cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အသစ်ဝင်မြေပဲဆန်များကြောင့် ဈေးကွက်အနည်းငယ်ကျဆင်းလာပြီး

. ဈေးကွက်
တရုတ်လိုင်း အဝယ်နည်းနေသောကြောင့် နှမ်းမျိုးစုံဈေးကွက် ကျဆင်းနေ
  • အသစ်ဝင်မြေပဲဆန်များကြောင့် ဈေးအနည်းငယ်ကျဆင်းလာပြီး တရုတ်လိုင်းအဝယ်နည်းနေတာ ကြောင့်လည်း နှမ်းမျိုးစုံဈေးကွက် လိုက်ပါကျဆင်းနေကြောင်း ကုန်သည် များထံက သိရသည်။

    နိုင်ငံငွေဈေးမြင့်တက်လာမှုနှင့် ပို့ကုန်သမားများ အဝယ်အေး နေ တာကြောင့် ပဲ၊ နှမ်းဈေးခပ်အေး အေးသာရှိနေကြောင်း၊လက်ရှိ အချိန်တွင် တရုတ်နိုင်ငံသို့ ပဲ၊နှမ်း တင်ပို့ရပ်နားထားသည်။

    ဈေးကွက်အတွင်း မြေပဲ ဆန်အသစ်များ ဝင်ရောက်လာ မှုနှင့်အတူ ဈေးကျဆင်းသွားသလို နှမ်းမျိုးစုံ ဈေးကွက်မှာလည်း တရုတ်လိုင်းတင်ပို့မှု နည်းနေတာ ကြောင့် လက်ရှိမှာ အမြင့်ဈေးမှ အနည်းငယ် ဈေးကျဆင်းလာ ကြောင်း ပြည်တွင်းသုံး ကုလားပဲ ဈေးကွက်မှာလည်း ဖြည်းဖြည်း သာ ဈေးမြင့်နေခြင်းဖြစ်ကြောင်း၊ ပြည်တွင်းသုံး ပဲမာလိုင်းများလည်း အဝယ်ခပ်သွက်သွက်ရှိနေကြောင်း တက်နေလင်းပွဲရုံမှ ကိုဇင်မင်းဦး က ပြောသည်။

    ``မြေပဲဆန်ဈေးကွက်က တော့ အသစ်ဝင်ရောက်မှုတွေ ရှိ လာပေမယ့် တရုတ်လိုင်း အဝယ် နည်းနေလို့ ဈေးကျဆင်းနေ ပါတယ်။ နှမ်းလိုင်းမှာလည်း တရားဝင်တင်ပို့မှု မရှိသေးလို့ အဝယ်အေးနေတာပါ။ မတ်ပဲက တော့ အဝယ်ပြန်ကောင်းနေပါ တယ်။ပဲစင်းငုံနီကတော့ အရောင်း ဈေးကွက် နည်းပါတယ်။ ကုလား ပဲ အုပ်စုကလည်း တဖြည်းဖြည်း ဈေးတက်နေတာမျိုးပါ။ ပြည် တွင်းသုံး ပဲမာလိုင်းမှာတော့ ပဲကြီး၊ ပဲထောပတ်၊ စွန်တာနီ၊ ပဲဇီးကွက်တို့ အဝယ်သွက်နေပါ တယ်။ ´´ ဟု ၎င်းက ပြောသည်။

    ဩဂုတ် ၃၀ ရက်တွင် သုံး တင်းဝင် မတ်ပဲ ပိဿာ ၆၀ တစ် အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင်ငွေကျပ် ၃၅၀၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲ တီစိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၁၆၆၀၀၀ ပေါက်ဈေးဖြစ်လာ သည်။

    ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးမြင့်တက်နေရာမှ အနည်းငယ်ပြန်လည်ကျဆင်း သွားရာ ဩဂုတ် ၃၀ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၇၂၀၀၀၊ V7 တစ် အိတ်လျှင် ငွေကျပ် ၂၇၆၅၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၅၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀ ပေါက်ဈေး ဖြစ်လာ သည်။

    ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၁၅၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၃၇၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ် ငွေ ကျပ် ၂၃၀၀၀၀၊ မြေပဲအနီလုံး ဆန်(ဝိုင်း)တစ်ပိဿာ ငွေကျပ် ၁၀၄၀၀ ပေါက်ဈေးရှိသည်။

    နှမ်းမျိုးစုံဈေးကွက်မှာ ယခင် သီတင်းပတ်ထက် အနည်းငယ် ဈေးပြန်တက်လာရာ နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ်၄၂၀၀၀၀၊နှမ်းညို တစ် အိတ်လျှင် ငွေကျပ် ၃၁၈၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၃၈၅၀၀၀ ပေါက်ဈေး ရှိကြောင်း သိရသည်။

    ရွှေမန်း

    မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes8comments0
views125views4411