cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲပါ

. အိမ်တွင်းဥယျာဉ်
ဒီလို မိုးဦး မကျတကျ အချိန်လေးဟာ သဘာဝမြေသြဇာ နွားချေး၊ မြေ ဆွေး၊နုန်း၊ အမှိုက် သရိုက် တွေကို လယ်မြေ ယာမြေ တွေထဲ ချဖို့ အသင့်တော်ဆုံး အချိန်ပဲ ဖြစ်တယ်။ သဘာ၀ မြေသြဇာဖြစ်တဲ့ နွားချေး၊ ကြက်ချေး၊ မြေဆွေး၊ နုန်းနဲ့ အမှိုက် သရိုက်တွေကို စနစ်တကျ စုဆောင်းပြီး မဖြစ်မနေ ချပေးရမှာ ဖြစ်ပါတယ်။
  • ကျေးဇူးရှင် တောင်သူ လယ်သမား မိဘကြီးများ အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သ အပ်ပါသည် ခင်ဗျား။

    ဒီတစ်ပတ် ဆွေးနွေး အကြံပြု လိုတာကတော့ သဘာ၀ မြေသြဇာ၊ နွားချေး၊ မြေ ဆွေး၊ နုန်း စတဲ့မြေဆွေးတွေကို လယ်မြေ ယာမြေတွေထဲကို ထည့်ဖို့အကြောင်းလေးပဲ ဖြစ်ပါတယ်။

    ဒီလို မိုးဦး မကျတကျ အချိန်လေးဟာ သဘာဝမြေသြဇာ နွားချေး၊ မြေ ဆွေး၊နုန်း၊ အမှိုက် သရိုက် တွေကို လယ်မြေ ယာမြေ တွေထဲ ချဖို့ အသင့်တော်ဆုံး အချိန်ပဲ ဖြစ်တယ်။ သဘာ၀ မြေသြဇာဖြစ်တဲ့ နွားချေး၊ ကြက်ချေး၊ မြေဆွေး၊ နုန်းနဲ့ အမှိုက် သရိုက်တွေကို စနစ်တကျ စုဆောင်းပြီး မဖြစ်မနေ ချပေးရမှာ ဖြစ်ပါတယ်။

    ဘာဖြစ်လို့လဲ ဆိုတော့ တစ်ရာသီ၊ တစ်ရာသီမှာ သစ်ပင်တွေ စိုက်ပျိုး လိုက်ရင် တစ်ရာသီ ကုန်ဆုံးသွားတဲ့ အချိန်မှာ မြေကြီး ထဲမှာရှိတဲ့ အာဟာရတွေကို နုတ်ယူ စားသုံးသွားကြ လို့ပါပဲ။

    ဒီလို တစ်ရာသီ သစ်ပင် စိုက်တိုင်း အပင်က ထုတ်နုတ် စားသုံးသွားတဲ့ အာဟာရ တွေကိုမြေကြီးထဲကို ပြန်ထည့်မပေးဘူးဆိုရင် မြေကြီးဟာ ဘာမှမကျန်ခဲ့ပဲ ဘူးခွံသဖွယ် ဖြစ်သွားပြီး မြေကန်းသွားပါတော့တယ်၊ မြေဆီလွှာလည်း ပျက်သုဉ်း သွားတော့ တာပေါ့။

    သစ်ပင်တွေဟာ သူတို့ အသက်ရှင် ကြီးထွား ဖွံ့ဖြိုးဖို့အတွက် မြေကြီးထဲက နိုက်ထရိုဂျင်ဓာတ်၊ ဖော့စ်ဖရပ်ဓာတ်၊ ပို တက်စီယမ်ဓာတ်၊ ကယ်လ်စီယမ်ဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်၊ ဆာလ်ဖာဓာတ်၊ သံဓာတ်၊ မဂ္ဂနီစ်ဓာတ်၊ သွပ်ဓာတ်၊ ဘိုရွန်ဓာတ်၊ မော်လ်ဘစ်ဒီနမ်ဓာတ်၊ ကလိုရင်းဓာတ် တွေကို စုပ်ယူ အသက်ရှင် သန်ကြီးထွား ကြပါတယ်။

    ဥပမာ ပြောရရင် စပါး ရင့်မှည့်ပြီ ဆိုရင် နိုက်ထရိုဂျင်ဓာတ် ၄၀ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ် ဓာတ် ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ဓာတ် ၈၀ ရာခိုင် နှုန်းမှ ၈၅ ရာခိုင်နှုန်း၊ ဆာလ်ဖာ ဓာတ် ၄၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းနဲ့ စီလီတာဓာတ် တွေကို စုပ်ယူသွား ပါတယ်။

    ဒါ့ကြောင့် တစ်ရာသီ တစ်ရာသီမှာ သစ်ပင်တွေကို ရိတ်သိမ်းပြီးတိုင်း နောက် သီးနှံတွေ မစိုက်ပျိုး ရသေးမီ အချိန်မှာ နွား ချေး၊ ကြက်ချေး၊ မြေဆွေး၊ အမှိုက်သရိုက် တွေကို စနစ်တကျစုဆောင်းပြီး လယ်မြေ ယာမြေတွေထဲ ချဖို့လိုတာဖြစ်ပါတယ်။

    ဒီလိုသဘာ၀ မြေသြဇာတွေကို စုဆောင်းသုံးစွဲ တဲ့အခါမှာ မြေဆွေးပုံအဖြစ် စနစ်တကျ ပြုလုပ်ပြီး သုံးစွဲတာက ပိုပြီး အာဟာရ ဓာတ်နဲ့ပြည့်စုံ ပါတယ်။

    မြေဆွေးပုံ လွယ်လွယ် ပြုလုပ်ဖို့ကတော့ ၁၀ ပေ အရှည်၊ အကျယ် ရှစ်ပေ၊ အနံ ခြောက်ပေ လောက်ရှိတဲ့ မြေဆွေးကျင်းကို တူးပြီး ရသမျှ တိရစ္ဆာန် အညစ်အကြေး တွေကို ထည့်၊ ၁၀ လက်မလောက် တစ်လွှာရရင် အမှိုက်သရိုက်တွေထည့်၊ တစ်လွှာချင်းမှာ ဆန်ကွဲ၊ ဖွဲနု တစ်ပြည်လောက် ဖြူးလိုက်၊ အပေါ်မှ မြေဆွေး၊ နွားချေး၊ အမှိုက် တစ်လွှာချင်း ထည့်လိုက်နဲ့ကျင်းပြည့်မောက် လာအောင် မြေဆွေးကျင်း ထည့်ပြီး တာလပတ်နဲ့ အုပ်ထားပါ။

    မိမိလိုချင် သလောက် မြေဆွေးကျင်း အရေအတွက်ကို လုပ်နိုင် ပါတယ်။ မြေဆွေးကျင်းပူပြီး အိကျ သွားရင်လည်း အပေါ်မှ မြေဆွေး၊ နွားချေး၊ အမှိုက်၊ နုန်းတွေ ထပ်ပြီးပြည့်အောင် ထည့်ပေးရ ပါမယ်။ ဆွေးလာပြီး ဆိုရင် မြေဆွေး အဖြစ် လယ်မြေယာ မြေထဲလိုက်ချဖို့ ပါပဲ။ တောင်သူ လယ်သမားကြီး

    များ အားလုံး သီးနှံတွေ အထွက်တိုးလို့ လူမှုစီးပွား ဘ၀ ဖွံ့ဖြိုး တိုးတက်ကြ ပါစေလို့ ဆုမွန် ကောင်းတောင်းလျှက်။

    - အောင်ဆန်း (စိုက်ပျိုးရေး)


  • article
likes16comments0
views132views5781