cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရော်ဘာအစေးမခမ်းစေရန်နှင့် သက်တမ်းပြည့်အစေးလှီးနိုင်ရန် နည်းလမ်းကောင်းများ

. သီးနှံသတင်းများ
ရော်ဘာစေးမခမ်းစေရန် ဘာတွေလုပ်ဆောင်ရမလဲ
  • article

  • ရော်ဘာအစေးအထွက်နှုန်းကောင်း စေရန် အဓိက လိုအပ်ချက်ကြီးမှာ လိုအပ်သော ဓာတ်မြေဩဇာ များကို နှုန်းထားမှန် မှန်နှင့် ပြည့်ပြည့်၀၀ အသုံးပြုခြင်းပင်ဖြစ် ပါသည်။ ရော်ဘာပင်အတွက် အဓိကလို အပ်သော အာဟာရဓာတ် များမှာ နိုက်ထရို ဂျင်၊ ဖော့ဖရပ်(စ်)၊ ပိုတက်ဆီယမ်၊ ကယ်လ် စီယမ်၊ မဂ္ဂနီစီယမ်၊ ဆာလ်ဖာ၊ ဇင့်(သွပ်)၊ ကော့ပါး(ကြေးနီ)၊ သံ၊ မဂ္ဂနိစ်၊ ဘိုရွန်၊ မော်လ်ဒီနန်တို့ ဖြစ်သည်။ နှစ်စဉ်ရော်ဘာ စေးထုတ်ယူပါက အပင်တွင် အာဟာရ ဓာတ်များ ဆုံးရှုံးသွားပါသည်။ အစေးထွက်ကောင်းလေ အပင်က အာဟာရဓာတ်များ ဆုံးရှုံးမှုများလေဖြစ်ပါသည်။ ဆုံးရှုံးသွားသော အာဟာရဓာတ်များကို ပြန်လည် ဖြည့်ပေးမှသာ အထွက်ကောင်းနေခြင်း၊ ရောဂါဒဏ်ခံနိုင်ခြင်း၊ ရာသီဥတုဆိုးရွားမှု ဒဏ်ခံနိုင်ခြင်းများ အကျိုးရစေမည် ဖြစ်သည်။


    ရော်ဘာ အစေးလှီးခြင်းလုပ်ငန်း သည် ရော်ဘာအစေး ပိုမိုထွက်ရှိရေး အတွက် များစွာလွှမ်းမိုးနေသောကဏ္ဍ ဖြစ်ပါသည်။ ရော်ဘာပင်စည်၊ အခေါက် တည်ဆောက်ပုံ၊ အသားတိုးလွှာ၏ ဆောင်ရွက်ချက်၊ အစေးကြောများ ဖွဲ့စည်းတည် ဆောက်ထားမှု၊ အစေးယိုစီးမှုဖြစ်စဉ်၊ အစေး လှီးစနစ်များ၊ အစေးလှီးနည်းများ၊ အစေး လှီးချိန်၊ အစေးလှီးလုပ်သားတို့၏ ကျွမ်း ကျင်မှု တို့သည် ရော်ဘာစေး အထွက်နှုန်း ကောင်းရန် အခြေခံသိရှိထားရမည့် အချက် များဖြစ်ကြသည်။ ရော်ဘာပင်၏ အခေါက်ကြမ်းသည် (ဖော့သားလွှာ) အတွင်းဘက်ရှိ အခေါက်ကို အကာအကွယ်ပေးထားသည်။ အခေါက်မာ တွင် Stone Cells, Sieve Tubes, Latex Vessels များ ပါသော အပိုင်း ဖြစ်သည်။ အခေါက်ပျော့ပိုင်းတွင် အစေးကြောများ၊ အစာစစ်ဇကာပြွန်များ ပါရှိသည်။ အစေး ကြောအများစုမှာ အခေါက် ပျော့ပိုင်းတွင် ရှိသဖြင့် ရော်ဘာအစေးထွက်ရှိရေးအတွက် အဓိကတာဝန်ရှိသောအပိုင်းဖြစ်သည်။


    ရော်ဘာစေးထုတ်ပေးသော အစေး ကြောများကို ကာလခြား၍ အသားတိုးလွှာ မှ ထုတ်ပေးသည်။ အစေးကြောများသည် ပင်စည်ပတ်လည် အခေါက်တွင် အထပ် လိုက်၊ ကွင်းအလိုက် ကွင်းအနေဖြင့် အလွှာလိုက် ရစ်ပတ်တည်ရှိ နေသည်။ ကွင်းတစ် ကွင်းအတွင်းအစေး ကြောများ ယှက်နေ သော်လည်း အခြားကွင်းမှ အစေးကြောများ နှင့် အဆက်အစပ်မရှိပါ။ ကွင်းအတွင်း ကြောင်လိမ်ပုံစံဖြင့် ဘယ်မှညာသို့ ငါး လက်မခန့်စောင်းပြီး ရစ်ပတ်နေကြ သည်။ အစေးကြောကွင်းများသည် ၄၀ ရာခိုင်နှုန်းခန့်မှာ အသားတိုးလွှာနှင့် တစ် မီလီမီတာအကွာတွင် ရှိနေကြသည်။ ရော်ဘာအစေးမလှီးမီ အစေးကြော အတွင်းရှိ ဖိအားသည် ပြင်ပလေထုဖိအား ထက်(၁၀ -၁၅ atmospheres) အထိ ပိုများ သည်။ ဤအချက်ကြောင့် အစေးလှီးလိုက် သည်နှင့်တစ်ပြိုင်နက် အစေးကြော အတွင်း မှရော်ဘာအစေးရည်များ ပြင်ပသို့ စီးထွက် လာခြင်း ဖြစ်သည်။


    လှီးပြီး မိနစ်ပိုင်း အတွင်း အစေး ရည်ထွက်မှု အမြင့်ဆုံး ဖြစ်သည်။ အစေးထွက် ရှိမှုကြောင့် အစေးကြော၏ နံရံသည် ပြင်ပ ဆဲလ်၏ တွန်းခြင်းကိုခံရ သဖြင့် ရော်ဘာဆေးထွက်ရှိမှုကို စဉ်ဆက် မပြတ်ဖြစ်ပေါ်နေစေပါသည်။ အစေးများ ယိုစီးထွက်နေချိန်တွင်Osmotic Pressure ကြောင့် ပြင်ပဆဲလ်များမှ ရေများသည် အစေးကြောအတွင်း ဝင်ရောက်ပြီး အစေး ယိုထွက်မှုကို အားပေးစေပါသည်။ ရော်ဘာအထွက်နှုန်း ကောင်းရန် ရော်ဘာအစေးလှီးလုပ်ငန်းသည် အရေး ကြီးသော အချက်ကြီးဖြစ်ပါသည်။ အစေးလှီး လုပ်ငန်း မစမီရော်ဘာပင်လုံးပတ်တိုင်း တာခြင်း၊ အစေးလှီးမျက်နှာပြင်သတ်မှတ် ခြင်း၊ အစေးလှီးကြောင်း အစောင်း၊ ဒီဂရီ သတ်မှတ်ခြင်း၊ ဇွန်း၊ခွက်၊ ချိတ် တပ်ဆင် ခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ရော်ဘာပင်သည် လအလိုက်၊ ရာသီ အလိုက်၊ အစေးထွက်နှုန်း ပေးမှုလိုပါသည်။ အစေးထွက်နှုန်းပေးမှုအလိုက် အစေးလှီး ချိန်ကို ချိန်ကိုက်သတ်မှတ်နိုင်ရန် လိုပါသည်။


    ရော်ဘာပင် အစေးလှီးရန် သက်တမ်း စေ့လာ သောအခါ အစေးလှီးရန် လုံးပတ် ပြည့်မီရန် လိုအပ်သည်။ လုံးပတ် မပြည့်မီ ပါက ရော်ဘာ စေး အထွက်ကို ထိခိုက်စေ ပါသည်။ ဖူးဆက်ပျိုးပင်နှင့် စိုက်ခဲ့သော ရော် ဘာစိုက်ခင်းဖြစ်နေပါက ပင်ခြေမှ လက်မ ၅၀ တွင် လုံးပတ် လက်မ ၂၀ အနည်းဆုံး ရှိရမည်ဖြစ်သည်။ အစေ့စိုက်ပျိုးပင်နှင့် စိုက် ခဲ့သော ရော်ဘာစိုက်ခင်းဖြစ်ပါက အပင်ခြေမှ အမြင့် လက်မ၂၀ တွင် လုံးပတ် လက်မ ၂၀ ရှိရန် လိုအပ်သည်။ ရော်ဘာစိုက်ခင်း တစ်ခင်းလုံးတွင် လုံးပတ်ပြည့်မီသော အပင် ၇၀ ရာခိုင်နှုန်းမှ အစေးလှီး ရမည် ဖြစ်သည်။ အစေးလှီးလမ်းကြောင်း ဖောက်ရာတွင် ရော်ဘာအစေးပြွန်များသည် ၃ ဒသမ ၇ ဒီဂရီမှ ငါးဒီဂရီ ဘယ်နိမ့်ညာ မြင့်ကွေး၍ ရှိနေခြင်းကြောင့် အစေးပြွန်အားလုံး ဖြတ် တောက်မိစေရန် အစေးလမ်းကြောင်း မှန်ရန် လိုအပ်သည်။


    အစေ့စိုက်ပင်ဖြစ်ပါက အစောင်းဒီဂရီ ၃၀ ဒီဂရီမှ ၃၅ ဒီဂရီဘယ်မြင့် ညာနိမ့်စောင်းလှီးရန်နှင့် ဖူးဆက်ပျိုးခင်းနှင့် စိုက်သောအပင်ဖြစ်ပါက ၃၅ ဒီဂရီမှ ၄၀ ဒီဂရီ အစောင်းဘယ်မြင့်ညာနိမ့်လှီးရန် လို အပ်ပါသည်။ ရော်ဘာအစေးလှီး မျက်နှာပြင် ပြောင်းသောအခါ မြေပြင်မှ စတင် လှီးရမည့် အမြင့်မှာ ပထမအကြိမ် လက်မ ၄၀၊ ဒုတိယ အကြိမ် လက်မ ၅၀၊ တတိယအကြိမ်နှင့် အထက် လက်မ ၄၀ မှ စတင်လှီးရန် လိုအပ်သည်။ အစေးလှီး သောအခါ အစေးလှီး ကြောင်း အတိမ်အနက်ကို အသားတိုးလွှာ ပျက်စီးခြင်း၊ နေလောင်ဒဏ်ရာရခြင်း၊ အခေါက်သစ်တက်ရန် ခဲယဉ်းခြင်းများ ဖြစ်စေပါသည်။ ရော်ဘာအခေါက်ကုန်နှုန်း ကို အများဆုံး တစ်လလျှင် တစ်လက်မခွဲထက် မပိုအောင် စနစ်တကျ ထိန်းလှီးရန် လိုအပ်ပါသည်။ သို့မှသာ ရော်ဘာသက် တမ်းပြည့် အစေးလှီးနိုင်မည်ဖြစ်သည်။


    ရော်ဘာတစ်ဧက အထွက်နှုန်း ကောင်းရန် အစေးလှီးစနစ်၊ အစေးလှီးသည့် ရက်ပေါင်း၊ အစေးလှီးချိန်တို့သည်လည်း လွှမ်းမိုး နေပါသည်။ ရော်ဘာအစေးလှီး စနစ်ကို ပင်စည်လုံးပတ်ဝက် နေ့ခြားလှီး စနစ်ကျင့်သုံး၍ လှီးရမည်ဖြစ်သည်။ ရော်ဘာအစေးလှီးရက်ကို များများ ရရှိအောင် ပျက်ရက်မရှိ လူပြည့်ကွက်ပြည့် လှီး၍ အစေးလှီးရက် ၂၂၀ ရက်မှ ၂၄၀ ရရှိ အောင် လှီးရမည်ဖြစ်သည်။ အစေးလှီး ရက် တိုးမြှင့်စေရန်အတွက် မိုးတွင်းအစေး လှီးရပ်နားထားရသော ကာလတွင် အစေး လှီးနိုင်ရန် အစေးလှီးလမ်းကြောင်းကို မိုး ရေမဝင် စေရန် မိုးရေကာ တပ်ဆင် ကာကွယ် ပေးခြင်း၊ အစေးလှီး မျက်နှာပြင်၊ အစေးလှီး လမ်းကြောင်း၊ အစေးခံ ခွက်များ ရေမဝင် စေရန် မိုးရေကာများ တပ်ဆင်ကာကွယ်၍ လှီးရန် လိုပါသည်။


    ရော်ဘာအစေးသည် နံနက်စောစော တွင် အစေးထွက်ကောင်းသဖြင့် ကာဗိုက် မီးကို အသုံးပြုပြီး နံနက် သုံးနာရီတွင် စောစော အစေးလှီးနိုင်အောင် စီမံပေးရန် လိုပါ သည်။ အစေးလှီးရာတွင် အစေးထွက်အား ကောင်းစေသော ဟော်မုန်းဆေးများ အသုံး ပြုရန်လိုအပ်ပါသည်။ အထူးသဖြင့် ရော် ဘာသက်တမ်း ၁၅ နှစ်အထက်ရှိ အပင် ကြီးများတွင် အီသရယ် ၂ ဒသမ ၅ ရာခိုင် နှုန်းပြင်းအား ရှိသော ဟော်မုန်းဆေးကို နိုဝင်ဘာလ၊ ဒီဇင်ဘာလ၊ မေလ၊ ဇွန်လ များတွင် အသုံးပြုရန် လိုအပ်ပါသည်။ သို့သော် ရော်ဘာ ပင်ရွက်နု ထွက်ချိန်တွင် အစေးထွက် လှုံ့ဆောင်ဆေးများ မသုံးမိစေ ရန် အထူးသတိပြုရန် လိုပါသည်။ ယခင် နှစ် အစေးခြစ်ထားသော မျက်နှာပြင်များ ကို အခေါက်ကွဲခြင်း၊ ရောဂါဝင်ခြင်းမှ ကာကွယ် စေရန် ပေါင်းခံထားသော ရွှံ့စေးမြေ (မြေနီ)ကို သုတ်လိမ်းထားရန် လိုပါသည်။ သို့မှသာ ရော်ဘာသက်တမ်းပြည့် အစေးလှီး နိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက် ရပါသည်။


    အောင်ဆန်း(စိုက်ပျိုးရေး) ရေးသားသောဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။

    -------

    ရော်ဘာနှင့်ပတ်သတ်သောဆောင်းပါးများ၊ ပိုးမွှားကာကွယ်နှိမ်နင်းနည်းလမ်းများ၊ အဖူးကူးရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://l.htwettoe.com/v2

    အထွက်တိုးရော်ဘာစိုက်ပျိုးကြသူများ အဖွဲ့ သို့ဝင်ရန် - https://www.facebook.com/groups/2432746880363676/ 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


likes6comments0
views124views3488