cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကုလားပဲ ဝယ်လိုအားနည်း ပြီး စျေးကျ နေ

. ဈေးကွက်
လက်ရှိ ဒေါ်လာစျေး ကျဆင်းလာ ခြင်းကြောင့် ကုလားပဲ အပြင် ပြည်တွင်း ပဲအမျိုးမျိုး ပါ လိုက်လံကျဆင်းနေကြောင်း ကုန်သည်များထံ မှ သိရ
  • ငွေစျေးအေး နေသည့် အတွက် ပြည်တွင်းကုလားပဲ အဝယ်နည်းကာ စျေးကျလာ ကြောင်း ပဲကုန်သည်များထံမှသိရသည်။

    ယခင် အိန္ဒိယနိုင်ငံ မှ ပဲစျေးတက်နေခြင်းကြောင့် လိုက်လံ တက်နေခြင်းဖြစ်ပြီး လက်ရှိ ဒေါ်လာစျေးကျ နေခြင်းကြောင့် စျေးနှုန်းများ ပြန်လည်ကျဆင်းလာခြင်း ဖြစ်ကြောင်းသိရသည်။

    “ ကုလားပဲ က ပြည်တွင်းစား တာများတယ်။ နိုင်ငံခြားလဲ သွားဖို့ လဲ မရှိဘူး ၊ အခုက ငွေစျေးအေးတော့ ပြည်တွင်းက အဝယ်နည်းလာတယ်။ “ဟု အောင်လံ ကုန်စည်ဒိုင် ဉက္ကဌ ဦးအောင်မိုးက သုံးသပ်ပြောထားသည်။

    ယခင်က ကုလားပဲ ပိဿာ ၂၀ တစ်အိတ်လျှင် အောငျံစြေး ၉၄၀၀၀ ရှိ ခဲ့ ရာ မှ လက်ရှိ ကုလားပဲ ပိဿာ ၂၀ တစ်အိတ် ၉၁၀၀၀မှ ၉၂၀၀၀ ထိကျဆင်းသွားကြောင်း သိရသည်။

    စက်တင်ဘာလ ၁၁ရက်နေ့ က မန္တလေး ကုန်စည်ဒိုင် တွင် ကုလားပဲ(929) ၅၆ဒဿမ ၂၅ပိဿာလျှင် ၂၆၄၀၀၀မှ၂၆၅၀၀၀ ၊ကုလားပဲ (TW) လျှင် ၂၅၈၀၀၀ မှ ၂၆၀၀၀၀ ထိ ခ့န့်မှန်း ထုတ်ပြန်ထားပြီး ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ကုလားပဲ တပိဿလျှင် ၄၆၆၅မှ ၄၇၅၀ ထိ ပေါက်စျေးရှိကြောင်း ထုတ်ပြန်ထားကြသည်။

    ကုလားပဲမှာ ပြည်တွင်းလက်ကျန်နည်းနေပြီး ပြည်တွင်းစားသုံးမူများစွာရှိနေခြင်းကြောင့် စျေးအများကြီးကျဆင်းသွားခြင်း ကြောင်းသိရသည်။

    “ ပြည်တွင်းစားသုံးမှုများလို့ ကုလားပဲကိုပြည်ပကို လိုသလောက် မပို့နိုင်သေးဘူး။ဒါကြောင့် ပြည်တွင်းစားသုံးတဲ့ ပဲတွေကတော့ အများကြီးကျမသွားဘူး စျေးငြိမ်တယ်။ ကျရင်လဲ နည်းနည်းပဲ ကျတယ် ” ဟု ပဲကုန်သည်တစ်ဦး ကပြောသည်။

    လက်ရှိ ဒေါ်လာစျေး ကျဆင်းလာ ခြင်းကြောင့် ကုလားပဲ အပြင် ပြည်တွင်း ပဲအမျိုးမျိုး ပါ လိုက်လံကျဆင်းနေကြောင်း ကုန်သည်များထံ မှ သိရသည်။

    တောင်သူအများစု အနေဖြင့် ကုလားပဲမျိုးကို မျိုးချန်စနစ်ဖြင့် စိုက်ပျိုးကြပြီး နှစ်စဉ် ကုလားပဲကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြကြောင်း သိရသည်။

    ကုလားပဲကို စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ဧကပေါင်း တစ်သိန်းကျော်ထိစိုက်ပျိုးကြကြောင်း သိရသည်။

    မြန်မာနိုင်ငံတွင် နှစ်စဉ်ပဲမျိုးစုံ စိုက် ဧက ၁၁ သန်းကျော်ရှိပြီး ကုလားပဲ ၈ရာခိုင်နှုန်း၊ ပဲတီစိမ်း ၂၆ ရာခိုင် နှုန်း၊ မတ်ပဲ ၂၅ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၁၅ ရာ ခိုင်နှုန်း၊ စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။

    ဖိုးချဲ(AMIA)

    Exclusive Content For Htwet Toe - ထြက္တိုး

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes7comments0
views99views3839