ ရှိလျှင် ရေသွင်းရန်မလိုဘဲ စိုက်ပျိုးနိုင်သည်။
ရိတ်သိမ်းခြင်း
ဈေးကွက်လိုအပ်ချက်အရ ဂျူးမြစ်ကို အချိန်ခွဲ၍ တူးယူရောင်းချနိုင်သည်။ ေမြထဲတွင် ၃ -၄ လခန့်အထိ တူးယူခြင်း မပြု ဘဲ လိုအပ်ချိန်ရောက်မှသာ တူးယူ၍ ရောင်းချနိုင်သည်။ တစ်ဧကအထွက်နှုန်းမှာ ပိဿာ ၃၀၀၀ – ၄၀၀၀ အထိ ထွက်ရှိနိုင်သည်။
ဂျူးမြစ်ကို ရိတ်သိမ်းပြီး နည်းစနစ်ကျကျ သိုလှောင်ထားပါက ဂျူးမြစ်၏ အာဟာရတန်ဖိုး မပျက်စီးချေ။ အပူချိန် ( ၃ +- ၁) ံC အတွင်းသိုလှောင်ပါက ၂၅ – ၃၅ ရက်အထိ သိုလှောင်နိုင်သည်။ ပုံမှန်အခန်းတွင်း အပူချိန် ( ၂၅ +-၁) ံC ၌ သို လှောင်ပါက ၅-၇ ရက်အထိ သိုလှောင်နိုင်သည်။ သိုလှောင်ခန်း၏ စိုထိုးဆသည် ၉၀% – ၉၅% ဖြစ်ရသည်။ ပန်းပွင့်ချိန် တွင် 2-4-D သို့မဟုတ် GA-3 ဟော်မုန်းဆေး ပက်ဖြန်းပေးပါက သိုလှောင်ချိန်တွင် အရည်အသွေး ပိုမိုကောင်းမွန် လာစေသည်။
အာဟာရဓာတ်
ဂျူးမြစ် ဂရမ် ၁၀၀တွင် ကာဘိုဟိုက်ဒြိတ် ၄.၄ ဂရမ်၊ ပရိုတိန်း ၃.၃ ဂရမ်၊ အဆီ ဝ.၇ ဂရမ်၊ အမျှင်ဓာတ် ၂.၅ ဂရမ်၊ ကယ် လိုရီမီးချိန် ၃၀၊ ကယ်လ်စီယမ် ၉၂ မီလီဂရမ်၊ ကော့ပါး ဝ.၁၆ မီလီဂရမ်၊ သံဓာတ် ၁.၆ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၄၂ မီလီ ဂရမ်၊ မင်ဂင်းနီ ဝ.၃၇ မီလီဂရမ်၊ ဇင့် ဝ.၅၆ မီလီဂရမ်၊ ဆီလီနီယမ် ဝ.၉၀ ug၊ ဖော်လစ်အက်စစ် ၁၀၅ ug၊ နိုင်ယာစင်း ၂၁၂.၇ ug၊ ဗီတာမင်အေ ၄၃၅၃ အိုင်ယူ၊ ဗီတာမင်ကေ ၂၁၂.၇ ug၊ သိုင်ယာမင်း ဝ.၀၈ မီလီဂရမ်၊ ဗီတာမင်စီ ၅၈.၁ မီလီဂရမ် ပါရှိသည်။ကင်ဆာရောဂါ ကာကွယ်သည့် ဒြပ်ပေါင်းများမှာ သိုင်ဟိုဆိုင်ဖိုနိတ်စ် ၃.၅ မီလီဂရမ်၊ B ကယ်ရိုတင်း ၂၆၁၂ ug၊ B ကရိုင်တိုဇန်သင်း ဝ.၀ ugနှင့် လူတိန်ဇီဇန်သင်း ၃၂၃ ug ပါရှိသည်ဟု သိရသည်။
သိုင်အိုဆိုင်ဖိုနိတ်စ် ဓာတ်ပေါင်းပါဝင်မှုသည် စိုက်ပျိုးသော ဒေသ၏ နေ့အပူချိန် ၂၁ ဒီဂရီစင်တီဂရိတ်တွင် ၁၅ umol/g၊ ၂၅ ဒီဂရီစင်တီဂရိတ်တွင် ၃၆ umol/g နှင့် ၃၁ ဒီဂရီစင်တီဂရိတ်တွင် ၅၃ umol/g ပါဝင်သည်ဟု သိရသည်။
Credit:စိုက်ပျိုးသုတ


