ကုက္ကိုသီးရွက်ဖျန်းမြေသြဇာ
ပါဝင်သော ပစ္စည်း
ကုက္ကိုသီးကြိတ်ဖတ် ၁၀ ပိဿာ
ထန်းလျှက်(သို့) တင်လဲရည် ၁ ပိဿာ
ရေ ၃၀ ဂါလန်
ငါးအမိုင်နိုအက်စစ် ၁လီတာ (ရေသန့်ဘူးတစ်ဘူး)
ငါးအမိုင်နိုအက်စစ်မရှိပါက ပုလဲ မြေသြဇာ နို့ဆီဘူး တစ်ဝက်ခန့်ထည့်ပါ။ သို့သော်ဓါတုပစ္စည်းပါသဖြင့် သြဂဲနစ်စိုက်ခင်းတွင် သုံးမရပါ။ ဓါတုပစ္စည်း အနည်းငယ်သုံးသော ဂျီအေပီ စိုက်ခင်းတွင် သုံးနိုင်ပါသည်။ တစ်လကြာစိမ်ပြီးသုံးပါ။ အပင်ကြီးထွားမှုအားကောင်းစေပြီး အသီးတင်မှု အားကောင်းစေပါတယ်။
ကုက္ကိုသီးကို ထုထောင်းရေစိမ်၍ မြေဆွေးပြုလုပ်ရာတွင် ထန်းလျက်ကို တင်လဲရည် အစား အသုံးပြုနိုင်ပါသည်။ အထက်ပါ အပင်အားဆေးများကို ရေအဆ (၁၀၀) မှ (၅၀၀) ထိရောပြီး (၇) ရက်ခြားတစ်ကြိမ် ဖျန်းနိုင်ပါသည်။ အာဆေး အမျိုးမျိုးကို ရောဖျန်းနိုင်ပါသည်။ ပဲဖတ်၊ နှမ်းဖတ်၊ နွားချေးတို့ဖြင့် လည်းပြုလုပ်နိုင်ပါသည်။