cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ယခုနှစ်ကြံရာသီ ဈေးကောင်းပိုရရန် မျှော်လင့်ထား

. ဈေးကွက်
ကြံစိုက်ပျိုးမှု ကုန်ကျစရိတ်အနေနဲ့ သွင်းအားစုအပါအဝင် မြေပြင်စရိတ်၊ မျိုးစရိတ် စုစုပေါင်း ကျပ် ၁၂ သိန်းလောက်ရှိတယ်
  •  မြန်မာနိုင်ငံက ကြံစိုက်ပျိုးမှု အများဆုံးဖြစ်တဲ့ ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)က ကြံစိုက် တောင်သူတွေအနေနဲ့ အခုနှစ်ကြံရိတ် သိမ်းရာသီမှာ ဈေးကောင်းပိုရဖို့ မျှော်လင့်နေကြတယ်လို့ ရေတာရှည်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတယ်။

    ပြီးခဲ့တဲ့ကြံစိုက်ရာသီကတော့ ကြံတစ်တန်ကို အနည်းဆုံး ၆ သောင်း ၈ ထောင်ကနေ အများဆုံး ၇ သောင်းကျော်အထိ ရရှိခဲ့ တယ်လို့ ရေတာရှည်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယလက်ထောက်ဦးစီးမှူး ဦးဇင်မျိုးဝင်းက ပြောပါတယ်။ 

    ပြီးခဲ့တဲ့နှစ်ကစပြီး ကြံဈေးကောင်းရရှိခဲ့တာကြောင့် ရေတာရှည်မြို့နယ်မှာတော့ ကြံစိုက်တောင်သူတွေပိုမို များပြားလာပြီး ၃၀ ရာခိုင်နှုန်းလောက် တိုးလာခဲ့တယ်လို့ဆိုပါတယ်။

    ကြံစိုက်ပျိုးမှု ကုန်ကျစရိတ်အနေနဲ့ သွင်းအားစုအပါအဝင် မြေပြင်စရိတ်၊ မျိုးစရိတ် စုစုပေါင်း ကျပ် ၁၂ သိန်းလောက်ရှိတယ်လို့ တောင်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

    ဒါ့အပြင်တစ်ဧက တန်ချိန် ၃၅ နဲ့အထက်ထွက်ရှိတဲ့အခါ ကျပ်သိန်း ၃၀ ဝန်းကျင်အထိ ရရှိပြီး အချို့ အထွက်နှုန်း နည်းတဲ့မြေ ဖြစ်ခဲ့ရင်လည်း အမြတ် ရရှိမှုနည်းတာကလွဲလို့ အရှုံးမရှိဘူးလို့လည်းဆိုပါတယ်။

    One News Myanmar မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes10comments0
views107views6501