cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်းငါးမွေးတောင်သူများအတွက်မိုးလေဝသနှင့်မွေးမြူရေးအကြံပြုချက်

. ရာသီဥတု သတင်းများ
ပဲခူးတိုင်းတွင် ယနေ့မှ စက်တင်ဘာ ၁၂ ရက်နေ့အထိ မိုးရွာနှုန်း ၉၀ ရာခိုင်နှုန်း ရှိပါသဖြင့် ငါးမွေးတောင်သူများ ငါးစာကျွေးရာတွင် အစားအစာ အလေအလွင့်မရှိစေရန် သတိရှိစေလိုပါသည်။ တိမ်ထူမိုးအုံ့နိုင်သောကြောင့် ပျော်ဝင်အောက်ဆီဂျင် ပမာဏကို စစ်ပေးဖို့လိုပါသည်။
  • ပဲခူးတိုင်း

    ၁။ လက်ပံတန်းမြို့နယ်

    ယနေ့နဲ့ စက်တင်ဘာ ၁၀၊ ၁၁၊ ၁၂ ရက်တို့တွင် မိုးရွာရန် ရွာနှုန်း ၉၀ ကျော်ရှိပါတယ်။ ဆက်လက်ပြီး စက်တင်ဘာ ၉၊ ၁၃၊ ၁၄ ရက်တို့မှာ မိုးရွာရန် ၇၀ ရာခိုင်နှုန်းကျော်သာ ရှိပါတယ်။

    ၂။ မိုးညိုမြို့နယ်

    ယနေ့၊ မနက်ဖြန်နဲ့ စက်တင်ဘာ ၁၂ ရက်တို့တွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်း ရှိပါတယ်။ စက်တင်ဘာ ၁၀၊ ၁၃၊ ၁၄ တို့မှာတော့ မိုးရွာရန် မိုးရွာရန် ၇၀ ရာခိုင်နှုန်းကျော်သာ ရှိပါတယ်။

    ၃။ သာယာဝတီမြို့နယ်

    ယနေ့နဲ့ စက်တင်ဘာ ၁၀၊ ၁၁၊ ၁၂ ရက်တို့တွင် မိုးရွာရန် ရွာနှုန်း ၉၀ ကျော်ရှိပါတယ်။ ဆက်လက်ပြီး စက်တင်ဘာ ၉၊ ၁၃၊ ၁၄ ရက်တို့မှာ မိုးရွာရန် ၇၀ ရာခိုင်နှုန်းကျော်သာ ရှိပါတယ်။

    မွေးမြူ‌ရေးအကြံပြုချက်

    ပဲခူးတိုင်းတွင် မိုးရွာရန် ရွာနှုန်းမြင့်နေပါသဖြင့် ငါးကန်များအတွင်း ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း ကျနိုင်ပါသည်။ ငါးကန် ရေအရောင်ပြောင်းလဲမှုများ ဖြစ်တတ်ပါသည်။ ဤအခြေအနေများတွင် ငါးများသည် ပုံမှန်ထက်လှုပ်ရှားမှုနှင့် အစာစားနှုန်းကျဆင်းလာနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ငါးများသည် သွေးအေးသတ္တဝါများ ဖြစ်တာနှင့်အညီ ပတ်ဝန်းကျင်ပြောင်းလဲမှုကို မခံနိုင်ကြပေ။ ထို့ကြောင့် မိုးရွာစဉ်၊ မိုးအုံ့စဉ်တွင် အစာများ အလေအလွှင့်မဖြစ်စေရန် ၃၀ ရာခိုင်နှုန်း လျော့ကျွေးရပါမည်။ ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း တက်လာရန် ထုံးထည့်ပေးနိုင်သော်လည်း ပမာဏမများစေရန် သတိထားရပါမည်။ ရေအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ကျော်မှသာ ပုံမှန် နှုန်းထားပြန်ကျွေးရပါမည်။ တကယ်၍ နေပြန်ပူလာချိန်တွင် ရေကန်သည် အစိမ်းရောင် မသမ်းပါက ရေသြဇာပြန်ကျွေးပေးရပါမည်။ မိုးအုံ့သော/တိမ်ထူသော ရက်များတွင် ငါးကန်များအတွင်းရှိ အပင်မျောလှေးများသည် အစာချက်နှုန်း ကျလာပါသည်။  ထို့ကြောင့် ကန်အတွင်း ပျော်ဝင်အောက်ဆီဂျင်ပမာဏနည်းလာပါသည်။ ညဘက်တွင် လုံးဝကျဆင်းလာပြီး ငါးများ သေသည်အထိ ဖြစ်စေပါသည်။ လေဒဟတ် တပ်ဆင်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။

    Weather Source: CIAT



  • article
likes7comments0
views249views5521