သရက်ပင်ကြီးတွေကို မျိုးကောင်းမျိုးသန့် ကိုင်းဆက်၍ ပြန်လည် ပြုပြင်ခြင်း
- သရက်ပင်ကြီးတွေကို မျိုးကောင်းမျိုးသန့် ကိုင်းဆက်၍ ပြန်လည် ပြုပြင်ခြင်းနည်းကို ထွက်တိုးမှ ရုပ်ပုံလေးများဖြင့်ဖော်ပြပေးလိုက်ပါတယ်။ - ၁. မိမိကိုင်းကူးလိုသော အပင်၏ပင်စည်ကိုဖြတ်ပေးပါ။ - ၂.သရက်မျိုးကိုင်းဆက်ရန်အခေါက်ကိုတစ်လက်မခန့်ခွာပါ။ - ၃.မိမိကိုင်းကူးလိုသောမျိုးကိုင်းကို ပါးသွားအောင်ချွန်ပါ။ - ၄.မျိုးကိုင်းကို အရာပေးထားသည့် အခေါ်ကထဲသို့ထည့်ပြီး - ကိုင်းဆက်ပေးပါ။ ပြီးနောက် ရေမဝင်စေရန် ကိုင်းကူးတိပ်(သို့မဟုတ်) ကြိုးစဖြင့်ချည်ပေးပါ။ - ၅.ရေမဝင်စေရန် ကိုင်းကူးတိပ်(သို့မဟုတ်) ကြိုးစဖြင့်ချည်ပေးပါ။ - ၆.တစ်လခွဲခန့်အကြာတွင် ကိုင်းဆက်ထားသည့် မျိုးကိုင်းမှအညွှန့်များ ရှင်သန်လာမည်။ - ၇.အညွှန့်နုများထွက်ချိန်တွင် စုပ်စားပိုးများကျနိုင်တာကြောင့် စုပ်စာပိုးသတ်ဆေးဖျန်းပေးပါ။ - ၈.အကိုင်းများ ကောင်းစွာကြီးထွားနိုင်ရန်မြေဆီနှင့်မြေဆွေးကိုအပင်တစ်ပေပတ်လည် မြေဆွပြီး ကျွေးပေးပါ။ အစိုဓါတ်ရရှိရန် ရေလောင်းပေးပါ။ - ၉.အချို့ကိုင်းကူးအပင်များသည် နှစ်ချင်းသီးနိုင်သော်လည်း၁-၃နှစ်ကြာမှသာအသီးယူပေးလျှင်အကောင်းဆုံးဖြစ်သည်။ - References – World Agroforesty Centre ( mango Grafting Manual Book) - - https://www.gardeningknowhow.com - ----- - ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။ - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် 
 
 
 
 
 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
