cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တရုတ်နိုင်ငံသို့ ဘိန်းအစားထိုးကုန်စည်ဖြစ်တဲ့ မြန်မာ့ပြောင်းတန်ချိန် ၄ သောင်းမှ ၆ သောင်းဝန်းကျင် တင်ပို့မယ်

. ဈေးကွက်
ဝယ်ယူတဲ့ပြောင်းများကို ယခုလာမယ့် အောက်တိုဘာလမှာ တင်ပို့သွားဖို့ရှိပြီး အဓိကအနေဖြင့် ရှမ်းပြည်နယ်အတွင်းမှ ထွက်ရှိတဲ့ ပြောင်းများကို တင်ပို့သွားမှာပဲဖြစ်တယ်
  • မြန်မာနိုင်ငံရဲ့ ဘိန်းအစားထိုး ကုန်စည်ဖြစ်တဲ့ ပြောင်း တန်ချိန် ၄၀,၀၀၀ မှ ၆၀,၀၀၀ ဝန်းကျင် အထိကို တရုတ်နိုင်ငံမှ ဝယ်ယူလျက်ရှိတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။

    ဝယ်ယူတဲ့ပြောင်းများကို ယခုလာမယ့် အောက်တိုဘာလမှာ တင်ပို့သွားဖို့ရှိပြီး အဓိကအနေဖြင့် ရှမ်းပြည်နယ်အတွင်းမှ ထွက်ရှိတဲ့ ပြောင်းများကို တင်ပို့သွားမှာပဲဖြစ်တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များ အသင်း တာဝန်ရှိ သူက ပြောပါတယ်။

    “တရုတ်နိုင်ငံကိုလည်း Normal Trade ကတင်ပို့ဖို့ ကြိုးစားနေတယ်ပေါ့နော် ။ ဒါကလည်းတစ်ချက်ပေါ့၊ Border trade ဘက်မှာဆိုရင် ဘာရှိလည်းဆိုတော့ ၉ လပိုင်းကုန်တာနဲ့ တရုတ်နိုင်ငံဘက်ကနေပြီးတော့ သူနဲ့ နယ်မြေခြင်းထိစပ် တဲ့ ရှမ်းတောင်၊ ရှမ်းမြောက်၊ ရှမ်းအရှေ့ပေါ့နော်၊ ရှမ်းပြည်နယ်မှာ ထွက်တဲ့ ဒေသထွက်ပြောင်းတွေကို ဘိန်းအစားထိုး ကုန်စည်အဖြစ်ပြန်ဝယ် တာရှိတယ်။ နှစ်စဉ်တန်ချိန် လေးသောင်းကနေပြီးတော့ ခြောက်သောင်း ကြားပြန်ဝယ်တယ်။ ဒါက ကန့်သတ်တဲ့ပမာဏပေါ့။ Quota ပေးပြီးပြန်ဝယ်တာလည်းရှိတယ်။ အဲဒါတွေကို ဒီလ ကုန်တင်ပို့တော့မယ်” လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင် များအသင်း တာဝန်ရှိသူကပြောပါတယ်။

    ဒီအပြင် တရုတ်-မြန်မာ နှစ်နိုင်ငံသဘောတူညီချက် GACC စနစ်အရ တင်ပို့ဖို့လည်းဆောင်ရွက်နေပြီး ၂၀၂၂ ခုနှစ်မှာ GACC တင်ပို့ခွင့်ရ ကုမ္ပဏီ ၁၀၆ ခုရှိတယ်လို့လည်းသိရပါတယ်။

    အဓိကအားဖြင့် နှစ်စဉ်ထွက်ရှိတဲ့ ပြောင်းများဟာ အိမ်နီးနားချင်းနိုင်ငံများတွင် ဈေးကွက်ခိုင်မာစွာရရှိထားပြီး နောင်နှစ်ပေါင်း သုံးလေးငါးနှစ်အထိ ဒေသတွင်းနိုင်ငံများရဲ့ပြောင်း လိုအပ်ချက်များ ကြောင့် လက်ရှိ အတိုင်းရှိနေဦးမှာဖြစ်တယ်လို့ သိရပါတယ်။

    ဒီအပြင် ဈေးကွက်တည်မြဲစေဖို့ တောင်သူ၊ ကုန်သည်၊ တင်ပို့ရောင်းချသူ အားလုံးဟာ သတ်မှတ်စည်းကမ်းများ အတိုင်းလိုက်နာပြီး မိမိတို့နိုင်ငံကထွက်ရှိတဲ့ပြောင်းကို အရည်အသွေးအဆင့်မီ ပြောင်းများအဖြစ် ထုတ်လုပ်သူ မှ စနစ်တကျထုတ်လုပ်၊ တင်ပို့ရောင်းချသူမှလည်း စနစ်တ ကျတင်ပို့ရောင်းချရန်လိုတယ်လို့သိရပါတယ်။

    အခုဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှထွက်ရှိတဲ့ပြောင်းတန်ချိန် တစ်သန်းခွဲဝန်းကျင်ကို ပြည်ပသို့တင်ပို့ထား ပြီးဖြစ်သလို၊ မြန်မာ့ဒေသထွက်ပြောင်းကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေပြီး လက်ရှိမှာ ပင်လယ်ရေကြောင်း မှတဆင့် အိန္ဒိယ၊ ဗီယက်နမ် စတဲ့နိုင်ငံများကို တင်ပို့နေတယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံအနေနဲ့ ဘိန်းအစားထိုးသီးနှံအဖြစ် ရှမ်းပြည်နယ်မှာ လက်ဖက်၊ ကြံ၊ ထောပတ်သီးပင်နဲ့ ပြောင်း အပါအဝင် အခြားအစားထိုး နှစ်ရှည်သီးပင်များကို စိုက်ပျိုးကာ ပြည်ပဈေးကွက်သို့ တင်ပို့နေတယ် လို့ သိရပါတယ်။

    MFN မှကူးယူဖော်ပြပါသည်။

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes12comments0
views135views9756