cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အာလူး သိုလှောင်ခြင်း

. ရိတ်သိမ်းချိန်လွန် နည်းပညာ
အာလူး‌သိုလှောင်တဲ့အခါမှာ ကြုံတွေ့ရမယ့်ပြသာနာများ
  • -အရည်အသွေးနှင့် အရေအတွက်ဆုံးရှုံးမှုပမာဏ နည်းစေပြီး နောင်တစ်ချိန်တွင် ကောင်းမွန်စွာ အသုံးပြုနိုင်ရန် အာလူးများကို သင့်တင့်သော အခြေအနေ တစ်ခုတွင် ထားရှိသိုလှောင်ရမည်။ 

    -အာလူးသိုလှောင်ခြင်းတွင် တွေ့ရှိရသော ယေဘူယျပြဿနာများမှာ-  

    •အလေးချိန်လျော့ကျခြင်း/ ကျုံ့သွားခြင်း 

    •ပုပ်သိုးခြင်း 

    •အညှောင့်ထွက်ခြင်း 

    •အခွံစိမ်းဖြစ်ပေါ်ခြင်း 

    •အင်းဆက်များနှင့် ကြွက်များဖျက်စီးခြင်း 

    •ဓာတုဗေဒဆိုင်ရာ ပြောင်းလဲမှု - ပို၍ချိုစေခြင်း ( သိုလှောင်ခန်း အတွင်းအပူချိန်လျော့လွန်းခြင်း/ကာဗွန်ဒိုင်အောက်ဆိုဒ်များလွန်းခြင်း/သကြားဓာတ်များလာခြင်း) 

    အာလူးသိုလှောင်ချိန်တွင် အဓိကကျသော အချက်များ  

    -အာလူးကို ခြောက်သွေ့အောင် သိမ်းဆည်းခြင်း 

    •သင့်လျော်သော စိုထိုင်းဆ - >92% 

    •ရောဂါပျံ့နှံ့မှုကို ကာကွယ်ပေးခြင်း။ 

    •ရေငွေ့ပျံမှုမှ တစ်ဆင့် ရေဆုံးရှုံးမှုကို လျော့ကျစေရန် ဆောင်ရွက်ပေးခြင်း။ 

    မှိုနှင့် ဘတ်တီးရီးယားရောဂါဝင်ရောက်မှုကို လျော့နည်းစေခြင်း အာလူးများကို မှောင်သောနေရာတွင် သိမ်းဆည်းထားခြင်းအားဖြင့် အခွံစိမ်း ဖြစ်ပေါ်မှုကို လျော့နည်း စေပါသည်။ 

    သိုလှောင်ချိန်အတွင်း ဖြစ်ပေါ်တတ်သည့်အရာများ 

    • အာလူး၏အသက်ရှုခြင်း(respiration)နှင့် ရေငွေ့ပြန်ခြင်း (transpiration) တို့ကြောင့် သိုလှောင်ချိန်တွင် အလေးချိန်နှင့် အရည် အသွေး ကျဆင်းမှုများ ဖြစ်ပေါ်နိုင်သည်။ 

    •အလေးချိန် ကျဆင်းခြင်း၏ ၉၀ရာခိုင်နှုန်းသည် အာလူးအခွံမှတစ်ဆင့် ရေငွေ့ ပြန်ခြင်းကြောင့် ဖြစ်သည်။ 

    • ရေငွေ့ပြန်မှု အတိုင်းအတာသည် အခွံ၏ စိမ့်ဝင်နိုင်မှု( အာလူးမာကြောမှု ထိခိုက်ဒဏ်ရာရရှိမှုနှင့်အတိုင်းအတာ၊အကြေးဖတ်ရောဂါကြောင့် အာလူးခွံ အပေါက်ဖြစ်မှု နှင့် အညှောင့်ပေါက်မှု တို့တွင် မူတည်ပါသည်။ 

     •သိုလှောင်ခန်း၏စိုထိုင်းဆ (Humidity) အာလူးအခွံ၊ အညှောင့်ပေါက်မှု နှင့် ထိခိုက်ဒဏ်ရာတို့၏ အလေးချိန်ဆုံးရှုံးမှု အချိုးသည် ၁ : ၁၀၀ : ၃၀၀ အချိုး ဖြစ်သည်။ (Skin, Sprout, Wound (1:100:300) 

    အထက်ပါအကြောင်းအချက်ကို ကြည့်ခြင်းအားဖြင့် . ရိတ်သိမ်းခြင်းနှင့်ကိုင်တွယ်မှုပြီးနောက်အာလူးဒဏ်ရာများကို ကုသခြင်းနှင့်ဖြေရှင်းခြင်းသည်အညှောင့်ထွက်မှု ပြဿနာ ကိုမည်မျှအရေးကြီးသည်ဆိုသည်ကို သိနိုင်မည်ဖြစ်သည်။ 

    အအေးခန်း သိုလှောင်ရုံ၏ အာလူးသိုလှောင်ကာလအတွင်း ကျင့်သုံးလေ့ ရှိသော အဆင့်များ

    အာလူးသိုလှောင်ခြင်း - နည်းပညာဆိုင်ရာ ဖြေရှင်းနည်းစနစ်များ 

    အရည်အသွေးနှင့် အရေအတွက် ထိခိုက်မှု အနည်းဆုံးနှင့် နောင်တစ်ချိန်တွင် အသုံးပြုရန်အတွက် အကောင်း မွန်ဆုံး အခြေအနေတစ်ခုတွင် အာလူးများကို ထိန်းသိမ်းမှုပြုကြသည်။ 

    -မျိုးအာလူး - တူးဖော်ရိတ်သိမ်းခြင်းနှင့် နောက်ရာသီ စိုက်ပျိုးမှုမတိုင်မှီ ကြား ကာလ တွင် သိုလှောင်ခြင်း 

    -စားအာလူး - တူးဖော်ရိတ်သိမ်းခြင်းနှင့် ရောင်းချခြင်း/ ကုန်ချော ပြင်ဆင် ထုတ်လုပ်မှု ကြားကာလတွင် သိုလှောင်ခြင်း 

    -သိုလှောင်ရုံသည်ဆေးရုံတစ်ခုမဟုတ်သည့်အတွက်ကြောင့် အာလူး အရည်အသွေးကို သိုလှောင်ချိန် အတွင်း မတိုးမြှင့်နိုင်ပါ။ 

    -သို့သော်လည်း ကောင်းစွာသိုလှောင်ထားခြင်းသည် အာလူး စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံးဖြစ်စေရန် အရေးကြီးသည့် အချက်တစ်ခုဖြစ်သည်။ 

    -အကောင်းဆုံးသော သိုလှောင်စီမံခန့်ခွဲမှုသည် ဆုံးရှုံးမှုနည်းခြင်းနှင့် အရည် အသွေး ကို ထိန်းသိမ်းနိုင်ခြင်း ဖြစ်သည်။ 

    -မိရိုးဖလာနည်းစနစ်ဖြင့် အာလူးသိုလှောင်ခြင်းသည် ကာလတို (၂-၄လ) သိုလှောင်ခြင်း အတွက် သင့်တော်ပါသည်။ 

    -တစ်ရာသီပြီး တစ်ရာသီ စိုက်ပျိုးသည့်အတွက် ပြင်ပအပူချိန်အောက်တွင် သိုလှောင်သည့် အတွက် လေဝင်လေထွက်စနစ်များ၊ အအေးခံစနစ်များ ထက် ကုန်ကျစရိတ်သက်သာသည်။ 

    -သိုလှောင်နိုင်မှုကာလသည် အစေ့ငုပ်လျှိုးချိန် (dormancy) ကာလ ပေါ် မူတည်သည်။ အစေ့ငုပ်လျှိုးချိန် တိုသောမျိုးများသည် ဤသိုလှောင်မှု ပုံစံနှင့် မကိုက် ညီပါ။ 

     သိုလှောင်နည်းအမျိုးမျိုး 

    မိရိုးဖလားနည်းအရ သိုလှောင်းနည်းအမျိုးမျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။ 

     1. စိုက်ကွင်းမြေပေါ်တွင် သိုလှောင်ခြင်း 

    2. မြေတွင်းတူးသိုလှောင်ခြင်း 

    3. . စုပုံ၍ သိုလှောင်ခြင်း 

    4. ခြင်း၊ အိတ်များဖြင့်ထည့်ကာ သစ်သား/ အုတ်တိုက်/ အခန်းများတွင် သိုလှောင်ခြင်း 

    5.အလင်းရောင်ပျံ့နှံ့စွာ ဝင်ရောက်မှုရှိသောသိုလှောင်မှု( Diffused lighthouse) - မျိုးအာလူးများ 

    အာလူးသိုလှောင်နည်းများကို နောက်တစ်ပါတ်သောကြာနေ့မှာ အသေးစိတ်ထပ်မံတင်ပြပေးသွားပါမည်။ 

    Fresh Studio Myanmar/EAT VEG မှ ကူးယူဖော်ပြပါသည်။ 


  • article
  • article
  • article
  • article
likes4comments0
views222views5741