cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြန်မာ့ရော်ဘာကိုနိုင်ငံတကာဈေးကွက်စည်းမျည်းစည်းကမ်းဘောင်အတွင်းထုတ်လုပ်ရောင်းချဖို့စီစဉ်

. ဈေးကွက်
နိုင်ငံတကာရော်ဘာဈေးကွက်အနေဖြင့်လည်းလာမည့် ၂၀၃၀ ပြည့်နှစ်တွင် ရေရှည်တည်တံ့နိုင်သောသဘာဝရော်ဘာစနစ်များဖြင့်သာရောင်းချကြရမှာဖြစ်ပါတယ်။
  • မြန်မာ့ဒေသထွက် ရော်ဘာကိုနိုင်ငံတကာဈေးကွက် စည်းမျဉ်းစည်းဘောင်အတွင်းမှာဈေးကွက်ယှဉ်ပြိုင်ရောင်းချနိုင်ဖို့ အရည်အသွေးပြင်ဆင်မှုတွေကိုဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းကသိရပါတယ်။

    ရေရှည်တည်တံ့တဲ့သဘာဝရော်ဘာစနစ်ဖြင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်တဲ့နေရာမှာသစ်တောပြုန်းတီးမှုမဖြစ်စေရန်၊ ရော်ဘာထုတ်လုပ်ရေးလမ်းစဉ်တစ်လျှောက်တွင်လူ့အခွင့်အရေးနှင့်သဘာဝပတ်ဝန်းကျင် မထိခိုက်၊ မပျက်စီးစေရန်စတဲ့ စည်းမျဉ်း၊စည်းကမ်းဘောင်အတွင်းမှာထုတ်လုပ်ဖို့ပြင်ဆင်နေတာလို့လည်းသိရပါတယ်။

    မြန်မာနိုင်ငံမှာရော်ဘာစိုက်ဧကစုစုပေါင်း ၁ ဒသမ ၆သန်းကျော်ရှိပြီး ရော်ဘာအစေးခံ၍ ကုန်ကြမ်းထုတ်လုပ်နိုင်တဲ့ ရော်ဘာဧကစုစုပေါင်း ၈၅၀,၀၀၀ ကျော်ရှိနေပါတယ်။အဲဒီဧကတွေရဲ့ ထုတ်လုပ်နိုင်ချေဟာဆိုရင်လည်းတစ်နှစ်ကိုတန်ချိန် ၄ သိန်းခန့်ထွက်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

    မြန်မာ့ဒေသထွက်ရော်ဘာတွေကိုတရုတ်၊ ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နဲ့ တရုတ်(တိုင်ပေ)မှ အဓိကထားဝယ်ယူနေတာဖြစ်ပါတယ်။

    အဲဒီလိုဝယ်ယူနေတဲ့ ပြည်ပနိုင်ငံတွေထဲကနေအခုဘဏ္ဍာနှစ်ရဲ့ ဇူလိုင်လမှာဆိုရင် တရုတ်၊ အိန္ဒိယ၊ ကိုရီးယားနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကိုတန်ချိန် ၁၀,၇၇၀ တင်ပို့ရောင်းချပေးထားတယ်လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကဆိုထားတာပါ။

    နိုင်ငံတကာရော်ဘာဈေးကွက်အနေဖြင့်လည်းလာမည့် ၂၀၃၀ ပြည့်နှစ်တွင် ရေရှည်တည်တံ့နိုင်သောသဘာဝရော်ဘာစနစ်များဖြင့်သာရောင်းချကြရမှာဖြစ်ပါတယ်။

    ဒါကြောင့်မြန်မာနိုင်ငံအနေနဲ့လည်းကမ္ဘာ့ရော်ဘာဈေးကွက်သတ်မှတ်ချက်အတိုင်းလိုက်ပါဆောင်ရွက်နိုင်မှသာ နိုင်ငံတကာရော်ဘာဈေးကွက်များမှာဈေးကွက်ယှဉ်ပြိုင်ရောင်းချနိုင်မှာမို့ အရေအသွေးပြင်ဆင်ရောင်းချနိုင်ဖို့ အခုကတည်းကကြိုတင်ပြင်ဆင်ဆောင်ရွက်နေတာလို့လည်းသိရပါတယ်။

    MFNမှကူးယူဖော်ပြပါသည်။

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes6comments0
views96views3337