cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မိုးလေဝသနှင့်မွေးမြူ‌ရေးအကြံပြုချက် (ပဲခူးတိုင်းဒေသကြီး)

. ရာသီဥတု သတင်းများ
မိုးနှောင်း မိုးကောင်းနေပါသဖြင့် ပဲခူးတိုင်းအတွင်း ယနေ့မှ စက်တင်ဘာ ၂၁ ရက်နေ့အထိ မိုးရွာနှုန်း မြင့်မားနေပါသောကြောင့် ကန်များမှာ ရေကြီးရေလျှံဖြစ်နိုင်ပါသဖြင့် ကန်ဘောင်မှ ၆ လက်မအောက်အကွာတွင် ရေထုတ်ပြွန်များ တပ်ပေးသင့်ပါသည်။
  • ၁။ လက်ပံတန်းမြို့နယ်

    ယနေ့မှ စက်တင်ဘာ ၂၁ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်း ဝန်းကျင်ရှိပါတယ်။ စက်တင်ဘာ ၂၂၊ ၂၃ ရက်တို့မှာတော့ မိုးရွာရန် ၇၀ ရာခိုင်နှုန်းသာ ရှိပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့မှာလည်း ၅၀ ရာခိုင်နှုန်းသာ ရှိသဖြင့် နေသာနိုင်ပါတယ်။

    ၂။ မိုးညိုမြို့နယ်

    ယနေ့မှ စက်တင်ဘာ ၂၀ ရက်နေ့အထိ ရာနှုန်းပြည့် မိုးရွာသွန်းနိုင်ပါတယ်။ စက်တင်ဘာ ၂၁၊ ၂၃ ရက်တို့မှာ မိုးရွာရန် ၇၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ စက်တင်ဘာ ၂၂၊ ၂၄ ရက်တို့မှာတော့ လုံးဝ နေသာနိုင်ပါတယ်။

    ၃။ သာယာဝတီမြို့နယ်

    ယနေ့မှ စက်တင်ဘာ ၂၁ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်း ဝန်းကျင်ရှိပါတယ်။ စက်တင်ဘာ ၂၂၊ ၂၃ ရက်တို့မှာတော့ မိုးရွာရန် ၇၀ ရာခိုင်နှုန်းသာ ရှိပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့မှာလည်း ၅၀ ရာခိုင်နှုန်းသာ ရှိသဖြင့် နေသာနိုင်ပါတယ်။

    ငါးကန်များအတွက်မွေးမြူရေးအကြံပြုချက်

    မိုးနှောင်း မိုးကောင်းနေပါသဖြင့် ပဲခူးတိုင်းအတွင်း ယနေ့မှ စက်တင်ဘာ ၂၁ ရက်နေ့အထိ မိုးရွာနှုန်း မြင့်မားနေပါသောကြောင့် ကန်များမှာ ရေကြီးရေလျှံဖြစ်နိုင်ပါသဖြင့် ကန်ဘောင်မှ ၆ လက်မအောက်အကွာတွင် ရေထုတ်ပြွန်များ တပ်ပေးသင့်ပါသည်။ အပြင်ဘက်မှလည်း ကန်အတွင်း ရေဝင်လာနိုင်တာကြောင့် ကန်ဘောင်အပေါ်မှ သဲအိတ်များ စီထားသင့်ပါသည်။ ကန်များအတွင်း ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း ကျနိုင်သကဲ့သို့ ငါးကန်ရေအရောင် ပြောင်းလဲမှုများလည်း ဖြစ်တတ်ပါသည်။ ငါးများသည် သွေးအေးသတ္တဝါများ ဖြစ်တာနှင့်အညီ ပတ်ဝန်းကျင်ပြောင်းလဲမှုကို မခံနိုင်ကြဘဲ ပုံမှန်ထက်လှုပ်ရှားမှုနှင့် အစာစားနှုန်းကျဆင်းလာနိုင်ပါသည် ။ ထို့ကြောင့် မိုးရွာစဉ်၊ မိုးအုံ့စဉ်တွင် အစာများ အလေအလွှင့်မဖြစ်စေရန် လျော့ကျွေးမျိုး၊ ညနေပိုင်း နေပွင့်ချိန်မှ ကျွေးတာမျိုး လုပ်ရပါမည်။ ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း တက်လာရန် ထုံးထည့်ပေးနိုင်သော်လည်း ပမာဏမများစေရန် သတိထားရပါမည်။ ရေအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ကျော်မှသာ ပုံမှန် နှုန်းထားပြန်ကျွေးရပါမည်။ တကယ်၍ နေပြန်ပူလာချိန်တွင် ရေကန်သည် အစိမ်းရောင် မသမ်းပါက ရေသြဇာပြန်ကျွေးပေးရပါမည်။ မိုးအုံ့/တိမ်ထူထပ်နိုင်သောကြောင့် ထိုရက်များတွင် ငါးကန်များအတွင်းရှိ အပင်မျောလှေးများသည် အစာချက်နှုန်း ကျလာနိုင်ပါသဖြင့် ကန်အတွင်း ပျော်ဝင်အောက်ဆီဂျင်ပမာဏနည်းလာပါသည်။ ညဘက်တွင် လုံးဝကျဆင်းလာပြီး ငါးများ သေသည်အထိ ဖြစ်စေပါသည်။ လေဒဟတ် တပ်ဆင်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။

    Weather Source: CIAT



  • article
likes8comments0
views186views9066