cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တရုတ်နယ်စပ်မှတစ်ဆင့် ရော်ဘာတန်ချိန် နှစ်သောင်းနီးပါး တင်ပို့ခဲ့

. ဈေးကွက်
ဇူလိုင်လအတွင်း တင်ပို့မှုနှင့် နှိုင်းယှဉ်ပါကလည်း ရော်ဘာတန်ချိန် တစ်သောင်းကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်
  •  ပြီးခဲ့တဲ့ သြဂုတ်လတစ်လအတွင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် နှစ်သောင်းနီးပါး တင်ပို့ခဲ့ရတယ်လို့ စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

          မြန်မာနိုင်ငံမှထွက်ရှိတဲ့ ရော်ဘာများကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး သြဂုတ်လအတွင်းမှာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ကန်ဒေါ်လာ ၂၄ သန်းကျော် တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၉၅၂၀ ကျော်နှင့် ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ ကန်ဒေါ်လာ ၂ ဒသမ ၇၃၈ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၇၁၃ တန်ကျော် တင်ပို့ထားတယ်လို့ သိရပါတယ်။

          အလားတူ သြဂုတ်လအတွင်းမှာပဲ အိန္ဒိယနိုင်ငံသို့ ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် ရော်ဘာတန်ချိန် ၄၀၃ တန်ကျော် တင်ပို့ခဲ့သေးတယ်လို့ သိရပါတယ်။ဒါကြောင့် သြဂုတ်လတစ်လအတွင်းမှာ ပြည်ပသို့ ရော်ဘာတင်ပို့မှုဟာ စုစုပေါင်းတန်ချိန် ၂၁၆၃၀ ကျော်ရှိခဲ့ပြီး ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၂၆ ဒသမ ၇၃၉ သန်းကျော် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

          ဇူလိုင်လအတွင်း တင်ပို့မှုနှင့် နှိုင်းယှဉ်ပါကလည်း ရော်ဘာတန်ချိန် တစ်သောင်းကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ 

    အောင်အောင်

    Opinion Leaders မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes7comments0
views6658