cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်ပအဝယ်လိုက်၍ မြန်မာကြက်သွန်နီ ဈေးကောင်းရနေ

. သီးနှံဈေးကွက်သတင်း
မြန်မာကြက်သွန်နီကိုတိုးမြှင့်မှာယူတာတွေရှိလာတဲ့အတွက် ကြက်သွန်စိုက်တောင်သူတွေ ဈေးကောင်းရရှိ
  • မြန်မာကြက်သွန်နီကို ပြီးခဲ့တဲ့ဩဂုတ်လကုန်လောက်ကစပြီး တရုတ်နဲ့ဗီယက်နမ်နိုင်ငံတွေက ဝယ်ယူမှု များလာတာကြောင့် အရောင်းအဝယ်သွက်ပြီး ကြက်သွန်စိုက်တောင်သူတွေ ဈေးကောင်းရနေတယ်လို့ သိရပါတယ်။

    အခုလိုဈေးကောင်းရရှိလာတာကြောင့် ကြက်သွန်စိုက်တောင်သူတွေအနေနဲ့ အချိန်စောစောစိုက်ပျိုးလာကြသလို စိုက်ပျိုးသူတွေလည်း ပိုမိုများပြားလာတယ်လို့ မြန်မာနိုင်ငံ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကနေ သိရပါတယ်။

    ပြီးခဲ့တဲ့ဩဂုတ်လအတွင်းက အိန္ဒိယနိုင်ငံကနေ ကြက်သွန်နီပြည်ပတင်ပို့ကုန် အခွန်တိုးမြှင့်လိုက်တာကြောင့် ပြည်ပနိုင်ငံတချို့က မြန်မာကြက်သွန်နီကိုတိုးမြှင့်မှာယူတာတွေရှိလာတဲ့အတွက် ကြက်သွန်စိုက်တောင်သူတွေ ဈေးကောင်းရရှိကာ အဆင်ပြေလာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

    စက်တင်ဘာ ၁၄ ရက် ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ကြက်သွန်နီလက္ကားဈေးနှုန်းတွေကတော့ တစ်ပိဿာကို ငွေကျပ် ၂၅၀၀ ကနေ ၂၉၅၀ ကျပ်အထိရှိနေပြီး မုံရွာနဲ့ဆိတ်ဖြူမြို့နယ်တွေက ဝင်ရောက်မှု များပြားနေတာ ဖြစ်တယ်လို့ သိရပါတယ်။

    One News Myanmar မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes1comments0
views124views2320