cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမွေးတောင်သူများအတွက် မိုးလေဝသနှင့်မွေးမြူရေးအကြံပြုချက်

. ရာသီဥတု သတင်းများ
**မကွေးတိုင်းတွင် ယနေ့မှ စက်တင်ဘာ ၁၂ ရက်နေ့အထိ မိုးရွာနှုန်း ၉၀ ရာခိုင်နှုန်း ရှိပါသဖြင့် ငါးမွေးတောင်သူများ ငါးစာကျွေးရာတွင် အစားအစာ အလေအလွင့်မရှိစေရန် သတိရှိစေလိုပါသည်။ တိမ်ထူမိုးအုံ့နိုင်သောကြောင့် ပျော်ဝင်အောက်ဆီဂျင်ပမာဏကို စစ်ပေးဖို့လိုပါသည်။**
  • ၁။ ပွင့်ဖြူမြို့နယ်

    ယနေ့မှ စက်တင်ဘာ ၁၂ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော်ရှိပါတယ်။ စက်တင်ဘာ ၁၃၊ ၁၄ ရက်တို့မှာတော့ ရွာနှုန်း ပြန်ကျလာပြီး ၇၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိပါတယ်။

    ၂။ စလင်းမြို့နယ်

    ယနေ့မှ စက်တင်ဘာ ၁၀ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့မှာ ရွာနှုန်းနည်းပြီး စက်တင်ဘာ ၁၂၊ ၁၃၊ ၁၄ ရက်တို့တွင် ၈၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်။

    ၃။ စေတုတ္တရာမြို့နယ်

    ယနေ့မှ စက်တင်ဘာ ၁၂ ရက်နေ့အထိ မိုးရွာရန် ၈၀ ရာခိုင်နှုန်း ကျော်ရှိပါတယ်။ စက်တင်ဘာ ၁၂၊ ၁၃ ရက်တို့မှာတော့ ရွာနှုန်းနိမ့်လာပြီး ၇၀ ရာခိုင်နှုန်းခန့်သာ ရှိပါတယ်။

    ၄။ မင်းဘူးမြို့နယ်

    ယနေ့မှ စက်တင်ဘာ ၁၂ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော်ရှိပါတယ်။ စက်တင်ဘာ ၁၃၊ ၁၄ ရက်တို့မှာတော့ ရွာနှုန်း ပြန်ကျလာပြီး ၇၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိပါတယ်။

    မွေးမြူရေးအကြံပြုချက်များ

    • မကွေးတိုင်းအတွင်း မိုးရွာနှုန်း မြင့်သဖြင့် ငါးကန်များအတွင်း ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း ကျနိုင်ပါသည်။ ငါးကန် ရေအရောင်ပြောင်းလဲမှုများ ဖြစ်တတ်ပါသည်။ ဤအခြေအနေများတွင် ငါးများသည် ပုံမှန်ထက်လှုပ်ရှားမှုနှင့် အစာစားနှုန်းကျဆင်းလာနိုင်ပါသည်။
    • အဘယ့်ကြောင့်ဆိုသော် ငါးများသည် သွေးအေးသတ္တဝါများ ဖြစ်တာနှင့်အညီ ပတ်ဝန်းကျင်ပြောင်းလဲမှုကို မခံနိုင်ကြပေ။
    • ထို့ကြောင့် မိုးရွာစဉ်၊ မိုးအုံ့စဉ်တွင် အစာများ အလေအလွှင့်မဖြစ်စေရန် ၃၀ ရာခိုင်နှုန်း လျော့ကျွေးရပါမည်။ ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း တက်လာရန် ထုံးထည့်ပေးနိုင်သော်လည်း ပမာဏမများစေရန် သတိထားရပါမည်။
    • ရေအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ကျော်မှသာ ပုံမှန် နှုန်းထားပြန်ကျွေးရပါမည်။ တကယ်၍ နေပြန်ပူလာချိန်တွင် ရေကန်သည် အစိမ်းရောင် မသမ်းပါက ရေသြဇာပြန်ကျွေးပေးရပါမည်။
    • စက်တင်ဘာ ၁၃၊ ၁၄ ရက်တို့မှာတော့ မိုးအုံ့/တိမ်ထူထပ်နိုင်သောကြောင့် ထိုရက်များတွင် ငါးကန်များအတွင်းရှိ အပင်မျောလှေးများသည် အစာချက်နှုန်း ကျလာနိုင်ပါသည်။ 
    • ထို့ကြောင့် ကန်အတွင်း ပျော်ဝင်အောက်ဆီဂျင်ပမာဏနည်းလာပါသည်။ ညဘက်တွင် လုံးဝကျဆင်းလာပြီး ငါးများ သေသည်အထိ ဖြစ်စေပါသည်။
    • လေဒဟတ် တပ်ဆင်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။

     Weather Source: CIAT


  • article
likes8comments0
views191views6302