cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပါတ်စာမိုးလေဝသခန့်မှန်းချက်နှင့် စိုက်ပျိုးရေးအကြံပြုချက်

. ရာသီဥတု သတင်းများ
စက်တင်ဘာလဆန်းပိုင်းမှာ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်တော်တော်များများမှာ မိုးရွာရန် ရာနှုန်းပြည့်နီးပါး ရှိနိုင်ပါတယ်။ စက်တင်ဘာ ၆ရက်နှင့် ၇ ရက်မှာတော့ မိုးရွာနှုန်း လျော့ကျလာနိုင်ပါတယ်။
  • ၁။ ဟင်္သာတမြို့နယ်

    ယနေ့မှ စက်တင်ဘာ ၅ရက်နေ့အထိ မိုးရွာရန် ရာနှုန်းပြည့်နီးပါး ရှိပါတယ်။ စက်တင်ဘာ ၆ရက်၊ ၇ရက်တို့မှာတော့ မိုးနှုန်းလျော့ကျလာပြီး ၈၀ ရာခိုင်နှုန်း နီးပါးသာ ရှိပါတယ်။

    ၂။ ညောင်တုန်းမြို့နယ်၊ မအူပင်မြို့နယ်၊ မြောင်းမြမြို့နယ်၊ ဓနုဖြူမြို့နယ်၊ ပန်း‌တနော်မြို့နယ်

    ယနေ့မှ စက်တင်ဘာ ၅ရက်နေ့အထိ မိုးရွာရန် ရာနှုန်းပြည့်နီးပါး ရှိပါတယ်။ စက်တင်ဘာ ၆ရက်၊ ၇ရက်တို့မှာတော့ မိုးနှုန်းလျော့ကျလာပြီး ၇၀ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိပါတယ်။

    ၃။ ကျိုက်လတ်မြို့နယ်

    ယနေ့မှ စက်တင်ဘာ ၅ရက်နေ့အထိ မိုးရွာရန် ရာနှုန်းပြည့်နီးပါး ရှိပါတယ်။ နောက်ရက်တို့မှာ ရွာနှုန်းအနည်းငယ်လျော့ကျလာပြီး စက်တင်ဘာ ၆ရက်မှာ ၈၀ရာခိုင်နှုန်း ၊ ၇ ရက်တို့မှာ ၆၀ ရာခိုင်နှုန်း ဝန်းကျင် ရှိပါတယ်။

    ၄။ ဝါးခယ်မမြို့နယ်

    ယနေ့မှစပြီး စက်တင်ဘာ ၆ ရက်နေ့အထိ မိုးရွာရန် ရာနှုန်းပြည့် နီးပါးအထိ ရှိနိုင်ပါတယ်။ စက်တင်ဘာ ၇ ရက်‌နေ့မှာတော့ မိုးရွာရန် ၇၀ ရာခိုင်နှုန်းခန့်သာ ရှိပါတယ်။

    ၅။ ကျုံပျော်မြို့နယ်

    ယနေ့ မိုးရွာရန် ရာနှုန်းပြည့် ရှိပါတယ်။ စက်တင်ဘာ ၂ ရက်နေ့မှာတော့ ၇၀ ရာခိုင်နှုန်းသာ ရှိပါတယ်။ စက်တင်ဘာ ၃၊ ၄၊ ၅ ရက်တို့မှာတော့ ရွာနှုန်း ၉၀ ရာခိုင်နှုန်း ဝန်းကျင်အထိ မိုးများနိုင်ပါတယ်။ တစ်ဖန် စက်တင်ဘာ ၆၊၇ ရက်တို့မှာတော့ ၇၀ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိပါတယ်။ 

    ၆။ ဇလွန်မြို့နယ်

    ယနေ့ မိုးရွာရန် ရာနှုန်းပြည့် ရှိပါတယ်။ စက်တင်ဘာ ၂၊ ၃၊ ၄၊ ၅ ရက်တို့မှာလည်း မိုးရွာရန် ဆက်လက် အားကောင်းနေပြီး ၉၀ ရာခိုင်နှုန်း ဝန်းကျင် ရှိပါတယ်။ စက်တင်ဘာ ၆၊ ၇ ရက်တို့မှာတော့ ရွာနှုန်း အနည်းငယ် လျော့ကျလာပြီး ၈၀ ရာခိုင်နှုန်းခန့် ရှိပါတယ်။   


    ထွက်တိုးမှစိုက်ပျိုးရေးအကြံပြုချက်များ    

    စက်တင်ဘာ လဆန်းပိုင်းတွင် ရာနှုန်းပြည့် မိုးရွာသွန်းနိုင်သဖြင့် စပါးစိုက်ခင်းများအတွင်း ရေများနေခြင်းများ ဖြစ်ပွားနေနိုင်ပါသည်။ ရေထုတ်မြောင်းများ ကြိုတင်ပြုလုပ်ထားကြပါ။ စပါးပင်သက်တမ်းအရ မှို့ကပ်ကာလနဲ့ အနှံထွက်စကာလ ဖြစ်သည့်အတွက်ကြောင့် စိုက်ခင်းအတွင်း ပုလဲမြေဩဇာတစ်မျိုးတည်း ကျွေးခြင်းထက် အဟာရစုံပါဝင်သည့် ကွန်ပေါင်းဓါတ်မြေဩဇာကို ရောကျွေးပါ။ ဤအဆင့်တွင် ရွက်လိပ်ရွက်ကပ်ပိုး၊ ရွက်လိပ်အိမ်ပိုး၊ ကျိုင်းကောင်များ၊ ဖြုတ်ညိုများ နှင့် ဆစ်ပိုးများ ကျရောက်မှု ဖြစ်ပွားနိုင်ပါသည်။ ဒီ့အပြင် ဘတ်တီးရီးယားရွက်ခြောက်နှင့် ရွက်ညိုပြောက်ရောဂါ တို့ကို ကြိုတင်ကာကွယ်ပေးပါ။ စပါးရွက်ဖုံးပုပ်ရောဂါ၊ စပါးဂုတ်ကျိုးနှင့် မှိုနှံသီးရောဂါများကိုလည်း ဂရုပြုပါ။ ပိုးသတ်ဆေးနှင့် မှိုသတ်ဆေးများသည် အသုံးပြုပြီး အနည်းဆုံး ၄နာရီအထိ အပင်ပေါ်ရှိနေမှသာ အစွမ်းပြနိုင်တာကြောင့် ယခုလို မိုးရာသီကာလမှာ အသုံးမပြုမှီ ရာသီဥတု အနေအထားကို မပြတ်စောင့်ကြည့်ပြီးမှသာ ချင့်ချိန်သုံးစွဲပါ။ ဒါ့အပြင် ရေကြီး၊ ရေလွှမ်းမှုအန္တရာယ်ကနေ ရှောင်ရှားနိုင်ကြဖို့ မိုးလေဝသ သတင်းများကို အချိန်နဲ့အမျှ စောင့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ ထွက်တိုးတွင် နာရီအလိုက် မိုးလေဝသ ခန့်မှန်းချက်များကို ရယူနိုင်ပြီး အကြံပြုချက် ရယူလိုပါက ၀၉ ၉၇၇၉၁၀၀၀၀ ကိုလည်း ဆက်သွယ် ဆွေးနွေးနိုင်ပါသည်။  

    Source: CIAT




  • article
likes14comments0
views199views5008