cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နည်းပညာကျွဲကောပင်စိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
မြန်မာအမည်-ကျွဲကောအင်္ဂလိပ်အမည်-Pummeloရုက္ခဗေဒအမည်-Citrus grandisမျိုးရင်းအမည်-Rutaceae

၁။မူရင်းဒေသ

အမေရိက၊တောင်အာဖရိကနှင့်သြစတြေးလျ။

  • မြန်မာအမည်-ကျွဲကောအင်္ဂလိပ်အမည်-Pummeloရုက္ခဗေဒအမည်-Citrus grandisမျိုးရင်းအမည်-Rutaceae

    ၁။မူရင်းဒေသ

    အမေရိက၊တောင်အာဖရိကနှင့်သြစတြေးလျ။

    ============ 🌱 ============

    ၂။ရာသီဥတု

    နေ့အချိန်တွင်ပူနွေးပြီးညအချိန်တွင်အေးမြခြင်းသည်အကောင်းဆုံးဖြစ်ပါသည်။သင့်တော်သောအပူချိန်မှာ(၂၅°-၃၀°)စင်တီဂရိတ်ဖြစ်ပါသည်။အပူချိန်နိမ့်လွန်းပါကအသီးမှည့်ရန်အချိန်ကြာခြင်း၊အသီးအရည်မရွှမ်းခြင်း၊အသီးအရွယ်အစားငယ်ခြင်းနှင့်အရောင်မလှခြင်းများဖြစ်ပါသည်။အထူးသဖြင့်နံနက်ပိုင်းတွင်စိုထိုင်းဆမြင့်ပါကအသီးအရွယ်အစားကြီးခြင်း၊အခွံပါးပြီးအရည်ရွှမ်းခြင်းကိုဖြစ်စေပါသည်။

    အသီးဆွတ်ခူးချိန်ရှိအသီးအရည်အသွေးကိုအလင်းရောင်ပြင်းအားကအကျိုးသက်ရောက်မှုရှိသည်။အလင်းပြင်းအားအသင့်အတင့်ရှိပါကတောက်ပသောအဝါရောင်အသီးခွံကိုဖြစ်စေပြီးအလင်းပြင်းအားများခြင်းကအဝါဖျော့ရောင်အသီးခွံကိုဖြစ်စေပါသည်။မှည့်ခါနီးအသီးကိုအိတ်စွပ်ပေးခြင်းကအသီး၏အသားကိုနူးညံ့စေပြီးအရည်ရွှမ်းစေပါသည်။လေတိုက်ခြင်းကအကိုင်းမကြီးကိုကျိုးစေနိူင်ပြီးအသီးကြွေကျခြင်းကိုဖြစ်စေပါသည်။

    ထို့ကြောင့်အပင်များနှင့်(၁၀)မီတာအကွာတွင်လေကာပင်များစိုက်ပျိုးသင့်ပါသည်။နှစ်စဉ်မိုးရေချိန်(၁၅၀-၂၀၀)စင်တီမီတာရှိသင့်ပါသည်။အမြင်စဉ်အင်အား(အမြစ်ဖွဲ့စည်းပုံ)တိမ်သဖြင့်မိုးများခြင်းကအမြစ်ပုပ်ခြင်းကိုဖြစ်စေပါသည်။အသီးမဆွတ်ခူးမီခုနှစ်ရက်အလိုတွင်အပင်ခြေရေဝပ်ကျင်းမှရေများကိုထုတ်ပါ။အပင်များရေများလွန်းပါကအသီးအရည်အသွေးကိုထိခိုက်စေပါသည်။

    ၃။မြေအမျိုးအစား

    ကျွဲကောကိုသစ်ဆွေးဓာတ်များပါဝင်သောနုန်းမြေများတွင်စိုက်ပျိုးသင့်ပါသည်။မြေစေးပါကရေထုတ်ကောင်းရန်လိုအပ်ပါသည်။မြေအောက်ရေမျက်နှာပြင်လေးပေထက်ပိုမမြင့်သင့်ပါ။ပေးသွင်းရမည့်ရေသည်ဆားဓာတ်ပါဝင်မှုများသောရေမဖြစ်ရပါ။pH (၅.၅ မှ ၆.ဝ)အတွင်းဖြစ်ရပါမည်။

    ၄။ပေါင်းမြက်နှိမ်နင်းခြင်း

    စက်အားဖြင့်လည်းကောင်း၊ကြားသီးနှံစိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊ဓာတုဆေး(Glyphosate/Paraquet/Diuron)ဖြင့်လည်းကောင်းနှိမ်နင်းနိုင်ပါသည်။

    ============ 🌱 ============

    ၅။ဓာတ်မြေသြဇာထည့်ပေးခြင်း

    အပင်သက်တမ်း၊မြေသြာထက်သန်မှုနှင့်မြေအမျိုးအစားအသီးသီးတွင်ထည့်သွင်းခဲ့သောN:P:Kနှုန်းထားများကိုချင့်ချိန်ပြီးOrganic နှင့် Inorganicဓာတ်မြေသြဇာနှစ်မျိုးစလုံးထည့်ရန်လိုပါသည်။အရွယ်ရောက်အပင်များအတွက်တစ်ပင်လျှင်တစ်နှစ်အတွက်ဓာတ်မြေသြဇာငါးကီလိုဂရမ်(၅ကီလို/၁ပင်/၁နှစ်)နှုန်းဖြင့်အောက်ပါအတိုင်းပုံမှန်အားဖြင့်ထည့်ပေးပါသည်။

    #၁၆:၁၆:၁၆(သို့မဟုတ်)၁၅:၁၅:၁၅ဓာတ်မြေသြဇာကိုသုံးကြိမ်ထည့်ပေးပါ။#ပထမအကြိမ်တစ်ပင်လျှင်(ဝ.၈)ကီလိုဂရမ်နှုန်းဖြင့်အသီးဆွတ်ခူးပြီးအကိုင်းဖြတ်ပြီးချိန်စက်တင်ဘာလပတ်ဝန်းကျင်တွင်ထည့်ပေးပါ။#ဒုတိယအကြိမ်တစ်ပင်လျှင်(ဝ.၅)ကီလိုဂရမ်နှုန်းဖြင့်ပန်းပွင့်ပိုမိုများလာစေရန်ဒီဇင်ဘာလတွင်ထည့်ပါ။#တတိယအကြိမ်တစ်ပင်လျှင်(ဝ.၈)ကီလိုဂရမ်နှုန်းဖြင့်အသီးငယ်အဆင့်(Young fruiting stage)/သံပုရာသီးအရွယ်တွင်မတ်လအတွင်းထည့်သွင်းရန်ဖြစ်ပါသည်။

    #ပန်းပွင့်အဖူးဖြစ်ပေါ်ခြင်းကိုတွန်းအားပေးရန်(၁၂:၂၄:၁၂ )-ဓာတ်မြေသြဇာကိုတစ်ပင်လျှင်(ဝ.၈)ကီလိုဂရမ်နှုန်းဖြင့်နိုဝင်ဘာလတွင်ထည့်ပေးပါ။

    #ဇွန်လနှောင်းပိုင်းတွင် (၁၃:၁၃:၂၄)ဓာတ်မြေသြဇာကိုတစ်ပင်လျှင်(ဝ.၈)ကီလိုဂရမ်နှုန်းဖြင့်အသီးအရည်အသွေးကောင်းမွန်လာရန်အသီးမဆွတ်ခူးမီတစ်လအလိုတွင်ထည့်ပါ။

    #အောက်တိုဘာလတွင်နွားချေး၊မြေဆွေး၊သစ်ရွက်ဆွေးတစ်ပင်လျှင်(၂၀)ကီလိုဂရမ်နှုန်းဖြင့်အသီးဆွတ်ခူးပြီးကိုင်းဖြတ်ကောင်းမွန်လာရန်နှင့်မြေဆီလွှာကောင်းမွန်လာရန်ထည့်သွင်းပါ။

    ============ 🌱 ============

    ၆။အနည်းလိုအာဟာရဓာတ်များ

    #မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ခြင်းဖြင့်အရွက်များအညိုရောင်ဖြစ်လာခြင်းနှင့်အသီးအရွယ်အစားသေးငယ်ခြင်းနှင့်အထွက်နှုန်းလျော့နည်းစေပါသည်။

    #သွပ်ဓာတ်ချို့တဲ့မှုကိုအများအပြားတွေ့ရှိနိုင်ပါသည်။သွပ်ဓာတ်ချို့တဲ့သည့်လက္ခဏာများမှာအရွက်သေးငယ်ခြင်း၊အရွက်ကျားခြင်း၊အရွက်၏အစိမ်းရောင်နောက်ခံတွင်အရွက်အကြောများအဝါရောင်ဖြစ်နေခြင်းနှင့်သစ်ကိုင်းများအားနည်းလာခြင်းများတွေ့ရပါသည်။

    #သွပ်ဓာတ်ချို့တဲ့မှုကိုကာကွယ်ကုသရန်မှာZinc sulphate(၂.၅-၄.၇၅)ကီလိုဂရမ်ကိုရေ(၂၀၀)လီတာတွင်ဖျော်၍အရွက်သစ်ထွက်ချိန်တွင်ပက်ဖျန်းအသုံးပြုရပါသည်။Zn ကိုပန်းပွင့်နေစဉ်ထည့်သွင်းပါကအပွင့်ကြွေတတ်ပါသည်။

    #မြေချဉ်ကိုပြုပြင်ရန်ထုံးအသုံးပြုမှုလွန်ကဲပါကရှောက်မျိုးနွယ်ဝင်အပင်များအားမြေကြီးရှိမင်းဂနိဓာတ်ကိုစားသုံးနိုင်မှုကိုဟန့်တားစေသဖြင့်မင်းဂနိချို့တဲ့မှုလက္ခဏာများဖြစ်ပေါ်လာပါသည်။အစိမ်းဖျော့ရောင်နောက်ခံပေါ်တွင်အစိမ်းရောင်ရွက်ကြောများကွန်ရက်ဖြစ်ပေါ်ပြီးအသီးအရောင်ဖျော့မှိန်ပါသည်။

    #သံဓာတ်ချို့တဲ့မှုလက္ခဏာမှာမင်းဂနိချို့တဲ့မှုနှင့်ဆင်တူပါသည်။သို့ရာတွင်အရွက်များပိုမိုပါးပြီးရွက်ကြောများနှင့်ရွက်ကြောကြားဧရိယာများမှာအစိမ်းဖျော့ရောင်ရှိကြသည်။အရွက်များမရင့်မီကြွေကျသည်။အညွန့်နုများအားနည်းလာသည်။

    #ကြေးနီဓာတ်ချို့တဲ့ခြင်းမှာသစ်ခေါက်နှင့်အတွင်းပင်စည်သားအကြားတွင်အစေးများ(gum)စုနေပါသည်။သစ်ကိုင်းများတွင်ကိုင်းဖျားခြောက်များဖြစ်လာပါသည်။အညွန့်အသစ်များအလွန်အမင်းများပြားစွာထွက်လာသည်။

    #ဘိုရွန်ဓာတ်ချို့တဲ့ပါကပုံမမှန်အရွက်များဖြစ်လာသည်။အရွက်များဝါညိုရောင်ပြောင်းလာသည်။ရွက်ကြောများပွယောင်းယောင်းဖြစ်လာသည်။သစ်ကိုင်းများမှာအစေးစိမ့်ထွက်လာသည်။အသီးခွံထူလာသည်။ဘိုရွန်ဓာတ်ချို့တဲ့မှုကိုဘိုးရက်(လက်ချား)ကိုအသုံးပြုနိုင်ပါသည်။

    ============ 🌱 ============

    ၇။ရေသွင်းခြင်း

    မိုးရာသီတွင်ကြားကာလမိုးပြတ်၍ခြောက်သွေ့မှသာရေပေးသွင်းရန်ဖြစ်ပါသည်။ပန်းပွင့်ကြွေခြင်းကိုကာကွယ်ရန်ပန်းမပွင့်မီစပွင့်သည့်အဆင့်တွင်အနည်းဆုံးသုံးရက်တစ်ကြမ်ရေသွင်းပါ။အသီးကင်းအဆင့်(သံပုရာသီးအရွယ်)ရေသွင်းပေးသည့်အကြိမ်ကိုလျော့ချနိုင်ပါသည်။

    သီးထွက်ပုံမှန်အချိန်(In-season)တွင်ယူမည်ဆိုပါကအောက်ပါအတိုင်းရေပေးသွင်းပါ။

    ၁။အပင်ပိုင်းဆိုင်ရာကြီးထွားမှုကာလအတွင်းသစ်သီးပင်များရေအမြောက်အမြားလိုအပ်ပါသည်။သို့ရာတွင်ဤကာလမှာမိုးတွင်းကာလဖြစ်သဖြင့်မိုးခေါင်မှသာ(သို့)မိုးရွာရက်ခြားကြာမှသာရေပေးသွင်းပါ။

    ၂။ပန်းပွင့်ချိန်ကာလမတိုင်မီအနည်းငယ်အလို(Just prior to the flowering stage)တွင်ရေလိုအပ်မှုနည်းပါသည်။သို့မဟုတ်ရေလုံးဝမလိုအပ်ပါ။သို့မှသာပွင့်ဖူးများဖြစ်လာမည်ဖြစ်သည်။ဤအဆင့်တွင်ရေရရှိမှုများလွန်းပါကပန်းပွင့်အစားအရွက်သစ်များထွက်လာပါမည်။ထိုကာလတွင်(၁၅-၂၀)ရက်ခန့်ရေဖြတ်ပေးပါ။(နိုဝင်ဘာ-ဒီဇင်ဘာ)

    ၃။ပန်းပွင့်စဉ်နှင့်အသီးကင်းဝင်ချိန်အဆင့်များတွင်ရေလိုအပ်မှုများပါသည်။သို့ရာတွင်ရေပေးသွင်းခြင်းကိုတဖြည်းဖြည်းချင်းတိုး၍ပေးသွင်းသင့်ပါသည်။ရေမလုံလောက်ပါကပန်းပွင်နှင့်အသီးများကြွေကျခြင်း(သို့မဟုတ်)အသီးဖွံ့ဖြိုးမှုရပ်တန့်ခြင်းဖြစ်စေပါသည်။သုံးရက်ခြားတစ်ကြိမ်ရေသွင်းပါ။(ဇန်နဝါရီ)

    ၄။ရေများလွန်းပါကပန်းပွင့်များနှင့်အသီးကင်းများအလွယ်တကူကြွေကျပါမည်။အကြောင်းမှာသစ်သီးပင်မှာကြာရှည်စွာရေငတ်ခံထားသဖြင့်ပထမမြေစွတ်စိုအောင်ရေသွင်းပေးပြီးတစ်နေ့လျှင်နည်းနည်းချင်းရေပိုပေးသွင်းပါ။

    ၅။အသီးကင်းအဆင့်(သံပုရာသီးအရွယ်တွင်)ရေပေးသွင်းသည့်အကြိမ်ရေကိုလျှော့ချနိုင်ပါသည်။ရက်ခြားရေသွင်းပါ။ငါးရက်ခုနှစ်ရက်တစ်ကြိမ်(ဖေဖော်ဝါရီ-မတ်)သဘာဝအနေအထားတွင်များစွာသောသစ်သီးပင်မျိုးများမှာတစ်ချိန်လျှင်နည်းနည်းချင်းပန်းပွင့်လာပါမည်။တစ်ပြိုင်တည်း၊တစ်ချိန်တည်းပန်းအားလုံးမပွင့်ပါ။

    ၆။ခြံတစ်ခြံရှိသစ်သီးပင်အားလုံးကိုတစ်ချိန်တည်းပန်းပွင့်ရန်ရေဖြတ်ပေးပြီးရေငတ်သည့်ဖိစီးမှုခံစားစေခြင်းဖြင့်လိုအပ်သည့်အချိန်တွင်ပန်းပွင့်အောင်ဆောင်ရွက်နိုင်ပါသည်။ရေငတ်သည့်ဖိစီးမှုကြောင့်အပင်တွင်ကစီဓာတ်များတိုးလာပြီးအပွင့်၊အဖူးဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေပါသည်။

    ၇။ဤနည်းဖြင့်ဈေးအမြင့်ဆုံးရသည့်ကာလအတွင်းတွင်သီးထွက်အမြင့်ဆုံးရရန်ဆောင်ရွက်သည့်သေချာသောနည်းဖြစ်သည်။

    ၈။အပင်ရေလိုအပ်သည့်အချိန်တွင်ရေငတ်ခြင်း၊မြေကြီးအစိုဓာတ်မလုံလောက်ခြင်းကသီးထွက်နှင့်အသီးအရည်အသွေးကိုနိမ့်ကျစေနိုင်ပါသည်။

    ၉။အပင်တွင်ရေပိုနေခြင်း၊ရေများခြင်းကအပင်တုံ့ပြန်မှု၊မြေတွင်းလေလျော့နည်းပြီးPhytopthora မြစ်ပုပ်ရောဂါဖြစ်ပွားမှုကိုအားပေးသည်။

    ============ 🌱 ============

    ၈။ကိုင်းဖြတ်ခြင်း

    အသီးဆွတ်ခူးပြီးတစ်နှစ်တစ်ကြိမ်အောက်ပါကိုင်းများဖြတ်ခြင်းကိုဆောင်ရွက်ပါ။(က)မကောင်းသောကိုင်းများ(ခ)ရှုပ်ထွေးနေသောကိုင်းများ(ဂ)ပုံပျက်နေသောကိုင်းများ(ဃ)အင်းဆက်ပိုးများကြောင့်ပျက်စီးနေသောကိုင်းများ(င)မြေကြီးနှင့်နီးသောကိုင်းများ၊ပင်စည်တဝိုက်ရှိကိုင်းသေးများ၊ရာသီချိန်မဟုတ်သောကာလတွင်ရှိသောအသီးများကိုဖယ်ရှားပါ။

    ============ 🌱 ============

    ၉။ကျရောက်သောပိုးမွှားများ

    ၁။သီးထိုးယင်(Oriental fruit fly)

    အသီးတွင်ကျရောက်ဖျက်စီးသည်။သီးထိုးယင်ကိုထောင်ချောက်ဖြင့်ဖမ်းပါ။အသီးအိတ်စွပ်ပါ။Yeast proteinကိုမာလာသီယွန်ဆေးရည်ဖြင့်အစာအဆိပ်တုံးထောင်ချောက်လုပ်ပါ။

    ၂။အသီးစုပ်ဖလံ(Fruit sucking moth)

    အသီးတွင်ကျရောက်ဖျက်စီးသည်။လှောင်အိမ်ဖြင့်ဖလံကိုထောင်ပါ။အသီးမဆွတ်ခူးမီလေးလအလိုတွင်အသီးအိတ်စွပ်ပါ။

    ၃။ရှောက်အပြာရောင်လိပ်ပြာ(Lemon blue butterfly)

    အရွက်နုများတွင်ကျရောက်ဖျက်စီးသည်။Sevin 0.1%WPဆေးရည်ဖြင့်ပက်ဖျန်းပါ။

    ၄။ပိုးစေးနဲ(Mealy bug)

    အရွက်များ၊အကိုင်းနှင့်အသီးများတွင်ကျရောက်ဖျက်စီးသည်။ပိုးကျနေသောအကိုင်း၊အသီးများကိုဖယ်ရှားမီးရှို့ပါ။

    ၅။Coccus

    အရွက်များ၊အကိုင်းနှင့်အသီးများတွင်ကျရောက်ဖျက်စီးသည်။ပိုးကျနေသောအကိုင်း၊အသီးများကိုဖယ်ရှားပါ။Malathion 57% EC ၃၀ စီစီကိုရေ ၂၀ လီတာတွင်ဖျော်၍ပက်ဖျန်းပါ။

    ၆။လှေးပိုး(Thrips)

    အသီးတွင်ကျရောက်ဖျက်စီးသည်။လှေးပိုးကျသောအသီးငယ်ကိုဖျက်ဆီးပါ။Formetanate(Dicarizol 25% SP)၃၀ဂရမ်ကိုရေ၂၀လီတာတွင်ဖျော်၍ဖျန်းပါ။သို့မဟုတ်Imidachloprid ၁၀စီစီကိုရေ၂၀လီတာတွင်ဖျော်၍ဖျန်းပါ။

    ၇။ရွက်ထွင်းပိုး(Leaf miner)

    အရွက်များတွင်ကျရောက်ဖျက်စီးသည်။ရွက်သစ်များထွက်ချိန်တွင်Monocrotophos(0.03%)သို့မဟုတ်Phosphomidon(0.0%)ECကိုပက်ဖျန်းပါ။

    ၈။မွှား(Mites)

    အသီးတွင်ကျရောက်ဖျက်စီးသည်။Monocrotophos(0.05%)သို့မဟုတ်Dicofol(0.5%)သို့မဟုတ်ရေဖျော်နိုင်သောကန့်(0.3%)ပက်ဖျန်းပါ။

    ၁၀။ကျရောက်သောရောဂါများ

    ============ 🌱 ============

    ၁။Phytophthora

    အမြစ်၊ပင်ခြေ၊အကိုင်း၊အသီးတွင်ကျရောက်သည်။ရောဂါဒဏ်ခံနိုင်ရည်ရှိအောက်ခံပင်ကိုအသုံးပြုပါ။အမြစ်ပုပ်ပါကပျက်စီးသောအမြစ်ကိုဖြတ်ပါ။Metalaxy25%+Mancozebသို့မဟုတ် Cycloheximide ဖြင့်သုတ်လိမ်းပေးပါ။

    ၂။Greasy Melanose(Cercospora)

    အရွက်အောက်ဘက်တွင်သေးငယ်ပြီးဖောက်ထွင်းမြင်နိုင်သောအစက်များတွေ့ရသည်။အရွက်ဖျန်းမှိုသတ်ဆေးBenomyl/Zineb/Monocozeb/Carbendazin/Thiramဆေးများအသုံးပြုပါ။ပျက်စီးနေသောအကိုင်းများကိုဖြတ်ထုတ်မီးရှို့ပါ။

    ၃။Anthracnose(မှဲ့ပျောက်စွန်း)အသီးနှင့်အရွက်ပေါ်တွင်ပြင်းထန်၊အစက်အပြောက်များတွေ့ရ၊အသီးကြွေခြင်းများဖြစ်ပေါ်နိုင်ပါသည်။ကြေးနီဒြပ်ပေါင်း၊Mancozeb/ZinebBenomlဆေးများအသုံးပြုနိုင်ပါသည်။

    ၄။Gummosis

    ပင်စည်နှင့်အကိုင်းသစ်ခေါက်ပေါ်တွင်အနက်စက်များဖြစ်ပေါ်ခြင်းအဝါရောင်အစေးများစိမ့်ထွက်ခြင်းအသီးပုပ်ခြင်းများဖြစ်ပေါ်စေသည်။ကြေးနီဒြပ်ပေါင်း၊Benomyl/Mancozebသို့မဟုတ်Manebကိုအမြစ်ပုပ်ခြင်းမှကာကွယ်ရန်အသုံးပြုပါ။ရောဂါရအပိုင်းကိုဖြတ်ထုတ်ပြီးဘော်ဒိုဆေးရည်ကိုအသုံးပြုပါ။ဖောက်ထွင်းပိုးကြောင့်ဖြစ်ပါကမှိုရောဂါကာကွယ်ရန်ကြေးနီဒြပ်ပေါင်းကိုအနာတွင်ထည့်ပါ။

    ၅။Bacterial Canker

    အသီး၊အကိုင်းနှင့်အရွက်တွင်အဝါဖျော့သို့မဟုတ် အစိမ်းဖျော့စတင်ပြီးအညိုရင့်ရောင်ပြောင်းသွား၏။ပျက်စီးသောအပင်အစိတ်အပိုင်းများကိုဖြတ်ပါ။အရွက်သစ်ထွက်ချိန်တွင်ကြေးနီဓာတ်ပေါင်းကိုပက်ဖျန်းပေးပါ။(ဘောဒိုဆေးရည်)ရောဂါပြင်းထန်ပါကAgrimycinသို့မဟုတ်Streptomycin sulphate ကိုအသုံးပြုပါ။

    ၆။Greening(အသီးစိမ်းရောဂါ)

    ရွက်ကြောများစိမ်းပြီးအရွက်များအရောင်ပျက်လာသည်။အရွက်များပိုထူလာပြီးငယ်သွားသည်။တစ်ခါတစ်ရံရင့်သောအရွက်များကွေးလာပြီးအရွက်ဖျားမှစ၍ခြောက်သွေ့သောအနာများဖြစ်လာပါသည်။ကျန်းမာသန်စွမ်းသောမိခင်အပင်မှမျိုးပွားပါ။ရောဂါသယ်ဆောင်အင်းဆက်ပိုးကိုနှိမ်နင်းပါ။၎င်းပိုးမှာ Citrus psyllid ဖြစ်သည်။ရောဂါကျရောက်မှုပြင်းထန်သောအပင်ကိုမီးရှို့ဖျက်စီးပါ။

    ၇။Tristeza

    ပင်စည်မနှင့်အကိုင်းကြီးများတွင်ပင်စည်နှင့်အပြိုင်မြောင်းများဖြစ်ပေါ်နေသည်ကိုတွေ့ရသည်။အခေါက်ကိုခွာလိုက်လျှင်နီညိုရောင်တွေ့ရသည်။ရောဂါသယ်ဆောင်အင်းဆက်ပိုး၊ပျများကိုCarbarylသို့မဟုတ်Malathionဖြင့်နှိမ်နင်းပါ။ပျက်စီးနေသောအပင်အစိတ်အပိုင်းများကိုဖြတ်ထုတ်မီးရှို့ပါ။

    Source:သစ်သီးဝလံစိုက်ပျိုးနည်း


  • article
likes8comments0
views161views5852