cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရေကြည်နှုံး

. ငါးမွေးမြူရေးဆောင်းပါးများ
ငါးမွေးကန်များ၏‌ရေကြည်နှုံးတိုင်းတာခြင်းသည် မိမိငါးမွေးကန်အတွင်း သဘာဝအစာ မည်မျှရှိသည်ကိုပြသခြင်းဖြစ်ပါသည်။ ငါးမွေးကန်အတွင်း ရွံ နွံများကြောင့် ရေနောက်ကျိနေခြင်းမျိုး ကို မဆိုလိုပါ၊ အဆိုပါ ရွံ နွံ များကြောင့် ငါးကန်‌ရေနောက်ကျိနေပါက ငါးများ၏ အသက်ရှူခြင်း ကိုထိခိုက်စေသည့် အပြင် ‌ရေတွင် ပျော်ဝင်အောက်စီဂျင်ကို လျော့နည်းစေပါသည်။ ငါးကန်တခု၏ ‌ရေကြည်နှုံး ကိုတနည်းအားဖြင့် ‌ရေဩဇာ ရှိ မရှိ နှင့် ‌ရေအ‌ရောင်ကိုကြည့်ပြီး ‌ရေဩဇာ များ ၊မများကို သိရှိနိုင်ပါသည်။

  • ငါးမွေးကန်များ၏‌ရေကြည်နှုံးတိုင်းတာခြင်းသည် မိမိငါးမွေးကန်အတွင်း သဘာဝအစာ မည်မျှရှိသည်ကိုပြသခြင်းဖြစ်ပါသည်။ ငါးမွေးကန်အတွင်း ရွံ နွံများကြောင့် ရေနောက်ကျိနေခြင်းမျိုး ကို မဆိုလိုပါ၊ အဆိုပါ ရွံ နွံ များကြောင့် ငါးကန်‌ရေနောက်ကျိနေပါက ငါးများ၏ အသက်ရှူခြင်း ကိုထိခိုက်စေသည့် အပြင် ‌ရေတွင် ပျော်ဝင်အောက်စီဂျင်ကို လျော့နည်းစေပါသည်။ ငါးကန်တခု၏ ‌ရေကြည်နှုံး ကိုတနည်းအားဖြင့် ‌ရေဩဇာ ရှိ မရှိ နှင့် ‌ရေအ‌ရောင်ကိုကြည့်ပြီး ‌ရေဩဇာ များ ၊မများကို သိရှိနိုင်ပါသည်။ 

    ‌ရေဩဇာဖြစ်လာရခြင်းမှာ ကန်အတွင်း ထုံးပက်ခြင်း ၊ မြေဩဇာထည့်သွင်းခြင်းမှ ဖြစ်ပေါ်လာပါသည်။ ထိုသို ဖြစ်ပေါ်လာစေရန် ကန်‌ရေပြင်သည် နေ‌ရောင်ခြည် အလင်း‌ရောင်လည်း လုံလောက်စွာရရှိဘို့သညိ အဓိ ကကျပါသည်။ထို့ကြောင့် နေ‌ရောင်ခြည် ကောင်းစွာမရသောကန်များသည် ‌ရေဩဇာတက်မှု့နောက်ကျခြင်းနှင့် နည်းခြင်းများရှိလာပါသည်။ ငါးမွေးတောင်သူများသိရှိသည့်အတိုင်း ရေဩဇာရှိခြင်းသည် ‌ရေအ‌ရောင်မှာ အစိမ်းနု‌ရောင်ဖြစ်ပါသည်။ ကန်အတွင်း ‌ရေ၏အ‌ရောင်သည် အစိမ်းနု‌ရောင်၊ အစိမ်းရင့်‌ရောင်နှင့် စိမ်းညို‌ရောင် တို့ဖြစ်တတ်ပါသည်။ ‌ရေ၏အ‌ရောင်အပေါ်မူတည်ပြီး ‌ရေကြည်နှုံး လည်းပြောင်းလဲလာပါသည်။ 

    ငါးမွေးကန်တခု၏‌ရေသည် ကြည်လင်နေပြီး ကန်မျက်နှာပြင်မှ အောက်ခြေအထိ မြင်နေရပါက အဆိုပါကန်အတွင်း ‌ရေဩဇာလုံးဝမရှိကြောင်းကိုဖော်ပြနေပါသည်။ ‌ရေကြည်နှုံး များသည် ဟုသတ်မှတ်ပါ သည်။ တနည်း အားဖြင့် ငါးမွေးကန်အတွင်း ငါးများ၏အခြေခံအစာဖြစ်သော အပင်မျှောလှေး နှင့် အကောင်မျှေလှေးများမရှိသည်ကိုဖော်ပြပါသည်။ 

    ‌ရေ၏အ‌ရောင်သည် အစိမ်းနု‌ရောင်ဖြစ်နေပါက ကန်ထဲတွင် အပင်မျှောလှေးနှင့်အကောင်မျော လှေးများလုံလောက်စွာရှိနေသည်ကိုပြသခြင်းဖြစ်ပါသည်။ အဆိုပါအခြေအနေတွင် ကန်မျက်နှာပြင်မှကန် အတွင်းသို့ လက်ကိုတတောင်ခန့်ချကြည့်လျှင်လက်ချောင်းလေးများကို‌ရေး‌ရေးမြင်ရပါသည်။အဆိုပါအခြေအ နေသည် အကောင်းဆုံးဟုသတ်မှတ်နိုင်ပါသည်။ 

    ကန်‌ရေအ‌ရောင်သည် အစိမ်းရင့်‌ရောင်ဖြစ်နေပါက ကန်အတွင်းတွင် ‌ရေဩဇာဓါတ်များ များပြားနေ ခြင်းကိုပြသပါသည်။ တနည်းအားဖြင့် အပင်မျှောလှေးနှင့် အကောင်မျှောလှေးများ၊ များပြားစွာရှိနေခြင်းကိုပြသပါသည်။ အဆိုပါအခြေအနေတွင် ကန်မျက်နှာပြင်မှ ကန်အတွင်းသို့ ၁ပေခန့်တွင် သာမြင်နိုင်ပါသည်။ အဆိုပါ အခြေအနေတွင်လည်း သင့်သည်ဟုဆိုနိုင်ပါသည်။ သို့သော် ညအချိန်တွင် ကန်အ တွင်းအောက်စီဂျင်လျောနည်းလာတတ်ပါသည်။ 

    ကန်‌ရေအ‌ရောင်သည် စိမ်းညို‌ရောင်ဖြစ်နေပါက ကန်အတွင် အပင်မျှောလှေးနှင့်အကောင်မျှောလှေး များလွန်စွာပေါက်ဖွားပြီး ကန်‌ရေဩဇာအလွန်ကောင်းနေသည်ဟုဆိုနိုင်ပါသည်။ အဆိုပါအခြေအနေ တွင် ကန်‌ရေပြင်မှ ကန်တွင်းသို့ ၈လက်မလောက်သာမြင်နိုင်ပါသည်။‌ရေကြည်နှုံး နည်းသည်ဟုသတ်မှတ်နိုင်ပါ သည်။ အဆိုပါအခြေအနေတွင် ငါးများအတွက် အခြေခံအစာပေါကြွယ်ဝပြီး ကောင်းသော်လည်း ၊ ကန်အတွင်း ညအချိန်တွင် အောက်စီဂျင်အလွန်အကျွံ နည်းခြင်းများဖြစ်လာပြီး ငါးများသေဆုံးနိုင်ပါသည်။ 

    ထို့ကြောင်ံ ‌ရေကြည်နှုံးကိုတိုင်းတာကြည့်ရာတွင် (၁၂)လက်မမှ (၁၈)လက်မ အတွင်းသာအကောင်း ဆုံးဖြစ်ပါကြောင်းကိုတင်ပြအပ်ပါသည်။ အဆိုပါအခြေအနေသည် ကန်အတွင် သဘာဝအစာလုံလောက်စွာ ရှိ နေပြီး ညအချိန်တွင် ကန်အတွင်းအောက်စီဂျင်လျော့နည်းမှု့နည်း သက်သာသဖြင့် ငါးများအတွက် အကျိုးဖြစ် စေအပ်ပါသည်။ 

    ရေကြည်နှုံးတိုင်းတာသောပစ္စည်းသည် မိမိကိုယ်တိုင်းပြုလုပ်ပြီး သုံးစွဲနိုင်သဖြင့် ရေကြည်နှုံးတိုင်းကိရိ ယာပြုလုပ်ပုံကို ဆက်လက်တင်ပြပေးပါမည်။ 


  • article
likes9comments0
views162views6919