cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းငါးမွေးတောင်သူများအတွက်မိုးလေဝသနှင့်မွေးမြူရေးအကြံပြုချက်

. ရာသီဥတု သတင်းများ
ဧရာဝတီတိုင်းအတွင်း ယနေ့မှ စက်တင်ဘာ ၂၀ ရက်နေ့အထိ မိုးရွာနှုန်း မြင့်မားနေပါသောကြောင့် ကန်များမှာ ရေကြီးရေလျှံဖြစ်နိုင်ပါသဖြင့် ကန်ဘောင်မှ ၆ လက်မအောက်အကွာတွင် ရေထုတ်ပြွန်များ တပ်ပေးသင့်ပါသည်။
  • စက်တင်ဘာလ ၁၄ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်

    ၁၄ရက်နေ့မှာတော့ ဟင်္သာတမြို့နယ်မှာ ၁၀၀ရာခိုင်နှုန်းမိုးရွာသွန်းနိုင်ပါတယ်, ကျန်တဲ့ ဓနုဖြူ၊မအူပင်၊ ပန်းတနော်၊ မြောင်းမြ ၊ ဝါးခယ်မ၊ ကျုံပျော်၊ ပုသိမ်၊ ကျိုက်လတ်၊ ဖျာပုံ၊ မြို့နယ်တွေမှာတော့ ရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်ပြီး ဇလွန်၊ လပ္ပတ္တာနဲ့ ညောင်တုန်း မြို့နယ်တွေမှာတော့ ၇၀ ရာခိုင်နှုန်းနီးပါး မိုးရွာသွန်းနိုင်ပါတယ်။

    စက်တင်ဘာလ ၁၅ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်

    ၁၅ရက်နေ့မှာတော့ ဇလွန်မြို့နယ်မှာ ၁၀၀ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပြီး လပ္ပတ္တာ၊ ဝါးခယ်မ ၊ ကျူံပျော်၊ ကျိုက်လတ်၊ ဖျာပုံ မြို့နယ်တွေမှာတော့ ရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်ပြီး ပုသိမ်နဲ့ ညောင်တုန်းမြို့နယ်မှာတော့ မိုးရွာရန်ရာနှုန်း ၈၀ရာခိုင်နှုန်းရှိပါတယ်၊ ကျန်မြို့နယ်တွေဖြစ်တဲ့ ဟင်္သာတ၊ဓနုဖြူ၊မအူပင်၊ညောင်တုန်း၊မြောင်းမြမြို့နယ်တွေမှာတော့ ၇၀ ရာခိုင်နှုန်းမိုးရွာသွန်းနိုင်ပါတယ်။

    စက်တင်ဘာလ ၁၆ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်

    ၁၆ရက်နေ့မှာတော့ ‌ညောင်တုန်းမြို့နယ်မှာ ၁၀၀ရာခိုင်နှုန်း မိုးရာသွန်းနိုင်ပါတယ်။ လပ္ပတ္တာ၊ ပန်းတနော်၊ မြောင်းမြ၊ ဝါးခယ်မ၊ ကျုံပျော်၊ ပုသိမ်၊ ကျိုက်လတ် နဲ့ ဖျာပုံမြို့တယ်တွေမှာတော့ ရာနှုန်းပြည်နီးပါးမိုးရွာသွန်းနိုင်ပါတယ်။ ဟင်္သာတ၊ ဇလွန်နဲ့ ဓနုဖြူမြို့နယ်တွေမှာတော့ ၉၀ ရာခိုင်နှုန်းမိုးရွာသွန်းနိုင်ပြီး မအူပင်မြို့နယ်မှာတော့ ၇၀ ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပါတယ်။

    စက်တင်ဘာလ ၁၇ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်

    ၁၇ရက်မှာတော့ ဇလွန်နဲ့ ဓနုဖြူ မြို့နယ်မှာ ၁၀၀ရာခိုင်နှုန်း မိုးရာသွန်းနိုင်ပါတယ်။ လပ္ပတ္တာ၊မအူပင်၊ပန်းတနော်၊ မြောင်းမြ ၊ ဝါးခယ်မ၊ ကျုံပျော်၊ ပုသိမ်မြို့နယ်တွေမှာတော့ ရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်ပါတယ်။ ညောင်တုန်း၊ ကျိုက်လတ်၊ နဲ့ဖျာပုံမြို့နယ်တွေမှာ ၈၅ ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပြီး ဟင်္သာတ၊ ကျုံပျော်မြို့နယ်မှာတော့ ၇၀ ရာခိုင်မှုန်းမိုးရွာသွန်းနိုင်ပါတယ်။

    စက်တင်ဘာလ ၁၈ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်

    ၁၈ရက်နေ့မှာတော့ ဟင်္သာတမြို့နယ်မှာ ၁၀၀ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပါတယ်၊ လပ္ပတ္တာ ၊ ဓနုဖြူ၊ မအူပင်၊ ညောင်တုန်း၊ ကျုံပျော်၊ပုသိမ်၊ကျိုက်လတ်နဲ့ ဖျာပုံမြို့နယ်တွေမှာ ရာနှုန်းပြည့် နီးပါး မိုးရွာသွန်းနိုင်ပါတယ်။ ဇလွန်၊ နဲ့ ဝါးခယ်မ မြို့နယ်တွေမှာတော့ ၈၅ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပါတယ်။ မြောင်းမြနဲ့ ပန်းတနော်မြို့နယ်မှာတော့ ၇၅ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပါတယ်။

    စက်တင်ဘာလ ၁၉ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်

    ပန်းတနော်မြို့နယ်မှာ ၁၀၀ ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပါတယ်။ မအူပင် ၊ ညောင်တုန်း၊ မြို့နယ်တွေမှာ‌တော့ ရာနှုန်းပြည့် နီးပါး မိုးရွာသွန်းနိုင်ပါတယ်။ ဟင်္သာတ၊ဇလွန်မြို့နယ်မှာတော့ ၉၀ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပါတယ်၊ ဝါးခယ်မနဲ့ မြောင်းမြမြို့နယ် တွေမှာတော့ ၈၀ရာခိုင်နှုန်း မိုးသွန်းနိုင်ပြီး လပ္ပတ္တာ၊ ဓနုဖြူ၊ ကျုံပျော်၊ ပုသိမ်၊ကျိုက်လတ်နဲ့ ဖျာပုံမြို့နယ် တွေမှာဆိုရင်တော့ ၇၅ရာခိုင်နှုန်း မိုးရွာသွန်းနိင်ပါတယ်။

    စက်တင်ဘာလ ၂၀ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်

    ၂၀ရက်နေ့မှာတော့ လပ္ပတ္တာ ၊ဓနုဖြူ၊ညောင်တုန်း၊မြောင်းမြ စတဲ့ မြို့နယ်တွေမှာတော့ ရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်ပြီး ဟင်္သာတ၊ ဝါးခယ်မ၊ မအူပင် မြို့နယ်တွေမှာတော့ ၉၀ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပါတယ်၊ဇလွန်၊ ပန်းတနော်၊ ကျုံပျော်၊ ပုသိမ်၊ ကျိုက်လတ်နဲ့ ဖျာပုံမြို့နယ်တွေမှာတော့ မိုးရွာရန်ရာနှုန်း ၇၀ ခန့်ရှိပါတယ်။

    ဧရာဝတီတိုင်းငါးမွေးတောင်သူများအတွက်အကြံပြုချက်

    ဧရာဝတီတိုင်းအတွင်း ယနေ့မှ စက်တင်ဘာ ၂၀ ရက်နေ့အထိ မိုးရွာနှုန်း မြင့်မားနေပါသောကြောင့် ကန်များမှာ ရေကြီးရေလျှံဖြစ်နိုင်ပါသဖြင့် ကန်ဘောင်မှ ၆ လက်မအောက်အကွာတွင် ရေထုတ်ပြွန်များ တပ်ပေးသင့်ပါသည်။ အပြင်ဘက်မှလည်း ကန်အတွင်း ရေဝင်လာနိုင်တာကြောင့် ကန်ဘောင်အပေါ်မှ သဲအိတ်များ စီထားသင့်ပါသည်။ ကန်များအတွင်း ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း ကျနိုင်သကဲ့သို့ ငါးကန်ရေအရောင် ပြောင်းလဲမှုများလည်း ဖြစ်တတ်ပါသည်။ ငါးများသည် သွေးအေးသတ္တဝါများ ဖြစ်တာနှင့်အညီ ပတ်ဝန်းကျင်ပြောင်းလဲမှုကို မခံနိုင်ကြဘဲ ပုံမှန်ထက်လှုပ်ရှားမှုနှင့် အစာစားနှုန်း ကျဆင်းလာနိုင်ပါသည်ထို့ကြောင့် မိုးရွာစဉ်၊ မိုးအုံ့စဉ်တွင် အစာများ အလေအလွှင့် မဖြစ်စေရန် လျော့ကျွေးခြင်း၊ ညနေပိုင်း နေပွင့်ချိန်မှ အစာကျွေးခြင်းတို့ကို လုပ်ဆောင်ရပါမည်။ ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း တက်လာရန် ထုံးထည့် ပေးနိုင်သော်လည်း ပမာဏမများစေရန် သတိထားရပါမည်။ ရေအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ကျော်မှသာ ပုံမှန်နှုန်းထား ပြန်ကျွေးရပါမည်။ တကယ်၍ နေပြန်ပူလာချိန်တွင် ရေကန်သည် အစိမ်းရောင် မသမ်းပါက ရေသြဇာ ပြန်ကျွေးပေးရပါမည်။ မိုးအုံ့/တိမ်ထူထပ် နိုင်သောကြောင့် ထိုရက်များတွင် ငါးကန်များ အတွင်းရှိ အပင်မျောလှေးများသည် အစာချက်နှုန်း ကျလာနိုင်ပါသဖြင့် ကန်အတွင်း ပျော်ဝင်အောက်ဆီဂျင် ပမာဏ နည်းလာပါသည်။ ညဘက်တွင် လုံးဝကျဆင်းလာပြီး ငါးများ သေသည်အထိ ဖြစ်စေပါသည်။ ရေညှိများထည့်ပေးခြင်း၊ လေဒဟတ် တပ်ဆင်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။

    Weather Source: CIAT

     

     


  • article
likes7comments0
views197views3528