အာလူးတူးဖော်ရိတ်သိမ်းခြင်း
-ရိတ်သိမ်းခြင်းဆိုသည်မှာ စိုက်ကွင်းမှ ရင့်မှည့်သော အာလူးများကို သတ်မှတ်ထားသော ကာလ အရောက်တွင် တူးဖော်သည့် လုပ်ငန်းစဉ် ဖြစ်သည်။
-အာလူးတူးဖော်ချိန်တွင် ဂရုတစိုက်ပြုလုပ်မှု မရှိပါက အာလူး အရည် အသွေး ကိုပါ ထိခိုက်စေနိုင်သည်။
-အာလူးမျိုးအလိုက် သတ်မှတ်ထားသည့် သက်တမ်းကာလ ပြီးပြည့်စုံသည့် အချိန်တွင် အာလူးများကို တူးဖော်ခြင်းသည် အသင့်တော်ဆုံး ဖြစ်သည်။
အာလူးတူးဖော်စဉ် အောက်ပါ အချက်များအား လိုက်နာရမည်။
1. သက်တမ်းရင့်မှည့်ချိန်မှသာ စတင် တူးဖော် ရမည်။
2. သတ်မှတ်ချိန်ထက် စော၍ ရိတ်သိမ်း ပါက အာလူးအခွံများသည် နုနယ်မှု ရှိခြင်း ကြောင့် အလွယ်တကူ ပျက်စီး လွယ်ခြင်း၊ အထွက်နှုန်း ကျခြင်း၊ အရွယ်အစား သေးငယ်သော အာလူး များရရှိခြင်း၊ သကြား ဓာတ်ပါဝင်မှု(sugar content) ရှိသင့်ရမည့် ပမာဏထက် နည်းပါးခြင်း တို့ကို ဖြစ်စေ နိုင်သည်။
3. တူးဖော်ပြီး အာလူးများအား နေရောင်အောက်တွင် ကြာရှည်စွာ ထားရှိခြင်းမပြုရ။ အပူချိန်မြင့်မားမှုသည် အာလူးဥများ၏ အရည်အသွေးအပေါ် ထိခိုက်မှုရှိသည်။
4. ကျန်းမာသန်စွမ်းရင့်မှည့်ပြီး အခွံကောင်းသောအာလူးများကို ကွင်းထဲတွင် ကြိုတင် အဆင့်သတ်မှတ်ထားခြင်းများ လုပ်ဆောင်ရပါမည်။
အာလူးများကို ဂရုတစိုက်ကိုင်တွယ်ခြင်း
-အာလူးသည် အခြားသော ဥယျာဉ်ခြံသီးနှံအများစုထက် သိုလှောင်သက်တမ်း ကြာရှည်သည်။
-ကောင်းစွာ စီမံခန့်ခွဲမှု မပြုလုပ်နိုင်ပါက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကြောင့် ဆုံးရှုံးခြင်းများသည် ၄၀ရာခိုင်နှုန်းနှင့်အထက် ရှိနိုင်သည်။
-မျိုးအာလူးများသည် စိုက်ပျိုးစရိတ်အာလုံး၏ အကြီးမားဆုံး အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ရုံသာမက အရည်အသွေးကောင်း အာလူးမျိုးများသည် အထွက်နှုန်းကိုအဆုံးအဖြတ် ပေးနိုင်သည်။
Fresh Studio Myanmar/EAT VEG မှ ကူးယူဖော်ပြပါသည်။
--------
ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


