cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကွမ်းသီးပင် အပင်ရောဂါနှင့် ထိရောက်သော ကာကွယ်နှိမ်နင်းမှု

. ရောဂါ
ကွမ်းသီးပင်စိုက်ရင် အကျိုးရှိတယ်ဆိုလို့ အပင် ၂၀ ကျော် စိုက်ပျိုးခဲ့ပါတယ်။ တစ်နှစ်ပတ်လုံး ရေမပြတ်ရှိနေတဲ့ရေမြောင်းဘေးပတ်လည်မှာ စိုက်ပျိုးခဲ့သဖြင့် အပင်ဖြစ်ထွန်းမှု၊ အသီးသီးမှုကောင်းပါတယ်။ သို့သော် ရောင်းချရာမှာဈေးကွက်အခက်အခဲရှိတာကြောင့် မျှော်မှန်းသလို ဈေးမရခဲ့ပါ။ စိုက်ပျိုးမှုချို့ယွင်းချက်မရှိဘဲ ကွမ်းသီးဈေးနှုန်းနဲ့ဝယ်ယူမှုဈေးနှိမ်တာကြောင့် အကျိုးထင်သလောက်မရှိခဲ့ပါ။
  • ကွမ်းသီးပင်စိုက်ရင် အကျိုးရှိတယ်ဆိုလို့ အပင် ၂၀ ကျော် စိုက်ပျိုးခဲ့ပါတယ်။ တစ်နှစ်ပတ်လုံး ရေမပြတ်ရှိနေတဲ့ရေမြောင်းဘေးပတ်လည်မှာ စိုက်ပျိုးခဲ့သဖြင့် အပင်ဖြစ်ထွန်းမှု၊ အသီးသီးမှုကောင်းပါတယ်။ သို့သော် ရောင်းချရာမှာဈေးကွက်အခက်အခဲရှိတာကြောင့် မျှော်မှန်းသလို ဈေးမရခဲ့ပါ။ စိုက်ပျိုးမှုချို့ယွင်းချက်မရှိဘဲ ကွမ်းသီးဈေးနှုန်းနဲ့ဝယ်ယူမှုဈေးနှိမ်တာကြောင့် အကျိုးထင်သလောက်မရှိခဲ့ပါ။

    မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတစ်ခွင် ခရီးသွားစဉ် လမ်းဘေးဝဲယာတစ်လျှောက် ကွမ်းသီးပင်စိုက်ပျိုးထားတဲ့ခြံတွေ၊ အိမ်ဝိုင်းတွေ၊ ကွမ်းသီးနေလှန်းနေတာတွေကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ခေတ္တနားချိန်မှာ ကွမ်းသီးခြံတွေလေ့လာကြည့်တော့ ကျွန်တော့်လိုပဲ ရောင်းချမှုမှာ ဈေးနှိမ်တာကြုံရသလို မိုးများစွတ်စိုတဲ့ ဒေသတွေဖြစ်တော့ မှိုရောဂါများကျတတ်ကြောင်း၊ ကွမ်းသီးပင်က အပင်မြင့်များဖြစ်လို့ မှိုသတ်ဆေးအသုံးပြုရာမှာ ခက်ခဲကြောင်း၊ သို့သော်မကြာခင်ကာလများကထရိုင်ခိုဒါးမား ဇီဝမှိုသတ်ဆေးဖြင့် ကောင်းကောင်းနှိမ်နင်းနိုင်ခဲ့ကြောင်း သိခဲ့ရတယ်။ 

    ကွမ်းသီးပင်မှာ ကျရောက်တတ်တဲ့အပင်ရောဂါကလည်း မှိုရောဂါအများစုဖြစ်ပါတယ်။ ကွမ်းသီးပင်ပေါက်တာကလည်း မိုးများတဲ့ဒေသ၊ စိုစွတ်တဲ့ဒေသ၊ပူအိုက်စွတ်စို၊ လေထုစိုစွတ်မှုကြိုက်တဲ့ အပင်၊ မိုးရွာတာလည်းများမယ်၊ အပူချိန်ကလည်း ၂၈ ဒီဂရီစင်တီဂရိတ်ကနေ ၃၂ ဒီဂရီစတင်တီဂရိတ်ရှိရင် အပင်ဖြစ်တယ်။ အသီးသီးတာများတယ်။ မိုးခေါင်ရင် အပင်ဖြစ်တာ၊ ပန်းပွင့်တာ မကောင်း။ နေပူမိရင်နေလောင်တာ၊ လေပူလေခြောက်တိုက်ရင် အသီးမတင်တာ ရှိပါတယ်။ စိုစွတ်အေးမြ၊ အရိပ်လည်းရ၊ နေရောင်ခြည်ပျပျကလေးလည်း မနက်၊ နေ့လယ်ပိုင်းရလို့ကတော့ကွမ်းပင်တွေ ဖြစ်ထွန်းပါတယ်။

    ကွမ်းသီးပင်မှာကျတဲ့ အပင်ရောဂါတွေက အဆိုးဆုံးက ကွမ်းသီးအသီးပုပ်တဲ့ရောဂါဖြစ်တယ်။ အသီးတွေမမှည့်ခင် အပင်ပေါ်ကကြွေကျတယ်။ ေ<ကကျတဲ့အသီးတွေကြည့်ရင် အသီးပေါ်မှာ မှိုမျှင်ဖြူဖြူဖွေးဖွေးတွေပါလာရင် ရောဂါရလို့ကြွေတာပဲ။ ကွမ်းသီးပင်အရွက်တွေဝါတဲ့ရောဂါ၊ ကွမ်းသီးပင်ထိပ်ဖူးပုပ်တဲ့ရောဂါ၊ ကွမ်းသီးပင် ပန်းခိုင်ခြောက်သေတဲ့ရောဂါ၊ ကွမ်းသီးပင်အပင်ခြေပုပ်တဲ့ရောဂါ၊ ကွမ်းသီးပင် ပင်စည်မှာ အပေါက်ဖြစ်လာပြီး ပေါက်ထွက်တဲ့ရောဂါ၊ ကွမ်းသီးပင်အရွက်တွေ ရွက်စင်းဖြစ်တဲ့ရောဂါ၊ ကွမ်းသီးတွေ ကွဲတဲ့ရောဂါ၊ကွမ်းသီးပင် နေလောင်လို့ရတဲ့ရောဂါတွေ ဖြစ်ကြတာ အများစုပါ။

    ဒီရောဂါတွေထဲကကွမ်းသီးအသီးပုပ်တဲ့ ရောဂါကို မှိုသတ်ဆေးနဲ့ ဘော်ဒိုမစ်ချာတစ်ရာခိုင်နှုန်းဆေးရည်ကို မိုးရာသီမတိုင်ခင် ကြိုတင်ပြီးအပင်ပေါ်ပက်ဖျန်းရတယ်။ကွမ်းပင်ဆိုတာ ပေ ၄၀၊ ပေ ၅၀ ကျော်မြင့်တော့ သိပ်ပြီးခက်ခဲပါတယ်။ တစ်ကြိမ်ဖျန်းလို့လည်းမရတော့ ပထမတစ်ကြိမ်ဖျန်းပြီး ရက် ၄၀ ကြာရင် ဒုတိယအကြိမ် ထပ်မံဖျန်းရသေးတယ်။ ဘယ်လောက်ခက်ခဲမလဲဆိုတာစဉ်းစားသာကြည့်ပါ။

    ထရိုင်ခိုဒါးမားမှိုဟာ အကျိုးပြုတဲ့ ဇီဝမှိုသတ်ဆေး ထုတ်လုပ်အသုံးပြုနိုင်သဖြင့်နှမ်း၊ မြေပဲကိုလည်း မကွေးဘက်က စိုက်ခင်းတွေမှာ အသုံးပြုအောင်မြင်နေတာ ကြားရတယ်။ အခုလည်း ကွမ်းသီးပင်တွေမှာ မှိုရောဂါကျတာ၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်၊ ထားဝယ်မှာ အသုံးပြုနေကြပြီး ထရိုင်ခိုဒါးမား မှိုထုပ်တစ်ထုပ်ကို ကောက်ရိုးဖြစ်စေ၊ ထုထောင်းထားတဲ့ကွမ်းသီးခွံဖတ်၊ အုန်းဆံဖတ်တွေနဲ့ ရောမွှေကာ (မှိုတစ်ထုပ် ရောမယ့်အဖတ် ၁၅ ဆ) ကွမ်းသီးခိုင်ခူးတဲ့ ချိတ်၊ တံချူတိုင်ထိပ်မှာညှပ်ထည့်ပြီး ကွမ်းသီးပင်ထိပ်မှာရှိတဲ့ ကွမ်းဖူးခိုင်တွေကြား၊ ကွမ်းလက်၊ ကွမ်းရွက်တွေကြား ထိုးတင် ညှပ်ထည့်ပေးတာနဲ့မှိုထုပ်ဟာ အပင်ပေါ်ရောက်သွားပြီး အဖူးခိုင်၊ အသီးခိုင်၊ အရွက်တွေကြားမှာရှိတဲ့ အသီးပုပ်တဲ့ရောဂါတွေ၊ အရွက်မှာဖြစ်တဲ့ရောဂါတွေ၊ ပန်းခိုင်မှာဖြစ်တဲ့ မှိုရောဂါတွေကို အကျိုးပြုဇီဝမှို ထရိုင်ခိုဒါးမားမှိုက ထိထိရောက်ရောက် ကာကွယ်နိုင်တာကိုသိလာကြပြီ။ ရေး၊ မြိတ်၊ ထားဝယ်ဘက်က ကွမ်းခြံတွေဟာ ကွမ်းပင်တွေကို ခပ်စိပ်စိပ်စိုက်ကြပြီး အသီးခူးရင်လည်းတစ်ပင်တက်ပြီးရင် နောက်တစ်ပင်ကို ကူးပြီး အသီးခူးတတ်ကြတော့ လူနဲ့လည်း မှိုထုပ်တင်နိုင်ကြတယ်။ 

    ဒါကြောင့်ကွမ်းသီးပင်မှာကျတဲ့ မှိုရောဂါကို ကာကွယ်နိုင်ပါပြီ။ထိုင်းနိုင်ငံဘက်ကလည်း မှိုထုပ်တွေ ဝင်လာတာရှိတယ်။ မြန်မာနိုင်ငံဘက်က ထုတ်လုပ်တဲ့ ထရိုင်ခိုဒါးမား မှိုထုပ်တွေလည်းဝယ်နိုင်တယ်။ ဒါပေမယ့် ထိုင်းကမှိုထုပ်တွေ မှာသုံးကြတာများတယ်။

    ကိုရဲ(စိုက်ပျိုးရေး)မြန်မာတောင်သူကြီးများ ဂျာနယ်


  • article
likes6comments1
views217views4746