cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပါတ်စာမိုးလေဝသနှင့် မွေးမြူရေးအကြံပြုချက် (ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃မြို့နယ်)

. ရာသီဥတု သတင်းများ
စက်တင်ဘာလ ဒုတိယပတ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃မြို့နယ် အတွက် တစ်ပတ်စာမိုးလေဝသ ခန့်မှန်းချက်အရ မိုးရွာရန်ရာခိုင်နှုန်း အနိမ့်ဆုံး ၇၀ရာခိုင်နှုန်းကနေ အမြင့်ဆုံး ၁၀၀ ရာခိုင်နှုန်းထိရှိနိုင်ပါတယ်။
  • article
  • မြောင်းမြ၊ ပုသိမ်

    မြောင်းမြနဲ့ ပုသိမ်မြို့နယ်တွေမှာ မိုးရွာရန်ရာ နှုန်းပြည့်သေချာနေပြီး စက်တင်ဘာလ ၉ရက်နဲ့ ၁၁ရက်မှာ မိုးရွာရန်ရာခိုင်နှုန်း ၉၀ ထိရှိပြီး ၇ရက်၊၈ရက်၊ ၁၀ရက်၊၁၂ရက်နဲ့ ၁၃ရက်တွေမှာ တော့ ၁၀၀ရာခိုင်းနှုန်းပြည့် မိုးရွာသွန်းနိုင်ပါတယ်။ 

    လပ္ပတ္တာ၊ မအူပင်၊ ကျုံပျော်  

    ဒုတိယမိုးရွာရန်ရာခိုင်နှုန်းများတဲ့ မြို့နယ်တွေ ကတော့ လပ္ပတ္တာ၊ မအူပင် နဲ့ ကျုံ ပျော် မြို့နယ်များ ဖြစ်ကြပါတယ်။ ၇ရက်၊ ၈ရက်နဲ့ ၁၁ရက်နေ့တွေမှာ ရာနှုန်းပြည့်မိုးရွာသွန်းနိုင်ပြီး ၉ရက်၊ ၁၀ရက်၊ ၁၂ရက်နဲ့ ၁၃ရက်နေ့တွေမှာတော့ ၈၀ ရာနှုန်းထိ မိုးရာသွန်းနိုင်ပါတယ်

    ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ၊ ညောင်တုန်း၊ ပန်းတနော် ၊ ဝါးခယ်မ၊ ကျိုက်လတ်၊ ဖျာပုံ 

    ကျိုက်လတ်နဲ့ ဖျာပုံမြို့နယ်တွေမှာ စက်တင်ဘာလ ၇ရက်၊၈ရက်၊ ၉ရက်, ၁၀ရက်နဲ့ ၁၁ရက်နေ့တွေ့မှာ မိုးရာနှုန်းပြည့် ရွာသွန်းနိုင်ပြီး ၁၂ရက်၁၃ရက်တွေ မှာတော့ မိုးရွာနှုန်း ၇၅ ရာနှုန်းထိ လျော့ကျလာမှာဖြစိပါတယ်။ ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ၊ ညောင်တုန်း၊ ပန်းတနော် ၊ ဝါးခယ်မ မြို့နယ်တွေမှာတော့ မိုးရာရန်ရာနှုန်းပြည့် ရှိပြီး ၈ရက်၊၉ရက်နဲ့ ၁၀ရက်နေ့တွေမှာ ၇၅ရာခိုင်နှုန်းမိုးရွာသွန်းနိုင်ပြီး ၁၁ရက်၊၁၂ရက်နဲ့ ၁၃ရက်နေ့တွေမှာ မိုးရွာရန် ရာခိုင်နှုန်း၊၁၀၀ ရာနှုန်းပြည့်ထိများလာမှာပဲဖြစ်ပါတယ်။

     ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငါးမွေးတောင်သူများအတွက် အကြံပြုချက်

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် တော်တော်များများတွင် မိုးရွာရန် ရွာနှုန်းမြင့်နေတဲ့ အတွက်ကြောင့် ငါးကန်များအတွင်း ရေအပူချိန်နဲ့ ရေချဉ်ဖန်နှုန်းများ ကျလာနိုင်ပါတယ်။ ငါးကန် ရေအရောင်ပြောင်းလဲမှုတွေလည်း ဖြစ်လာတတ်ပါတယ်။ ဒီအခြေအနေတွေမှာဆိုရင် ငါးတွေဟာ ပုံမှန်ထက်ပိုပြီး လှုပ်ရှားမှုနဲ့ အစာစားနှုန်းကျဆင်းလာနိုင်ပါတယ်။ ငါးတွေဟာ သွေးအေးသတ္တဝါတွေဖြစ်တဲ့အတွက်ကြောင့် ပတ်ဝန်းကျင်ပြောင်းလဲမှုကို တော်ရုံ မခံနိုင်ကြပါဘူး။ ဒါကြောင့်မို့ မိုးရွာစဉ်နဲ့ မိုးအုံ့စဉ်အခါတွေမှာ အစာများ အလေအလွှင့်မဖြစ်စေဖို့အတွက် ၃၀ ရာခိုင်နှုန်း လျော့ကျွေးပေးရပါမယ်။ ရေအပူချိန်နဲ့ ရေချဉ်ဖန်နှုန်း တက်လာဖို့အတွက် ထုံးထည့်ပေးရပါမယ်။ ဒါပေမယ့် ပမာဏမများစေဖို့တော့ အထူး သတိထားရမှာဖြစ်ပါတယ်၊ ရေအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ကျော်မှသာ ပုံမှန် နှုန်းထားနဲ့ ပြန်ကျွေးပေးရပါမယ်။ တကယ်လို့  နေပြန်ပူလာချိန်မှာ ငါးကန်က အစိမ်းရောင်မသမ်းဘူးဆိုရင်တော့ မြေသြဇာပြန်ကျွေးပေးရပါမယ်.မိုးအုံ့ပြီးတိမ်ထူတဲ့ရက်တွေမှာဆိုရင် ငါးကန်အတွင်းမှာရှိတဲ့ အပင်မျောလှေး တွေဟာ အစာချက်နှုန်း ကျလာတဲ့ အတွက်ကြောင့် ငါးကန်အတွင်း အောက်ဆီဂျင်ပမာဏ လျော့နည်း လာပါတယ်။ ညဘက်ရောက်ရင်တော့ အောက်ဆီဂျင်ပမာဏ လုံးဝကျဆင်းသွားပြီး ငါးများ အောင်ဆီဂျင်ပြတ်ပြီး သေတဲ့ အထိဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ ငါးကန်အတွင်း လေဒဟတ်တပ်ဆင်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါတယ်။  

    Source: CIAT

     



likes13comments0
views192views8158