cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အိမ်တွင်းကုန်ကျစရိတ်ကာနိုင်တဲ့ခရမ်းသီးဖြူစိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
အိမ်တွင်းကုန်ကျစရိတ်ကာနိုင်တဲ့ခရမ်းသီးဖြူစိုက်ပျိုးနည်း


  • ခရမ်းသီးအဖြူမျိုးကို ၁၂-၁၄ လက်မအိုးနဲ့ အလွယ်တကူ စိုက်ပျိုးနိုင်ပါတယ်။

    အရည်အသွေးကောင်းသော မျိုးစေ့များကို ရယူပြီး ၁လက်မခွဲ အနက်ထည့်စိုက်ပါ။

    အပေါ်မှမြေခပ်ပါးပါးဖုံးပေးပြီး မြေအစိုဓာတ်မပြတ်အောင် ထိန်းပေးပါ။

    အလင်းရောင်ကောင်းကောင်းရပြီး တိုက်ရိုက်နေရောင်မရှိသောနေရာတွင် ထားပေးပါ။

    မျိုးစေ့တွေက တစ်ပတ်နှစ်ပတ်အတွင်းမှာ ပေါက်လာပါလိမ့်မယ်။


    မြေဆီလွှာ

    အကောင်းဆုံး ကြီးထွားမှုအတွက် မြေချဉ်ငံဓာတ် ၅.၅ ကနေ ၇ အထိ ရေကောင်းစွာစီးဆင်းနိုင်တဲ့ မြေတွင်စိုက်ပျိုးပါ။

    ခရမ်းပင်တွေဟာ စိုစွတ်တဲ့ မြေအနေအထားကိုကြိုက်သော်လည်း ရေစီးရေလာကောင်းတဲ့ နေရာမှာပိုမိုဖြစ်ထွန်းနိုင်ပါတယ်။ လုံးဝခြောက်သွေ့သွားခြင်း သို့မဟုတ် ရေဝပ်တာမျိုးမဖြစ်စေရန် ဂရုစိုက်ပါ။

    ခရမ်းသီးပင်များက ဖော့စဖောရ်အများဆုံးလိုအပ်တဲ့ သီးနှံဖြစ်တဲ့အတွက် မြေသြဇာကို တစ်လလျှင်တစ်ကြိမ် ဖော့စဖရပ်စ်မြေဩဇာကို အသုံးပြုပေးပါ။

    မျိုးစေ့များမှစိုက်ပျိုးပြီးနောက် ရက်ပေါင်း ၉၀-၁၂၀ အကြား ရိတ်သိမ်းခူးဆွတ်နိုင်ပါသည်။

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
  • article
  • article
  • article
likes12comments0
views139views4033