cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေသကြီး(မြို့နယ်၁၃မြို့နယ်)အတွက်တပတ်အတွင်းရက်အလိုက် မိုးလေဝသခန့်မှန်းချက်များ

. ရာသီဥတု သတင်းများ
ရေနစ်မြုပ် စပါးခင်းများမှာ စပါးပင်အတွင်း နေရောင်ခြည်နှင့် အစာချက်လုပ်မှုဖြစ်စဉ် ရပ်တန့်သွား၍ အပင်တွင်း အောက်ဆီဂျင် ပြတ်တောက်၍ ဆုံးရှုံးမှုများ ဖြစ်ပွားရခြင်းဖြစ်သည်။
  • စက်တင်ဘာလ ၁၄ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်

    ၁၄ရက်နေ့မှာတော့ ဟင်္သာတမြို့နယ်မှာ ၁၀၀ရာခိုင်နှုန်းမိုးရွာသွန်းနိုင်ပါတယ်, ကျန်တဲ့ ဓနုဖြူ၊မအူပင်၊ ပန်းတနော်၊ မြောင်းမြ ၊ ဝါးခယ်မ၊ ကျုံပျော်၊ ပုသိမ်၊ ကျိုက်လတ်၊ ဖျာပုံ၊ မြို့နယ်တွေမှာတော့ ရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်ပြီး ဇလွန်၊ လပ္ပတ္တာနဲ့ ညောင်တုန်း မြို့နယ်တွေမှာတော့ ၇၀ ရာခိုင်နှုန်းနီးပါး မိုးရွာသွန်းနိုင်ပါတယ်။

    စက်တင်ဘာလ ၁၅ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်

    ၁၅ရက်နေ့မှာတော့ ဇလွန်မြို့နယ်မှာ ၁၀၀ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပြီး လပ္ပတ္တာ၊ ဝါးခယ်မ ၊ ကျူံပျော်၊ ကျိုက်လတ်၊ ဖျာပုံ မြို့နယ်တွေမှာတော့ ရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်ပြီး ပုသိမ်နဲ့ ညောင်တုန်းမြို့နယ်မှာတော့ မိုးရွာရန်ရာနှုန်း ၈၀ရာခိုင်နှုန်းရှိပါတယ်၊ ကျန်မြို့နယ်တွေဖြစ်တဲ့ ဟင်္သာတ၊ဓနုဖြူ၊မအူပင်၊ညောင်တုန်း၊မြောင်းမြမြို့နယ်တွေမှာတော့ ၇၀ ရာခိုင်နှုန်းမိုးရွာသွန်းနိုင်ပါတယ်။

    စက်တင်ဘာလ ၁၆ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်

    ၁၆ရက်နေ့မှာတော့ ‌ညောင်တုန်းမြို့နယ်မှာ ၁၀၀ရာခိုင်နှုန်း မိုးရာသွန်းနိုင်ပါတယ်။ လပ္ပတ္တာ၊ ပန်းတနော်၊ မြောင်းမြ၊ ဝါးခယ်မ၊ ကျုံပျော်၊ ပုသိမ်၊ ကျိုက်လတ် နဲ့ ဖျာပုံမြို့တယ်တွေမှာတော့ ရာနှုန်းပြည်နီးပါးမိုးရွာသွန်းနိုင်ပါတယ်။ ဟင်္သာတ၊ ဇလွန်နဲ့ ဓနုဖြူမြို့နယ်တွေမှာတော့ ၉၀ ရာခိုင်နှုန်းမိုးရွာသွန်းနိုင်ပြီး မအူပင်မြို့နယ်မှာတော့ ၇၀ ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပါတယ်။

    စက်တင်ဘာလ ၁၇ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်

    ၁၇ရက်မှာတော့ ဇလွန်နဲ့ ဓနုဖြူ မြို့နယ်မှာ ၁၀၀ရာခိုင်နှုန်း မိုးရာသွန်းနိုင်ပါတယ်။ လပ္ပတ္တာ၊မအူပင်၊ပန်းတနော်၊ မြောင်းမြ ၊ ဝါးခယ်မ၊ ကျုံပျော်၊ ပုသိမ်မြို့နယ်တွေမှာတော့ ရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်ပါတယ်။ ညောင်တုန်း၊ ကျိုက်လတ်၊ နဲ့ဖျာပုံမြို့နယ်တွေမှာ ၈၅ ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပြီး ဟင်္သာတ၊ ကျုံပျော်မြို့နယ်မှာတော့ ၇၀ ရာခိုင်မှုန်းမိုးရွာသွန်းနိုင်ပါတယ်။

    စက်တင်ဘာလ ၁၈ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်

    ၁၈ရက်နေ့မှာတော့ ဟင်္သာတမြို့နယ်မှာ ၁၀၀ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပါတယ်၊ လပ္ပတ္တာ ၊ ဓနုဖြူ၊ မအူပင်၊ ညောင်တုန်း၊ ကျုံပျော်၊ပုသိမ်၊ကျိုက်လတ်နဲ့ ဖျာပုံမြို့နယ်တွေမှာ ရာနှုန်းပြည့် နီးပါး မိုးရွာသွန်းနိုင်ပါတယ်။ ဇလွန်၊ နဲ့ ဝါးခယ်မ မြို့နယ်တွေမှာတော့ ၈၅ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပါတယ်။ မြောင်းမြနဲ့ ပန်းတနော်မြို့နယ်မှာတော့ ၇၅ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပါတယ်။

    စက်တင်ဘာလ ၁၉ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်

    ပန်းတနော်မြို့နယ်မှာ ၁၀၀ ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပါတယ်။ မအူပင် ၊ ညောင်တုန်း၊ မြို့နယ်တွေမှာ‌တော့ ရာနှုန်းပြည့် နီးပါး မိုးရွာသွန်းနိုင်ပါတယ်။ ဟင်္သာတ၊ဇလွန်မြို့နယ်မှာတော့ ၉၀ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပါတယ်၊ ဝါးခယ်မနဲ့ မြောင်းမြမြို့နယ် တွေမှာတော့ ၈၀ရာခိုင်နှုန်း မိုးသွန်းနိုင်ပြီး  လပ္ပတ္တာ၊ ဓနုဖြူ၊ ကျုံပျော်၊ ပုသိမ်၊ကျိုက်လတ်နဲ့ ဖျာပုံမြို့နယ် တွေမှာဆိုရင်တော့ ၇၅ရာခိုင်နှုန်း မိုးရွာသွန်းနိင်ပါတယ်။

    စက်တင်ဘာလ ၂၀ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်

    ၂၀ရက်နေ့မှာတော့ လပ္ပတ္တာ ၊ဓနုဖြူ၊ညောင်တုန်း၊မြောင်းမြ စတဲ့ မြို့နယ်တွေမှာတော့ ရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်ပြီး ဟင်္သာတ၊ ဝါးခယ်မ၊ မအူပင် မြို့နယ်တွေမှာတော့ ၉၀ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပါတယ်၊ဇလွန်၊ ပန်းတနော်၊ ကျုံပျော်၊ ပုသိမ်၊ ကျိုက်လတ်နဲ့ ဖျာပုံမြို့နယ်တွေမှာတော့ မိုးရွာရန်ရာနှုန်း ၇၀ ခန့်ရှိပါတယ်။

    မိုးများလာခြင်းနှင့်အတူ ‌ရေမြုပ်စပါးများအတွက်စိုက်ပျိုးရေးအကြံပြုချက်

    • ရေနစ်မြုပ် စပါးခင်းများမှာ စပါးပင်အတွင်း နေရောင်ခြည်နှင့် အစာချက်လုပ်မှုဖြစ်စဉ် ရပ်တန့်သွား၍ အပင်တွင်း အောက်ဆီဂျင် ပြတ်တောက်၍ ဆုံးရှုံးမှုများ ဖြစ်ပွားရခြင်းဖြစ်သည်။ စပါးခင်းများ ရေကြာကြာ နစ်မြုပ်ခံရလျှင် ဆုံးရှုံးမှု ပိုမိုများနိုင်ပါသည်။ ဆုံးရှုံးမှုများခြင်း မများခြင်းဟာလဲ စပါးပင်သက်တမ်းနှင့် များစွာ သက်ဆိုင်မှုရှိပါသည်။ ကြဲခင်းများနှင့် ရွှေ့စိုက်စပါးခင်းများတွင် အပင်သက်တမ်း အရမ်းငယ်နေချိန် နှင့် မှို့ကပ်ချိန် အထက်ကာလများတွင် ရေလွှမ်းမှု ဖြစ်ပေါ်ပါက ဆုံးရှုံးမှု ပိုများနိုင်ပါသည်။
    • မိမိစပါးခင်း ရေလွှမ်းမှုခံရပါက ရေပြန်ကျမည့်အချိန်ကို စောင့်၍ ပြန်လည်စိုက်ပျိုးသင့် မသင့်ကို စဉ်းစားရမည် ဖြစ်ပါသည်။
    • ရေပြန်ကျသွားသည့်အခါ စပါးခင်းအတွင်း ပျက်စီးဆုံးရှုံးမှုကို အရင်ဆုံး ဆန်းစစ်ရပါမည်။ ပင်ပွားထွက်ချိန်တွင် ရေလွှမ်းမိုးမှု ဒဏ်ခံရပါက ပျက်စီးရှုံးမှုနည်းလျှင် ကျန်ရှိနေသော အပင်ရှိပင်ပွားများအား ခွဲယူ၍ ပျက်စီးသွားသော နေရာများတွင် အစားထိုးစိုက်ပေးရပါမည်။
    • အစားထိုးစိုက်သော ပင်ပွားများ အမြစ်စွဲချိန်တွင် ကျောက်မှုန့်(ဂျစ်ပဆမ်) နှင့် မြေသြဇာ တစ်မျိုးမျိုး ထည့်သွင်းပေးရပါမည်။
    • ရေမြုပ်ပြီးအခင်းများ မြေသြဇာကျွေးရာတွင်လည်း ပုလဲသီးသန့်ကျွေးခြင်းကိုရှောင်ကျဉ်ရပါမည်။
    • ပုလဲနှင့် အခြားအာဟာရဓာတ်များ သင့်တင့်မျှတစွာ ရောစပ်ထားသော မြေသြဇာကိုသာသုံးသင့်သည်။ အဘယ်ကြောင့်ဆိုသော်ရေမြုတ်ပြီး ရေပြန်ကျသွားချိန်တွင် ပင်စည်နှင့်အရွက်များတွင် ဒဏ်ရာများ ဖြစ်ပေါပြီး ထိုပေါက်ပြဲဒဏ်ရာများ မှတစ်ဆင့် ရောဂါများ ဝင်နေနိုင်သောကြောင့်ဖြစ်သည်။
    • နိုက်ထရိုဂျင် ဓာတ်လွန်ကဲစွာကျွေးမိလျှင် ရောဂါကျရောက်မှုကိုပိုမို အားပေးနိုင်သောကြောင့်ဖြစ်သည်။
    • ရေလွှမ်းမိုးမှု ကြာရှည်သွား၍ အခင်းပျက်စီးသွားပါက ရေကျသွားသော အချိန်တွင် ကန်သင်းလုံအောင် ပြုပြင်ပြီး လက်ကျန် အပင်အကြွင်းအကျန်များ မရှိအောင် ထယ်ထိုးမြေမြုတ်ပြီး ဖယ်ရှားရမည်။
    • လက်ကျန်အပင်အကြွင်းအကျန်များ အားမဖယ်ရှားလျှင် မြေဆောင်ရောဂါများ နှင့် နီမတုတ်ပိုးကျခြင်း များနှစ်တိုင်းဖြစ်ပွားနိုင်သည် ။
    • ရေလွှမ်းမိုးမှုဒဏ် ခံရပြီး ရေကျသွားသော ဒေသများမှ တောင်သူလယ်သမားများ အနေဖြင့် ဤနည်းလမ်းများအတိုင်း ပြန်လည် ပြုပြင်စိုက်ပျိုးရင်း အထွက်နှုန်းကောင်းများ ရရှိကြပါစေလို့ ထွက်တိုးမှ ဆုမွန်ကောင်း တောင်းပေး လိုက်ရပါတယ်ခင်ဗျာ။

    Weather Source: CIAT 


  • article
likes6comments0
views307views3159