cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကျောက်ကပ်ကျန်းမာရေးအတွက် အရေးကြီးသောအချက်များ

. သတင်းစုံ
ကျောက်ကပ်ကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်များ
  • ကျောက်ကပ်ဟာ ခန္ဓာကိုယ်တွင်း အညစ်အကြေး၊ အဆိပ်စစ်ထုတ်၊ စွန့်ထုတ်တဲ့အင်္ဂါတစ်စုံဖြစ်ပြီး ဝမ်းဗိုက်အနောက်ဘက်မှာ ပဲစေ့ပုံသဏ္ဌာန်ရှိတယ်။ ကျောက်ကပ်ရဲ့တာဝန်က ခန္ဓာကိုယ်တွင်းရှိ အရည်နဲ့ ဓာတ်ဆားမျှခြေကို ထိန်းသိမ်းထားပြီး ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်များ စွန့်ထုတ်ပေးတဲ့လုပ်ငန်း၊ စစ်ထုတ်ပေးတဲ့လုပ်ငန်းဖြစ်တယ်။ 

    ကျောက်ကပ်ဟာ သွေးကြောများ၊ ပြွန်ငယ်များနဲ့ ဆံချည်မျှင်သွေးကြောတို့နဲ့ ဖွဲ့စည်းထားတယ်။ ကျောက်ကပ်ကစစ်ထုတ်လိုက်တဲ့ အရည်နဲ့ ဓာတ်ဆားကကတော့ချွန်ပုံသဏ္ဌာန် ပြွန်ငယ်တွေကတစ်ဆင့် ဆီးပြွန်အတွင်း ဝင်ရောက်ကာဆီးအိမ်အတွင်း ရောက်ရှိသွားတယ်။ကျောက်ကပ်က ဟော်မုန်းတွေကို ထိန်းညှိပေးနိုင်တယ်။ မျိုးပွားစွမ်းအင်ကို ထိန်း 

    သိမ်းနိုင်တယ်။ အမျိုးသမီးရဲ့ မျိုးပွားစွမ်းအင်သန်စွမ်းရေးအတွက် အစားထိုးမရနိုင်လောက်အောင် အရေးကြီးတယ်။အမျိုးသမီးတွေ အသက် ၅၀ ဝန်းကျင်မှာ သွေးဆုံးသွားတတ်တယ်။ ကျောက်ကပ်အားနည်းတဲ့ အမျိုးသမီးတွေ စောစီးစွာသွေးဆုံးတတ်တယ်။ အရေပြားမွဲခြောက်ကာ တင်းတိပ်များ ပေါ်ပေါက်တတ်တယ်။ 

    ကျောက်ကပ်ကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်များ 

    ၁။ ခြေထောက်ကို နွေးထွေးအောင် ထားရှိခြင်းကျောက်ကပ်အာရုံကြောဟာ ခြေဖဝါးက အစပြုတယ်။ ခြေဖဝါးဟာအအေးဓာတ်ရဲ့တိုက်ခိုက်မှုကို ခံစားရလွယ်တဲ့အတွက် အထူးဂရုစိုက်ပြီး နွေးထွေးအောင်ထားရှိရမယ်။ အိပ်တဲ့အခါမှာ ခြေဖဝါးကိုလေအေးပေးစက် တည့်တည့်ထားကာ မအိပ်သင့်ပါ။ ဖိနပ်မပါဘဲ စိုစွတ်တဲ့နေရာမှာ ကြာကြာမနေသင့်ပါ။ 

    ၂။ ကျောက်ကပ်နဲ့အစာကျောက်ကပ်အတွက် အားရှိစေတဲ့အစားအစားများစွာရှိတယ်။ အနက်ရောင်အစားအစာတို့ဟာကျောက်ကပ်ကို အားဖြည့်သန်စွမ်းပေးနိုင်တယ်။ ဥပမာ - အနက်ရောင်ရှိ နှမ်းနက်၊ကြွက်နားရွက်မှို၊ ကောက်ညှင်းငချိပ်၊ ပဲမဲတို့ဖြစ်တယ်။ ကျောက်ကပ်အားနည်းခြင်းဟာ အပူအားနည်းခြင်း၊ အအေးအားနည်းခြင်း နှစ်မျိုးရှိတယ်။ အပူ 

    အားနည်းသူဟာ အမဲသား၊ ဆိတ်သား၊ ဆတ်ချိုနု၊ သစ်ကြံပိုးခေါက် စတဲ့အပူစာစားသင့်တယ်။ အအေးဓာတ်ချို့တဲ့သူဟာပင်လယ်စာ၊ ပင်လယ်မျှော့၊ ကြွက်နားရွက်မှို စတဲ့အစာစားသင့်ပါတယ်။  

    ၃။ တံတွေးသတိထားပါတံတွေးနှစ်မျိုးရှိတယ်။ ကြည်ပြီး ကျဲတဲ့သွားရည်ကို တံတွေးလို့ခေါ်တယ်။ ကျောက်ကပ်က ထိန်းချုပ်တယ်။ ပါးစပ်တွင်း တံတွေးရှိရင် ဖျတ်ခနဲထွေးထုတ်တဲ့အခါတိုင်း တစ်နေမဝင်မီ ပင်ပန်းနွမ်းနယ်ပြီး ကိုက်ခဲညောင်းညာတာ ခံစားလာရတယ်။ တံတွေးမျိုးချခြင်းက ကျောက်ကပ်ကျန်းမာအောင် ကာကွယ်စောင့်ရှောက်နိုင်တယ်။ 

    ၄။ ဆီးကျန်စွန့်ပစ်ခြင်းဆီးအိမ်မှာသိုလှောင်ထားတဲ့ ဆီးတွေဟာ အဆင့်တစ်ခုရောက်ရင် ဆီးစွန့်ဖို့လိုကြောင်း အချက်ပြအာရုံကြောကတစ်ဆင့်ပြနေတယ်။ အချိန်မီမစွန့်ထုတ်ရင် စုပုံနေတဲ့ဆီးတွေဟာ ရေဆိုးရေညစ်လို ကျောက်ကပ်ကိုထိခိုက်စေနိုင်တယ်။ နေ့စဉ် ဆီးနှစ်လီတာကနေ သုံးလီတာ စွန့်ရမယ်။  

    ၅။ ဝမ်းမှန်ခြင်းဝမ်းမမှန်ရင် ရက်လွန်အညစ်အကြေးများစုပုံကာ နောက်ကျိတဲ့လေများ အထက်ဆန်ကာ လူကိုစိတ်ရှုပ်စိတ်တိုစေတယ်။ ရင်ထဲမှာလည်း လေများပြည့်ကျပ်ကာကျောက်ကပ်ထိခိုက်နိုင်တဲ့အတွက် ခါးညောင်း၊ ခါးနာ၊ မောပန်းနွမ်းနယ်၊ ပျို့ချင်၊ အန်ချင်ဖြစ်စေနိုင်တယ်။ ဒါကြောင့် နေ့စဉ်အနည်းဆုံး၁-၂ ကြိမ်ဝမ်းမှန်ဖို့ လိုအပ်ပါတယ်။ နေ့စဉ်ရေများများသောက်ပြီး လမ်းမှန်မှန်လျှောက်ဖို့ လိုပါမယ်။    

    ၆။ ရေဆာတိုင်း ရေသောက်ခြင်းလူရဲ့ခန္ဓာကိုယ်သုံးပုံနှစ်ပုံဟာ ရေဓာတ်နဲ့ဖွဲ့စည်းထားလို့ ရေဆာတိုင်း ရေသောက်ပေးသင့်တယ်။အရက်၊ ဘီယာ၊ အချိုရည်မသောက်သင့်ဘူး။ အရက်နဲ့ ဘီယာဟာ ခန္ဓာကိုယ်တွင်းရှိရေကို တစ်ခဏအတွင်း ညစ်နွမ်းစေလို့ရေများများသောက်ပေးဖို့ လိုတယ်။ ရေဓာတ်ချို့တဲ့ရင် အညစ်အကြေး၊ အဆိပ်အတောက်များ စုပုံအနည်ထိုင်စေနိုင်ပြီးကျောက်ကပ်ကို ဝန်ပိစေနိုင်တယ်။ အချိန်မှန်ရေသောက်ပေးခြင်းဟာ အရေးပါတဲ့ ကျောက်ကပ်ကာကွယ်စောင့်ရှောက်နည်းပဲဖြစ်တယ်။  

    ၇။ နေ့စဉ်ကျန်းမာရေးလေ့ကျင့်ခန်း နာရီဝက်လုပ်ခြင်းနေ့စဉ် နာရီဝက်ကြာ ကျန်းမာရေးလေ့ကျင့်ခန်းတွေဖြစ်တဲ့ အပြေး၊လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူး တစ်ခုခုပြုလုပ်ပေးသင့်တယ်။ ပိုလျှံတဲ့ကယ်လိုရီတွေ လောင်ကျွမ်းကာ ဆီးအဖြစ်၊ချွေးအဖြစ် စွန့်ထုတ်ပစ်လိုက်လို့ အဝလွန်းခြင်းက ရှောင်ကြဉ်နိုင်ပါတယ်။ ကျောက်ကပ်လုပ်ငန်းကို ပုံမှန်ဖြစ်အောင် အားပေးစေလို့နေ့စဉ်လေ့ကျင့်ခန်း လုပ်သင့်တယ်။  

    ၈။ ကာယအလုပ်လုပ်ခြင်းကာယအားနဲ့ အလုပ်များရင် လူကိုထိခိုက်စေနိုင်တယ်။ ကာမကျူးရင် ကိုယ်ပွားအင်အားကို ထိခိုက်စေတယ်။ ဦးနှောက် အင်အား အလွန်သုံးရင် သွေးကို ထိခိုက်စေနိုင်တယ်။အနေတော် ခွန်အားမျှတဲ့အလုပ်လုပ်ဆောင်သင့်ပါတယ်။ အလုပ်လုပ်လိုက်တော့ ချွေးလေးစို့ကာ နေထိုင်လို့ ကောင်းတတ်ပါတယ်။  

    ၉။ အိပ်ရေး၀၀အိပ်ခြင်းအိပ်ရေးဝခြင်းဟာ သွေး၊ လေ၊ ဇီဝဖြစ်ပျက်ခြင်း၊ ကျောက်ကပ်ကျန်းမာရေးတို့ကို ထိထိမိမိသက်ရောက်မှုရှိစေတယ်။ လက်တွေ့ကုသမှုမှတ်တမ်းအရ ကျောက်ကပ်ပျက်စီးတဲ့ရောဂါရှင်တို့ဟာ ညဉ့်နက်ခံလွန်းခြင်း၊အပင်ပန်းခံလွန်းခြင်း၊ အိပ်ရေးပျက်ခြင်း၊ အဝလွန်ခြင်းတို့ မကြာခဏကြုံဆုံခဲ့ဖူးတယ်။ 

    ၁၀။ နှိပ်နယ်ပေးခြင်းညတိုင်း အိပ်ရာမဝင်မီ ခြေဖဝါး၌ အာရုံကြောဆုံနေရာကို နှိပ်နယ်ပေးခြင်း၊ဝမ်းချုပ်ရင် လက်ဖမိုးနဲ့ကျောက်ကပ်နှစ်ခုကို ဖိကာ နှိပ်နယ်ပေးခြင်းက ကျောက်ကပ်ကို ကြံ့ခိုင်စေပြီး ဝမ်းနဲ့လေ မှန်စေတယ်။လမ်းလျှောက်တဲ့အခါလက်ဖမိုးနဲ့ ကျောက်ကပ်နေရာကို နှိပ်နယ်ပေးရင် ခါးနာသက်သာစေနိုင်တယ်။  

    ၁၁။ ဆေးစွဲသောက်ခြင်းတချို့ဆေးတွေကကျောက်ကပ်ကိုထိခိုက်စေတယ်။ ဆေးမသောက်သုံးမီဆေးညွှန်းကို သေချာဂရုတစိုက်လေ့လာသင့်တယ်။ ဆေးတချို့ကိုတာရှည်သုံးမယ်ဆိုရင် သက်ဆိုင်ရာဆရာဝန်နဲ့ မေးမြန်းစုံစမ်းတိုင်ပင်ပြီးမှသာ ဆေးသောက်သင့်ပါတယ်။ တိုင်းရင်းဆေးတချို့မှာ ပြဒါးဓာတ်ပါဝင်နေတတ်ရာ အဆိုပါဓာတုပစ္စည်းဟာကျောက်ကပ်ကို ပျက်စီးစေတယ်။  

    ၁၂။ ကျောက်ကပ်ပျက်စီးစေတဲ့အစာတညင်းသီးတစ်လုံး စားသောက်ခြင်းက ကျောက်ကပ်ဆဲလ်တစ်ခု ပျက်စီးစေတယ်။ ကျောက်ကပ်ပျက်စီးစေတဲ့အစာတွေထဲမှာ တညင်းသီး၊ ဆူးပုပ်ရွက်၊ ပြဒါးပါအစားအစာနဲ့ လူသုံးကုန်တို့ဖြစ်တယ်။ ၁၃။ ကျောက်တည်ခြင်း မြန်မာနိုင်ငံဟာ အပူပိုင်းဒေသမှာပါဝင်နေလို့ ချွေးထွက်များပါတယ်။ အလုပ်ကြမ်းလုပ်ကြသူများနဲ့ ပင်လယ်စာ၊ ငါးပိ၊ငါးခြောက်၊ ငန်ပြာရည်နဲ့ ဆားဓာတ်များတဲ့အစာတွေ နှစ်ရှည်စားသုံးမှုများရင်၊ သောက်ရေမှာ ထုံးပါဝင်မှုများရင်၊ ကွမ်းစားများရင်အသက်ကြီး 

    တဲ့အခါ သွေးတိုး ၅၀ ရာခိုင်နှုန်းနဲ့ ကျောက်ကပ်ရောဂါ၊ ကျောက်တည်ခြင်း ၂၀ ရာခိုင်နှုန်း တွေ့ရှိရနိုင်တယ်။ ရေကို လုံလုံလောက်လောက်မသောက်လို့ ရေသောက်နည်းရင် ခန္ဓာကိုယ်တွင်းဓာတ်ပစ္စည်းများ မပျော်ဝင်နိုင်တဲ့ ကယ်လ်ဆီယမ်အောက်ဆိုက်နဲ့ ယူရစ်အက်စစ်တို့ အမှုန့်ဖြစ်ကာ စုဝေးပြီး ကျောက်တည်စေတယ်။ ဆီးလမ်းကြောင်းရောင်ခြင်း၊ ဆီးပိုးဝင်ခြင်းတို့ကလည်း ကျောက်တည်နိုင်တယ်။  

    ဒေါက်တာလွင်သန့် 

    မြန်မာတောင်သူကြီးများဂျာနယ် 

    ----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes14comments3
views105views6080