cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သီးနှံအပေါင်ယူပြီး ချေးငွေထုတ်ပေးရန် စီးပွား/ကူးသန်း စီစဉ်

. သတင်းစုံ
သတ်မှတ်ထားတဲ့ သိုလှောင်ရုံတွေမှာ လာရောက်အပ်နှံပြီး ချေးငွေရယူနိုင်တဲ့ အစီအစဉ်တစ်ခုပါ။
သီးနှံဈေးကောင်းချိန်မှာ ပြန်လည်ရောက်ပြီး ချေးငွေပြန်လည် ပေးဆပ်ရမှာဖြစ်
  • တောင်သူလယ်သမားတွေကို ၎င်းတို့ ပိုင်ဆိုင်တဲ့ သီးနှံတွေ အပေါင်ပစ္စည်းအဖြစ် ရယူပြီး ချေးငွေထုတ်ပေးမယ့် စနစ်ကို အကောင်အထည်ဖော်ဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) က စီစဉ်နေပါတယ်။

    စနေနေ့က သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System) ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့ (Task Force) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

    အစည်းအဝေးကို စီးပွား/ကူးသန်းဒုတိယဝန်ကြီး၊ စားသုံးသူရေးရာ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ အပါအဝင် Task Force အဖွဲ့ဝင်တွေ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

    သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်က သီးနှံပေါ်ချိန်မှာ သိုလှောင်မှုအခက်အခဲ၊ ငွေကြေးလိုအပ်မှု အခြေအနေတွေကြောင့် သီးနှံဈေးနှုန်းအနိမ့်နဲ့ ရောင်းချခြင်းမပြုဘဲ သတ်မှတ်ထားတဲ့ သိုလှောင်ရုံတွေမှာ လာရောက်အပ်နှံပြီး ချေးငွေရယူနိုင်တဲ့ အစီအစဉ်တစ်ခုပါ။

    သီးနှံဈေးကောင်းချိန်မှာ ပြန်လည်ရောက်ပြီး ချေးငွေပြန်လည် ပေးဆပ်ရမှာဖြစ်ပြီး ဒီစနစ်ကို အကောင်အထည်ဖော်လို့ သီးနှံစိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ်သမားတွေ၊ မျိုးစေ့ထုတ်လုပ်သူတွေအနေနဲ့ အကျိုးကျေးဇူး ကောင်းစွာ ရရှိနိုင်မယ်လို့ ပြောကြားထားပါတယ်။

    တဖက်မှာလည်း စီးပွား/ကူးသန်းက ပြည်တွင်းဈေးနှုန်းတည်ငြိမ်စေပြီး ဈေးနှုန်းထပ်မံမြင့်တက်မှု မရှိစေရေးနဲ့ လှောင်လက်တွေရဲ့ ဈေးကစားလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေခြင်းတွေအပေါ် ထိန်းကျောင်းနိုင်ဖို့အတွက် သိလှောင်ရုံမှတ်ပုံတင်စနစ်ကို ဆောင်ရွက်နေပါတယ်။

    သတင်း - BETV Business

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes13comments3
views111views3169