cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ထရိုင်ကိုဒါးမား မွေးမြူနည်း

. အိမ်တွင်းဥယျာဉ်
တောင်သူတွေအမေးများလာတဲ့ ထရိုင်ဂိုဒါးမားပြုလုပ်နည်း
  • လိုအပ်သောပစ္စည်းများ 

    အာလူး                                                -  ၃၀သား 

    ထရိုင်ခိုဒါးမားမှိုမျိုးသန့်                         - အနည်းငယ် 

    တယ်လီဖုန်းတံဆိပ်ကျောက်ကျော     -  ၂၀ ဂရမ် 

    ဂလူးကို့စ်                                            -  ၂၀ ဂရမ် 

    အရက်ပြန်ပုလင်းသေး                       -  ၁ ပုလင်း 

    Gentamicin (ဂျန်တန်မိုက်စင်)           -      ၁ကတ် 

    ရေသန့်                                                - ၂လီတာ 

    Petridisc သို့ Ramပုလင်းပြား ရှစ်ပက်ဆန့်ပုလင်း   -         ၄၅လုံး 

    ပြုလုပ်နည်း 

    ပထမဦးစွာ အာဟာရည် ထည့်ရန်အတွက် ပုလင်းပြား/ပုလင်း၊ ဖန်ပြား (Petri dish) ကို ပြင်ဆင်ပါ။ ထည့်စရာ ပုလင်း၊ ဖန်ပြား (Petri dish) ကို ပိုးသတ်ထားရပါမယ်။ တနည်းအားဖြင့် သန့်စင်ပြီးပုလင်း၊ ဖန်ပြား (Petri dish) များကိုပိုးသန့်စေရန် ရေနွေးထဲသို့ ထည့်ပြုတ်ပါ။ထို့နောက်ပုလင်းများကိုအအေးခံပါ။  

    ထို့နောက်အာဟာရရည်ပြင်ဆင်ပါမယ်။ အာလူး၃၀သားကိုအခွံခွါပြီးလက်မဝက်လောက်အတုံး လေးတွေပြုလုပ်ပါ။ ရေ2လီတာနဲ့တစ်ပွတ်ဆူပြုတ်ပါ အာလူးဒေါင့်မကျိုးသေးခင်ရပ်ပြီး အရေစစ်ယူပါ ကျောက်ကျောမှုန့်20gmနဲ့ဂလူးကိုလ်20gmကိုရေဖျော်ပြီး အားလူးပြုတ်ရေနှင့်ရောမွှေပါ မီးဖိုပေါ်ခဏပြန်တင်ပြီး ကျောက်ကျောပျော်ရုံအပူပြန်ပေးပါ။အာဟာရဖျော်ရည်ရပြီဆိုလျှင်Gentamicin (ဂျန်တန်မိုက်စင်)တစ်ကတ်ဖောက်ထည့်ပီးမွှေပါ။ ဘက်တီးရီးယားပေါက်ဖွားမှုမှကာကွယ်ရန်ဖြစ်ပါသည်။  

    ပိုးသတ်ထားသော ဖန်ပြား (Petri dish) များထဲသို့ အနေတော်ခန့် အာဟာရဖျော်ရည်လောင်းထည့်ပါ။ ဖန်ပုလင်းကိုအသုံးပြုက အာဟာရပျော်ရည်လောင်ထည့်ပြီး စောင်းပြီးအအေးခံပေးပါ။ အာဟာရမျက်နှာပြင်ပိုမိုကျယ်ပြန့်စေရန် အတွက်ဖြစ်ပါသည်။ 

    အေးပါက ထရိုင်ခိုဒါးများမှို မျိုးကို အာဟာရဖျော်ရည်ထည့်ထားသောပုလင်း/ဖန်ပြားထဲသို့ထည့်ပါ။ အပူချိန်25°cစင်ဒီဂရိတ်နဲ့30°cစင်ဒီဂရိတ်ကြားရှိတဲ့နေရာမှာထားပါ 28°cဆိုလျှင်အကောင်းဆုံးဖြစ်ပါသည် ဓါတ်ခွဲခန်းတွင် မွေးမြူထားသော မှိုမျိုးသန့်ကို ထည့်သွင်းပေးရပါမယ်။ထရိုင်ခိုဒါးမား Trichodremaမှိုမျိုး ထည့်တော့မည်ဆိုပါက ပိုးသန့်သော ဓါတ်ခွဲခန်း တွင်ပြုလုပ်မှ အဆင်ပြေနိုင်ပါသည်။ မဟုတ်ပါက မလိုလားအပ်သောမှို/ဘက်တီးရီးယားများပေါက်ပွားနိုင်ပါသည်။ ရက်အနည်းငယ်ကြာပါ မှိုမျှင်စဆင်းတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ထိုနည်းဖြင့် ထရိုင်ကိုဒါးမားကို မွေးမြူနိုင်မှာဖြစ်ပါတယ်။ နောက်အပတ်တွေမှာတော့ ထရိုင်ကိုဒါးမားပွားစာထုပ်လုပ်နည်းတွေကိုဖော်ပြပေးသွားမှာမို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။ 


  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
likes14comments0
views464views6056