cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆန်ချော တင်ပို့မှုလိုင်စင်သာ ယာယီကန့်သတ်ထားပြီး ဆန်ကြမ်းလျာထားချက်ပြည့် ပြည်ပတင်ပို့မှာဖြစ်

. သတင်းစုံ
"လိုင်စင် ကန့်သတ်ထားတယ်ဆိုတာကလည်း ဆန်ချော ပြည်ပတင်ပို့မှု လိုင်စင်သစ်လျှောက်ထားတာကိုပါ"
  • ယခုဘဏ္ဍာနှစ်အတွင်း ပြည်တွင်းထွက်ဆန် ပြည်ပတင်ပို့မှု လျာထားချက်ဖြစ်တဲ့ တန်ချိန် ၂ ဒသမ ၅ သန်းခန့်ကို ပြည့်မီအောင် တင်ပို့သွားမှာဖြစ်ပြီး ဆန်ချော ပြည်ပတင်ပို့မှုအတွက်တော့ လိုင်စင်သစ်ထုတ်ပေးမှုကို စက်တင်ဘာ ၁ ရက်ကစပြီး ၄၅ ရက် ယာယီ ကန့်သတ်ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

    "မြန်မာနိုင်ငံအနေနဲ့က ဆန်ချောဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းတို့၊ ကြားပျံ၊ ဧရာပေါ်ဆန်းအစရှိသဖြင့် စားသုံးကြ တာများပါတယ်။ ကျွန်တော်တို့ ပြည်ပတင်ပို့တယ်ဆိုတာက ဧည့်မထလို ဆန်ကြမ်းမျိုးကိုပဲ တင်ပို့တာပါ။ နှစ်စဉ် ဆန်ကြမ်းနဲ့ဆန်ကွဲ တင်ပို့မှုကတော့ လျော့ကျသွားမှာမဟုတ်ပါဘူး။ လိုင်စင် ကန့်သတ်ထားတယ်ဆိုတာကလည်း ဆန်ချော ပြည်ပတင်ပို့မှု လိုင်စင်သစ်လျှောက်ထားတာကိုပါ"လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က MFN ရဲ့သီးသန့် ဆက်သွယ်မေးမြန်းတာကို ဖြေကြားပါတယ်။

    ဒါ့အပြင် ဆန်ချော ပြည်ပတင်ပို့ဖို့ လိုင်စင်သစ် ထုတ်ပေးမှု ၄၅ ရက် ယာယီကန့်သတ်တာဟာ ကုန်ခဲ့တဲ့ ဩဂုတ်လအတွင်းမှာ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပြီး ပြည်တွင်း ဆန်ချောဈေးကွက် မြင့်တက်နေမှုကို ထိန်းချုပ်လိုတဲ့ သဘောမျိုးလို့လည်း ဆန်ကုန်သည်လုပ်ငန်းရှင်တစ်ဦးမှ မှတ်ချက်ပြုထားပါတယ်။

    ဒါ့အပြင် ပြည်ပတင်ပို့မှု နှစ်စဉ် တန်ချိန် ၂ သန်းခန့် ရှိပြီး ပြည်ပတင်ပို့မှုနဲ့ ပြည်တွင်းလက်ကျန်ဟာနှစ်စဉ် တန်ချိန် ၂ သန်း၊ ၃ သန်းခန့်ရှိတယ်လို့ သိရပါတယ်။

    ယခုဘဏ္ဍာနှစ်အတွက် ဆန်တန်ချိန် ၂ ဒသမ ၅ သန်း တင်ပို့မှုလျာထားပေမယ့် ယခုဘဏ္ဍာနှစ်စ ပထမ သုံးလပတ်အတွင်း ဆန်တင်ပို့မှု ၁၀ရာခိုင်နှုန်းကျော်သာရှိသေးတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဇူလိုင်လပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

    ပြည်တွင်း ဆန်ချောဈေးကွက် မြင့်တက်နေမှုမှာ ဆန်အထွက်နှုန်းကျဆင်းတာတွေမရှိဘဲ ကောလာဟလ ဖြန့်ဝေ ဈေးကစားကာ ဈေးဆွဲတင်နေမှုတွေကြောင့် ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ မှတ်ချက်ပြုထားပါတယ်။

    မြန်မာနိုင်ငံအနေနဲ့ တစ်နှစ်ကို နွေစပါးဧက ၂ သန်း၊ မိုးစပါးဧက ၁၅ သန်း၊ စုစုပေါင်း ၁၇ သန်း နှစ်စဉ်စိုက်ပျိုးပြီး ဆန်တန်ချိန် ၁၃ သန်း၊ ၁၄ သန်းခန့် ထုတ်လုပ်နေသလို တန်ဖိုးအားဖြင့် ကျပ် ဘီလီယံပေါင်း ၁၄,၀၀၀ ၊ ၁၅,၀၀၀ တန်ဖိုးခန့်ရှိနေကာယင်းထွက်ရှိတဲ့ ဆန်တန်ချိန် ၁၀ သန်းခန့်ကိုပြည်တွင်းမှာ စားသုံးနေတာ ဖြစ်ပါတယ်။

    MFN မှကူးယူဖော်ပြပါသည်။

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes11comments0
views91views5327