cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သဘာဝပိုးသတ်ဆေးပြုလုပ်နည်းများ စုစည်းမှု-၁

. အိမ်တွင်းဥယျာဉ်
ငရုတ်သီးပိုးသတ်ဆေးရည် ပြုလုပ်နည်း
  • လိုအပ်သောပစ္စည်းများ

    ၁။ ငရုတ်သီး (စို/ခြောက်) – ၃၀ ကျပ်သား

    ၂။ အရက်ဦးရည် – ၂ လီတာ

    ၃။ ရေ – ၄ လီတာ

    ပြုလုပ်ပုံ

    ငရုတ်သီးများကို ရေ (၄) လီတာဖြင့်ရောကာ မီးအေးအေးဖြင့် (၁) နာရီကြာ ပြုတ်ပါ။

    ပြုတ်ပြီးသား ငရုတ်သီးအရည်ကို ရေ (၂၀) လီတာ ထည့်ထားသောအိုးတွင် ထည့်ပါ။

    ထို့နောက် အရက်ဦးရည်ကို (၂) လီတာကို ရောထည့်ပါ။ မွှေပေးပါ။

    အဝတ်ပါးပါးဖြင့် ဖုံးအုပ်ပေးပြီး အေးမြခြောက်သွေ့သည့် အရိပ်အောက်တွင် ထားရှိပါ။

    တစ်နေ့တစ်ကြိမ် မွှေပေးပါ။

    ၇)ရက် ပြည့်ပြီးနောက် အနည်အနှစ်များကို စစ်ထုတ်ပြီး အရည်ကိုသာသုံးပါ။ (၃)လခန့် သိုလှောင်နိုင်သည်။

    ဆေးဖျန်းရန်နှုန်းထား

    ဆေးရည် (၁)ဆနှင့် ရေ (၅၀၀)ဆ

    ကာကွယ်နိုင်သော ဖျက်ပိုးများ

    မွှား၊ ပျ၊ လှေး၊ ပုရွက်ဆိတ်၊ ယင်ဖြူ၊ ကျိုင်း၊ ပင်စည်ထိုးပိုး၊ ဖလံကောင်အဆင့်၊ ခရု


  • article
  • ပင်စိမ်းပင်အသုံးပြု၍သဘာဝပိုးသတ်ဆေးပြုလုပ်နည်း

    သစ်သီးယင်များအား နှိမ်နင်းရာတွင်အထူးထိရောက်မှုရှိကြောင်း သိရသည်။

    ပင်စိမ်း

    ပေါက်ရောက်ပုံ

    ပင်စိမ်း၏မူရင်းဒေသသည် အနောက်နိုင်ငံနှင့်အပူပိုင်းအာရှတို့ဖြစ်သည်။ (၁၆)ရာစုက အင်္ဂလန်နိုင်ငံ၌လည်း စိုက်ပျိုးခဲ့သည်။ ယခုအခါ ဥရောပ၊ အာရှ၊ အာဖရိကနှင့် ကမ္ဘာ့အနောက်ခြမ်းဒေသများတွင် အမွှေးအကြိုင်နှင့် ဆေးဖက်ဝင်သီးနှံအဖြစ် စိုက်ပျိုးသည်။ အပူပိုင်းဇုံတွင်ပင်စိမ်းမျိုးပြား(၆၀)ခန့် ခွဲခြားသတ်မှတ်ထားသည်။

    အသုံးပြုနိုင်သော အပင်အစိတ်အပိုင်းများ

    အရွက်၊ ပင်စည်

    အာနိသင်သက်ရောက်ပုံ

    ပိုးဟန့်တားဆေး၊ ပိုးသေဆေး၊ မှိုသတ်ဆေးနှင့် ခရုပက်ကျိနှိမ်ဆေး။

    နှိမ်နင်းနိုင်သည့် ပိုးမွှားရောဂါများ

    (၁) ဝါမျှင်စွန်းပိုး

    (၂) သစ်သီးယင်

    (၃) ရွက်ထွင်းပိုး

    (၄) ပြောင်းပင်စည်ထိုးပိုး

    (၅) မွှားပင့်ကူနီ

    သိုလှောင်သီးနှံဖျက်ပိုး

    (၁) အစေ့ထွင်းပိုး

    (၂) ပြောင်းစေ့ထွင်းပိုး

    ပြင်ဆင်အသုံးချနည်း

    ပင်စိမ်းရွက်စစ်ထုတ်ရည်(ကြိတ်ရည်) - ဤစစ်ထုတ်ရည်သည် ထောပတ်ပင်၊ မက်မွန်ပင်နှင့် အခြားသစ်သီးပင်များတွင် ကျရောက်သည့်ရွက်ထွင်းပိုးများ၏ ပိုးတုံးလုံးများပေါ်၌ မေ့မြောအာနိသင်ရှိပြီး အကောင်ကြီးများပေါ်၌ ဟန့်တားအာနိသင်ရှိသည်။ ယင်းအာနိသင်သည် (၉၀) ရာခိုင်နှုန်း ထိရောက်မှုရှိသည်။

    စစ်ထုတ်ရည်တစ်ပုလင်းရရန် ပင်စိမ်းရွက်(၆)ကျပ်သားလိုအပ်သည်။ အရွက်များကိုရေတွင်တစ်ညစိမ်ထားရန် လိုသည်။ နောက်တစ်နေ့တွင် အရွက်များကိုကြိတ်နယ်(ထောင်း)၍ အရည်ကိုစစ်ချ(ညှစ်)ယူပါ။ ယင်းကိုဆပ်ပြာရည် (၃-၄) စက်ခန့်ရော၍ သမအောင်မွှေပြီးနောက် တိုက်ရိုက်ပက်ဖြန်းအသုံးပြုနိုင်ပါသည်။

    အရွက်ထွင်းပိုးများအတွက်အသုံးပြုရန် အကြံပြုချက်

    အရွက်(၁၂)ကျပ်သားကိုကြိတ်နယ်၍ရသော စစ်ရည်ကိုရေတစ်ပုလင်းတွင် ရောမွှေ၍ပက်ဖြန်းပါ။

    သစ်သီးယင်ထောင်ချောက်

    အောက်ဖော်ပြပါနည်းသည် လက်တွေ့အရသစ်သီးယင်များအား နှိမ်နင်းရာတွင်အထူးထိရောက်မှုရှိကြောင်း သိရသည်။ ပင်စိမ်းရွက် (၂) ကျပ်ခွဲသားကို ကြေညက်အောင်ကြိတ်(ထောင်း)၍ ရေဟင်းစားဇွန်း (၁၃) ဇွန်းနှင့်ရောမွှေ၍ အုန်းမှုတ်ခွက်တွင်ထည့်ထားပါ။ အနွမ်းမမြန်စေရန်အတွက် သံပုရာသီတစ်စိတ်ကို အရည်ညှစ်ထည့်ပါ။ ပြီးလျှင် အဆိပ်တစ်ခုခုနှင့် ရော၍ယင်းအုန်းမှုတ်ခွက်ထောင်ချောက်ကို သရက်ပင်ကိုင်းတွင်ချိတ်ပါ။ သရက်ပင်တစ်ပင်လျှင် ထောင်ချောက်(၄)ခုနှုန်းချိတ်ပါ။

    သစ်သီးယင်များသည် ပင်စိမ်းစစ်ကျရည်ကို လာရောက်စားသောက်ခြင်းဖြင့်သေကြသည်။ အဆိုပါထောင်ချောက်များကို အသီးစတင်သည့်အချိန်မှ အသီးခူးချိန်အထိချိတ်ဆွဲပါ။ ထောင်ချောက်များကို တစ်ပတ်တစ်ခါ အသစ်လဲလှယ်ပေးပါ။ အဆိပ်သင့်သည့် သစ်သီးယင်များကို ချက်ခြင်းဖယ်ရှားပစ်ပါ။

    အခြားအသုံးဝင်ပုံ

    ကြွက်နှိမ်နင်းခြင်း - ပင်စိမ်းရွက်ကိုကြွက်ထီးများအား ရေရှည်စားစေခြင်းအားဖြင့် မြုံသွားစေနိုင်သည်။ ကြွက်ထီးများမိတ်လိုက်ခြင်းကို ဟန့်တားပေးသည်။

    ပေါင်းနှိမ်နင်းခြင်း

    မြေရိုင်းများနှင့်စိုက်ပျိုးမြေများတွင် ပင်စိမ်းစိုက်ပျိုးခြင်းဖြင့် ပေါင်းမြက်များမထနိုင်အောင်တားဆီးပေးသည်။ ဥပမာ - အဆိပ်သင့်စေသည့်ပေါင်းမြက်များ ပေါက်ရောက်သည့်မြေနေရာများတွင် ပင်စိမ်းပင်များကို မြေဖုံးပင်များအဖြစ်စိုက်ပျိုးခြင်းဖြင့် နှိမ်နင်းနိုင်သည်။

    Source - ဓာတုပိုးသတ်ဆေးကင်းစင်သီးနှံထုတ်လုပ်ရေး_မောင်ဌေးအန့် 


  • article
  • တမာပိုးသတ်ဆေးလုပ်နည်း

    တမာစေ့ပိုးသတ်ဆေးပြုလုပ်နည်းလိုအပ်သော ပါဝင်ပစ္စည်းများ 

    ၁။ တမာစေ့ (အခြောက်) - ၂ မှ ၃ ပိဿာ 

    ၂။ ရေကောင်းရေသန့် - ၁၀၀ လီတာ 

    ၃။ ဆပ်ပြာခဲ - ၂၀၀ ဂရမ် (တစ်ဧကအတွက် လိုအပ်သော တမာပိုးသတ်ဆေးရည် (၁၀၀) လီတာ ရရှိရန် လိုအပ်သည့် ပါဝင်ပစ္စည်း အချိုးအစားဖြစ်ပါသည်။)  

    တမာစေ့ ပိုးသတ်ဆေးရည် ပြုလုပ်နည်း 

    - ပထမဦးစွာ စုဆောင်းရရှိသော တမာစေ့များကို အရိပ်တွင် အခြောက် ခံရမည်။ တမာစေ့အခြောက်များအား အသုံးပြုခါနီးတွင် ရေစိမ်၍ အပြင်ခွံများ ကို ဖယ်ရှားရပါမည်။ - ထို့နောက် အခွံချွတ်ပြီး တမာစေ့ (၃) ပိဿာကို နေလှမ်းကာ အတွင်း သားများနှင့် အစေ့အဆံများကို အမှုန့်ဖြစ်သည်အထိ ကျေညက်အောင် ကြိတ်ပါ။ - ယင်းနောက် ပုံးထဲတွင် ကြိတ်ထားသော တမာစေ့အမှုန့်များနှင့် ရေ (၁၀) လီတာတို့ ရောထည့်၍ တစ်ညအိပ် စိမ်ထားရပါမည်။ (သတိပြု ရန်မှာ လတ်ဆတ်သော တမာအစေ့အဆန်များကို အသုံးပြုမည် ဆိုပါ က တမာစေ့ (၂) ပိဿာဖြင့် လုံလောက်မည်ဖြစ်ပြီး၊ တမာစေ့အဟောင်း များကို အသုံးပြုမည်ဆိုပါက (၃) ပိဿာ လိုအပ်မည် ဖြစ်ပါသည်။ သက်တမ်း (၈) လ ထက်ကျော်သော တမာစေ့များကို အသုံး မပြုသင့် ပါ။) 

    - နောက်တစ်နေ့ နံနက်တွင် တမာစေ့အမှုန့်များနှင့် ရေ (၁၀) လီတာ ရော ၍ စိမ်ထားသော အရောအနှောကို နို့နှစ်ရောင်သမ်းသည်အထိ မွှေရန် လိုအပ်ပါသည်။ - ယင်းနောက် အရည်များအား ဇကာ (၂) ထပ် ဖြင့် စစ်ယူရမည် ဖြစ်ပါ သည်။ - ဇကာစစ်ပြီးသော တမာစေ့ဆေးရည် (၁၀) လီတာကို ရေ (၉၀) လီတာ နှင့် ထပ်မံရောစပ်၍ သမအောင် မွှေပေးရပါမည်။

    ထို့နောက် ဆပ်ပြာခဲ (၂၀၀) ဂရမ်အား တမာစေ့ ဆေးရည်ထဲသို့ ထည့်၍ ပျော်သည်အထိ မွှေပေးရပါမည်။ အားလုံး သမသွားပါက တမာစေ့ပိုး သတ်ဆေးရည်အား သီးနှံပင်များတွင် ကျရောက်သော ပိုးမွှားအန္တရာယ် ကာကွယ်ရန်အတွက် အသုံးပြုနိုင်ပြီဖြစ်ပါသည်။  ဆေးရည်နှုန်းထားအချိုးနှင့် ဆေးဖျန်းရန်အချိန် တမာဆေးရည် ပြင်းအားအမျိုးမျိုးများအား ပိုးကောင်ကျ ရောက်မှု ပေါ် မူတည်၍ နေအေးသောအချိန်နှင့် ညနေစောင်းများတွင် ပက် ဖျန်းရပါမည်၊၊ မိုးရာသီတွင် တစ်နေ့လျှင် တစ်ကြိမ် ပက်ဖျန်းသင့်ပြီး၊ ဆောင်းရာ သီနှင့် နွေရာသီများ၌ (၅) ရက်မှ (၇) ရက်လျှင့် တစ်ကြိမ် ပက်ဖျန်း နိုင်ပါသည်၊၊ 

    ဖျက်ပိုးများသည် အများအားဖြင့် အရွက် အောက်မျက်နှာပြင်၌ နေသောကြောင့် တမာဆေးအား အရွက်၏ အောက်မျက်နှာပြင်ကို ဂရုတစိုက် ပက်ဖျန်းပေးရပါမည်၊၊  

    Credit: Khin Thandar Min၊ လက်ထောက်သုတေသနအရာရှိ၊ အောင်ပန်းစိုက်ပျိုးရေးသုတေသနခြံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ DAR  


  • article
likes9comments1
views283views2266