cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

၂၈.၈.၂၀၂၃ မှ ၁.၉.၂၀၂၃ ရက်နေ့အထိဈေးကွက်သုံးသပ်ချက်

. ဈေးကွက်
-မတ်ပဲစျေးကျနေရာမှ ခုတစ်ပတ် စျေးတက်လာ
-ပဲစဉ်းငုံ အဝယ်လိုက်လို့စျေးပြန်တက်လာ
-ကုလားပဲပစ္စည်းရှား နေသည့်အတွက်ဈေးပြန်မြင့်တက်လာ
-ပဲလွန်းစျေးဆက်တိုက်မြင့်တက်နေရာမှ အနီကစျေးငြိမ်နေ
-မြေပဲဆံဈေး ဆက်တိုက်မြင့်တက်ခဲ့ရာမှပြန်လည်ကျဆင်း
-နှမ်းမျိုးစုံဈေး ဆက်တိုက်ဈေးမြင့်တက်နေရာမှပြန်ကျဆင်း
  • မတ်ပဲ

    စျေးပြန်ကျသွားတဲ့ မတ်ပဲက ခုတစ်ပတ်မှာ စျေးတက်လာပါတယ်။ မတ်ပဲက လက်ကျန်နည်းတာ၊ မတ်ပဲအသစ်မပေါ်သေးတာကြောင့် စျေးကွက်ထဲအဝင်နည်းပေမယ့် ပြည်ပ အဝယ်လိုက် နေတာ ကြောင့် စျေးကအမြင့်တန်းမှာပဲရှိနေတာ ဖြစ်တယ်လို့ ကုန်သည်တွေဆီ ကသိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၂၅၁၅၀၀၀ စျေးပေါက်ပြီး အရင်ပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၈ သောင်းနီးပါးဈေးမြင့်တက်လာပါတယ်။

    မန္တလေးဈေးကွက်မှာလည်း မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၂၄၀၀၀၀ ကျပ်မှ ၂၄၅၀၀၀ စျေး ပေါက်လို့ အရင်ပတ်ကထက် ၈၀၀၀ ကျပ်ပြန်တက်လာတယ်လို့သိရ ပါတယ်။

    နယ်တွေမှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၈၀၇၀၀ ကျပ်အထိ မြင့်တက်လာလို့ အရင်ပတ်နဲ့ယှဥ်ရင် ၃၅၀၀ ဝန်းကျင်ပြန်လည် မြင့်တက်လာပါတယ်။


    ပဲစဥ်းငုံနီ

    ပဲစင်းငုံနီကလည်း ခုတစ်ပတ်မှာ စျေးပြန်တက်လာတယ်လို့ ကုန်စည်ဒိုင် တွေဆီကသိရပါတယ်။ ပဲစဥ်းငုံနီကို ပြည်ပက အဝယ်လိုက်လာလို့ စျေးတန်းက ပြန်လည်မြင့်တက်လာတာ ဖြစ်တယ်လို့ စျေးကွက်အရသိရ ပါတယ်။

    ရန်ကုန်ဈေးကွက်မှာ ပဲစဥ်းငုံနီ တစ်တန်ကို ၃၈၇၅၀၀၀ ကျပ်အထိ စျေးတက်လာလို့ အရင် တစ်ပတ်ကထက် ၄သိန်းနီးပါးဈေးမြင့်တက်လာပါတယ်။

    မန္တလေးစျေးကွက်မှာလည်း ပဲစဥ်းငုံနီ စျေးက တစ်အိတ်ကို ၃၆၀၀၀၀ ကျပ် စျေး ပေါက်ပြီး အရင်တစ်ပတ်ကထက် ၂၅၀၀၀ ကျပ် စျေးပြန်တက်လာ တာတွေ့ရပါတယ်။


    ကုလားပဲ

    ကုလားပဲဈေးကတော့ ဈေးကွက်အတွင်း ဈေးပြန်မြင့်တက်လာပါတယ်။ဈေးကွက်အတွင်း ပစ္စည်းရှား ပါးနေသည့် အပြင် ငွေကြေးဈေးတည်ငြိမ်မှု မရှိတဲ့အတွက် ဈေးက မြင့်တက်နေတာ ဖြစ်ပါတယ်။ဈေးကွက်အတွင်း ဈေးတွေ မြင့်တက်နေပေမယ့် အ‌ရောင်းအဝယ်အနည်းသာ ရှိတယ်လို့ ကုန်သည်တွေ ထံကနေ သိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၄၅၈၀ မှ ၄၆၇၀ ကျပ်၊ကုလားပဲ လုံးဖြူကြီးကတော့ တစ်ပိဿာကို ၄၆၆၅ မှ ၄၇၅၀ ကျပ်ရှိပြီး ဈေးငြိမ်နေပါတယ်။

    ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၅၈၀၀ မှ ၆၁၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၂၆၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ကျပ်၊ကုလားပဲ၉၂၉)က တစ်အိတ်ကို ၂၇၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ်၊ကုလားပဲ(ဗွီတူး)က တစ်အိတ်ကို ၂၇၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်အသီးသီး ဈေးမြင့်တက်လာသည်။


    ပဲလွန်း

    ပဲလွန်းကတော့ ဈေးကွက်အတွင်း ဆက်တိုက်ဈေးမြင့်တက်နေရာ မှ ဒီတစ်ပတ်မှာတော့ အနီ က ဈေးငြိမ်သွားပြီး ပဲလွန်းပြာ နှင့် ပဲလွန်းဖြူကတော့ ကတော့ ဈေး ထပ်ပြီး မြင့်တက်လာပါတယ်။ ဈေးကွက်အတွင်း အဝင်နည်းနေတယ်လို့လည်း သိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာတော့ ပဲလွန်းဖြူက တစ်ပိဿာကို ၂၄၁၅ မှ ၂၇၂၀ ပေါက်ဈေးရှိပြီး တ်စပိဿာကို ၃၅ ကျပ်ဈေးတက်လာပါတယ်။ပဲလွန်းနီကတော့ တစ်ပိဿာကို ၃၀၈၀ မှ ၃၅၀၀ ပေါက်ဈေးရှိပြီး အတက်ဈေး ဖြင့် ဈေးငြိမ်နေပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ပဲလွန်းပြာကတော့ တစ်အိတ်ကို ၁၉၀၀၀၀ မှ ၁၉၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။


    မြေပဲလုံးဆံ

    ဈေးဆက်တိုက်မြင့်တက်ခဲ့တဲ့ မြေပဲလုံးဆံကတော့ ဈေးကွက်အတွင်း အဝင်များနေပြီး ဈေးချဝယ်ယူမှု တွေကြောင့် ဈေးက ပြန်ကျဆင်းသွားပါတယ်။ လက်ရှိမှာတော့ ပြည်ပဝယ်ယူမှုတွေလည်း မရှိဘူးလို့ သိရပါတယ်။ မြေပဲလုံးဆံက ပြီးခဲ့တဲ့နှစ်က ဈေးကောင်းရရှိခဲ့ပြီး လက်ရှိမှာလည်း ဈေးအမြင့်ဆုံး ပဲ ဖြစ်ပြီး ဆီစက်တွေကဝယ်ယူမှု များတယ်လို့သိရပါတယ်။

    မန္တလေးဈေးကွက်မှာ မြေပဲလုံးဆံနီက တစ်ပိဿာကို ၉၂၀၀ မှ ၉၄၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀လောက်ဈေးကျဆင်းသွားပါတယ်။

    အောင်ပန်းဈေးကွက်မှာတော့ မြေပဲဆံနီက တစ်ပိဿာကို ၈၅၀၀ မှ ၈၇၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။မြေပဲလုံးဆံဖြူကတော့ တစ်ပိဿာကို ၆၅၀၀ မှ ၆၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။


    နှမ်း

    နှမ်းမျိုးစုံဈေးကတော့ ဆက်တိုက်ဈေးမြင့်တက်နေရာမှ ဒီတစ်ပတ်မှာတော့ ဈေးပြန်ကျဆင်းသွား ပါတယ်။ ဈေးကွက်ထဲကို နှမ်းအသစ်တွေ အဝင်ရှိနေပြီး ပြည်ပကနေ အဝယ်အေးသွားတဲ့အပြင် အရည်အသွေးပိုင်းအားနည်းတဲ့အတွက် ဈေးကျဆင်းသွားတာဖြစ်တယ်လို့ နှမ်းကုန်သည်တွေက ဆိုပါတယ်။

    မန္တလေးစျေးကွက်မှာ နှမ်းဖြူ ရိုးရိုးက ၄၅ ပိဿာ ၃တင်းအိတ်ကို ၄၀၀၀၀၀ ကနေ ၄၁၀၀၀၀ ကျပ်ပေါက်ဈေးရှိပြီး အရင်ပတ်နဲ့ယှဥ်ရင် ၁၅၀၀၀ ကျပ် ၊ ပြီး နှမ်းဖြူ ဂျပန်ကလည်း ၄၁၂၀၀၀ ကနေ ၄၃၀၀၀၀ကျပ်စျေးပေါက်ပြီး၁၀၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။

    အလားတူ နှမ်းညိုကလည်း ၃၁၈၀၀၀ ကျပ်စျေးပေါက်ကာ ၇၀၀၀ ကျပ် စျေးပြန်ကျပြီး နှမ်းနက် စမုံကတော့ ၃၀၀၀၀၀ သိန်းမှ ၃၇၅၀၀၀ ကျပ်စျေးပေါက်လို အရင်တစ်ပတ်ကထက် ၆၀၀၀၀ လောက်စျေးပြန်ကျသွားတာတွေ့ရပါတယ်။


    AMIA

    Exclusive Content For Htwet Toe - ထြက္တိုး

    --------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/



  • article
likes5comments0
views135views5045