cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဝါစိုက်ခင်းမှာ ဒုက္ခပေးလွန်းလှတဲ့ ဖြုတ်စိမ်း

. ပိုးမွှား
ဖြုတ်ရဲ့ဘဝစက်ဝန်း
  • ဖြုတ်ရဲ့ဘဝစက်ဝန်း

    ဥပုံသဏ္ဍာန် - သေးငယ်၊ နူးညံ့၊ ကြည်တီတီပုံသဏ္ဍာန်ဖြစ်တယ်။ အရွယ်ရောက်‌ကောင်အမဟာ အဥများကို ရွက်ကြောတွေအထဲမှာ ဥပါတယ်။ ဥကနေ အကောင်ပေါက်ရန် ၄ရက်မှ ၁၁ရက်အထိ ကြာပါတယ်။

    ပိုးမမည် - စိမ်းဝါနုရောင်၊ အတောင်မဲ့၊ ကြည်တီတီ ပိုးမမည်လေးတွေဟာ အရွက်အောက်မျက်နှာပြင် ရွက်ကြောတွေကြားမှာ တွေ့ရပါတယ်။ ကာလ အားဖြင့် ၇-၂၁ရက်ကြာပြီး ၅ကြိမ် အရေခွံလဲပါတယ်။

    အရွယ်ရောက်ကောင် - ရှည်မျောမျော၊ သပ်ပုံသဏ္ဍာန်၊ အစိမ်းရောင် ရှိပါတယ်။ ရှေ့တောင်ပံတွေမှာ အနက်ရောင်အစက်လေးတွေ ရှိတတ်ပါတယ်။ အရွယ်ရောက်ကောင်တွေဟာ မြန်မြန်ခုန်နိုင်ပြီး နှောက်ယှက်ခံရပါက ပျံသန်းသွားတတ်ပါတယ်။ ဘဝစက်ဝန်းတစ်ကြိမ်ဟာ ၁၅-၄၆ ရက်အတွင်း ပြီးတာကြောင့် တစ်နှစ်အတွင်း မျိုးဆက် ၁၁ ဆက် ပွားများနိုင်ပါတယ်။

    ကျရောက်ဖျက်ဆီးပုံ

    ဖျက်ဆီးသောအဆင့် - ပိုးမမည်နဲ့ အရွယ်ရောက်ကောင်အဆင့်

    ပိုးမမည်‌တွေနဲ့ အရွယ်ရောက် ကောင်တွေဟာ အရွက်တွေရဲ့အောက်မျက်နှာပြင်က အပင်အရည်ကို စုပ်ယူပြီး စုပ်ယူသည့် ဝါပင်အရည်နဲ့ ညီမျှသော တံတွေးအဆိပ်ပမာဏကိုထုတ်ပေးပါတယ်။ တိုက်ခိုက်ခံရတဲ့ ဝါရွက်အနား‌တွေဟာ အောက်ဘက် ကုပ်ပြီး အ‌ဝါရောင်ပြောင်းသွားကာ တဖြည်းဖြည်း နီလာပါတယ်။ ဆိုးဆိုးရွားရွားတိုက်ခိုက်ခံရပြီဆိုရင်တော့ အရွက်တွေဟာ ဖြုတ်လောင်ဒဏ်ရာရဲ့ အဓိကလက္ခဏာဖြစ်တဲ့ ကြေးနီရောင်/ အုတ်ခဲနီရောင်တွေ ဖြစ်လာပါတယ်။ အပင်ကြီးထွားမှုကလည်း နှေးသွားပါတယ်။ အသီးတင်နိုင်နှုန်းကျဆင်းစေပြီး အထွက်ကို ထိခိုက်စေပါတယ်။ အပင်ငယ်စဉ်မှာ ဆိုးဆိုးရွားရွားတိုက်ခိုက်ခံရပါက အပင်သေသည်အထိ ဖြစ်စေပါတယ်။

    စီးပွားရေးအရ ထိခိုက်သော အခြေအနေ - ဝါပင်မှာ အရွက် ၅၀ရွက်ရှိနေချိန် အရွယ်ရောက်ကောင်/ပိုးမမည် အကောင် ၅၀ တွေ့ရတာ၊ အပင်ရဲ့ အလယ်ပိုင်းကနေ အပေါ်ပိုင်းအထိ ဝါနေတာ/ကုတ်နေတာ၊ အခင်းရဲ့ ၂၅ ရာခိုင်နှုန်းခန့် တိုက်ခိုက်ခံနေရတာတို့ဟာ ဝါစိုက်ခင်းရဲ့အထွက်ကို စတင်ထိခိုက်လာစေပြီ ဖြစ်ပါတယ်။

    ကာကွယ်နည်းနင်းခြင်း

    • မိုးသဲသဲထန်ထန်ရွာသွန်းတဲ့ ဒေသတွေမှာ စိုက်ချိန်စောစိုက်တာ၊ ပင်ကြား၊တန်းကြားအကွာအဝေး စိပ်စိပ်စိုက်တာ၊ စိုက်ချိန်တူတူစိုက်တာက ပိုးမွှားကျရောက်မှုကို နည်းစေပါတယ်။

    • မီးထောင်ချောက်တွေ တပ်ဆင်ပြီး ဖြုတ်ကျရောက်မှုကို စစ်ဆေးနိုင်သလို အခင်းထဲကနေလည်း တိုက်ထုတ်နိုင်ပါတယ်။

    • သားရဲကောင်တွေ လွတ်ပြီးလည်း တိုက်ထုတ်နိုင်ပါတယ်။

    • အမွှေးအမျှင်ပါသော ဝါမျိုးများကို ရွေးချယ် စိုက်ပျိုးပါ။

    • နိုက်ထရိုဂျင်အာဟာဓာတ် အလွန်အမင်းကျွေးတာမျိုးကို ရှောင်ရပါမယ်။

    • စိုက်ခင်းကို ပေါင်းမြက် ကင်းရှင်းအောင် ထားရပါမယ်။

    • Cartap Hydrochloride၊ Pymetrozine + Nitnepyram၊ Imidacloprid၊ Diafenthiuron၊ Thiacloprid၊ Thiamethoxam စတဲ့ ဆေးအဆိပ်တို့ကို အသုံးပြုနိုင်ပါတယ်။

    ရေးသားသူ

    မနွယ်အေး

    ကိုးကားချက်

    https://plantix.net/.../600173/cotton-leafhopper-jassids/

    http://www.eagri.org/eagri50/ENTO331/lecture10/001.html...

    -----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
  • article
  • article
  • article
likes11comments0
views121views3896