cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အာလူးရှားပါးချိန် လက်လီဈေးကွက်တွင် တစ်ပိသာ ငွေကျပ် ၃၀၀၀ ကျော်ပေါက်ဈေးရှိလာ

. ရာသီဥတု သတင်းများ
အာလူးတစ်ပိဿာငွေကျပ် ၃၀၀၀ ဝန်းကျင်နှင့် တရုတ်မှ ဝင်ရောက်လာသော အာလူး မှာ တစ်ပိဿာ ငွေကျပ် ၂၅၀၀ ဝန်းကျင်ရှိရာ ပြည်တွင်း အာလူးဈေးကောင်းချိန်တွင် တရုတ်ဘက် မှ အာလူး များဝင်ရောက်လာလေ့ရှိ
  • အာလူးဈေးကွက်တွင် မေလပိုင်းက စိုက်ပျိုးသည့် မိုးကြိုအာလူးများရောင်းချနေပြီး ဇူလိုင်နှင့် သြဂုတ်လသည် အားလူးရှားပါးချိန်ဖြစ်သောကြောင့် လက်လီဈေးကွက်တွင် တစ်ပိဿာ ငွေကျပ် ၃၀၀၀ ကျော်ပေါက်ဈေးရှိလာ ကြောင်း သိရသည်။

    ပြည်တွင်းမှထွက်ရှိသော အာလူးသည် အရွယ်အစားနှင့်အရသာကောင်းမွန်သောကြောင့် အာလူးနှင့် ပတ်သက် သည့် စားသောက်ကုန်ထုတ်သူများက အဓိကဝယ်ယူကြသဖြင့် ဈေးကောင်းပြီးတရုတ်မှ ဝင်ရောက်လာသော အာလူးမှာ ပြည်တွင်းအာလူးထက် အရသာကောင်းမွန်ခြင်းမရှိ၍ စားဖိုချောင်သုံးသူများသာ ဝယ်ယူကြသည်ဟု ဆိုသည်။

    “ရာသီဥတုနဲ့ ပင်ညီုးရောဂါကြောင့် ပြည်တွင်းအာလူးအထွက်နုန်းနည်းသလို အရွယ် ကြီးတဲ့အာလူးရှားတယ်။ ရှေ့လာ မယ်လမှာ ပိုစိုက်ကြမယ်။၇လပိုင်းနဲ့၈ လပိုင်းက ရှားပါးချိန်ပါ။ ပြည်တွင်း အာလူးအထွက်နုန်းနည်းပြီး ဝယ်လိုအားများတယ်။ဈေးကွက်မှာက ရှမ်းပြည်တောင်ပိုင်းက ထွက်တာတွေနဲ့ တရုတ်အာလူးတွေပါ။ ပြည် တွင်းမှာ အာလူးကို တစ်နှစ် ၃ ကြိမ်စိုက် ကြတယ်”ဟု ပင်းတယမြို့မှ သီးနှံပွဲရုံတစ်ခုမှ ပြောသည်။

    လက်လီဈေးကွက်တွင် အာလူးတစ်ပိဿာငွေကျပ် ၃၀၀၀ ဝန်းကျင်နှင့် တရုတ်မှ ဝင်ရောက်လာသော အာလူး မှာ တစ်ပိဿာ ငွေကျပ် ၂၅၀၀ ဝန်းကျင်ရှိရာ ပြည်တွင်း အာလူးဈေးကောင်းချိန်တွင် တရုတ်ဘက် မှ အာလူး များဝင်ရောက်လာလေ့ရှိပြီး ပြည်တွင်းအာလူးထွက်ရှိမှုနည်းချိန်၌ တရုတ်အာလူးများ ဈေးချိုစွာ ဝင်ရောက်လာ ခြင်းက စားသုံးသူအတွက် အဆင်ပြေကြောင်းသိရသည်။

    “ခု သြဂုတ်လမှာလည်း စိုက်ပြီးနေကြပြီ။အောက်တိုဘာဆိုရင် လှိုင်လှိုင်ပေါ်တော့မယ်။ မတ်၊ဧပြီ၊မေနဲ့ဇွန်လ တွေက အထွက်အများဆံးချိန်ပဲ။ခုရာသီမှာ ဖျက်ပိုးတွေ ကြောင့် အာလူးအထွက် နှုန်းနည်းတာရယ်၊ခုမှ မိုးကြို အားလူးအထွက်နည်းတာရယ်ကြောင့် ဈေးကွက်မှာလုံလောက် အောင်မဖြည့်နိုင်ဘူး။ ရှမ်းပြည်နယ်မှာ အများ ဆုံး စိုက်ပျိုးကြပြီး စက်တင်ဘာလကုန်နဲ့ အောက်တိုဘာမှာ အာလူး ထွက်နှုန်းများလာမှာဖြစ်လို့ ဈေးကွက်လို အပ်ချက်ကို ဖြည့်နိုင်မယ်”ဟု အာလူးစိုက်ပျိုးသူများအသင်းဝင် တစ်ဦးကပြောသည်။

    အာလူးစိုက်ပျိုးရာ၌ ​ပေါင်းသတ်ဆေး အလွန်အကျွံသုံးစွဲမှုကြောင့် အပင်အကျိုးပြု ဗက်တီးရီးယားပိုးများသေဆုံးပြီး အပင်ကို ပျက်စီးစေသော ဗက်တီးရီးယားများ ရှင်သန်ပေါက်ပွားစေသဖြင့် အလွန်အကျွံသုံးစွဲခြင်းမှ ရှောင်ကျဉ် ရန်နှင့် ပြည်တွင်းမှ အများအပြား ထုတ်လုပ်ဖြန့်ချီနေသော သဘာ၀မြေသြဇာများကို သုံးစွဲသင့်ကြောင်း၎င်းက အကြံပြုပြောကြားခဲ့ကြောင်းသိရသည်

    ရွှေမန်း

    မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes8comments0
views107views5246